backup og meta

ခေါင်းဖြီးတာက တကယ်လိုအပ်လား ...........

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · တစ်ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခေါင်းဖြီးတာက တကယ်လိုအပ်လား ...........

    မနက်ခင်း အိပ်ရာက ထတဲ့အချိန်၊ အပြင်မသွားခင်နဲ့ ညနေ ရေချိုးပြီးချိန်တွေမှာ ခေါင်းဖြီးလား။ ဒါမှမဟုတ် တစ်နေ့လုံးနေမှ တစ်ကြိမ်ပဲ ခေါင်းဖြီးတာလား……. ခေါင်းကို လုံးဝမဖြီးဘဲနေလား……  ခေါင်းဖြီးတာက တကယ်လိုအပ်လား ………..

    ခေါင်းဖြီးတာက အလှအပအတွက်တင် မဟုတ်ပါဘူး။ ဆံသားနဲ့ ဦးရေပြားကိုပါ ကျန်းမာစေတာပါ။ ဘယ်လိုတွေများ အကျိုးထူးစေလဲ သိချင်ရင် ဒီဆောင်းပါးလေးက အဆင်ပြေစေမှာပါနော်။

    ခေါင်းဖြီးတာက တကယ်လိုအပ်လား ………..

    ခေါင်းဖြီးတာက တကယ်လိုအပ်လား ……….. ဆိုတော့ ခေါင်းပုံမှန်ဖြီးပေးတာကြောင့်

    အိပ်ပျော်စေတယ်

    ခေါင်းဖြီးတာက စိတ်ရော ကိုယ်ပါ လန်းဆန်းစေပြီး အင်အားပြည့်စေဖို့ အထောက်အပံ့ပေးပါတယ်။ ညဘက်မှာ ကောင်းကောင်း အိပ်ပျော်ချင်တယ်ဆိုရင်တော့ မအိပ်ခင်မှာ ခေါင်းဖြီးပါတဲ့။ ဆံပင်ကို နဖူးစပ်က အဖျားထိရောင်အောင် သေချာလေး ဖြီးပေးပါ။ ဒီလိုဖြီးပေးတာက ဆံပင်တွေကို ရှင်းစေသလို ညဘက် ကောင်းကောင်းအိပ်ပျော်စေဖို့လည်း အကောင်းဆုံး အထောက်အပံ့ပေးနိုင်မှာပါ။

    ဆံပင်မှာ ကပ်တွယ်နေတဲ့အရာတွေကို ဖယ်ရှားပေးနိုင်တယ်

    ခေါင်းဖြီးလိုက်တဲ့အခါ ဆံပင်မှာကပ်တွယ်နေတဲ့ မျက်စိနဲ့ မြင်နိုင်တဲ့ အရာကိုရော မမြင်နိုင်တဲ့အရာကိုပါ ဖယ်ရှားပေးနိုင်ပါတယ်။ ဆံပင်ကျွတ်တွေတင်မဟုတ်ဘဲ ဆံပင်မှာ တွယ်ကပ်နေတဲ့ အရာတွေကိုပါ အထိရောက်ဆုံး ဖယ်ရှားနိုင်မှာပါ။

    ဆံပင် သန်စွမ်းစေတယ်

    ခေါင်းဖြီးတာက ဆံပင်သန်စွမ်းစေဖို့ အကောင်းဆုံး အားဖြည့်နည်းတစ်ခုပါ။ ခေါင်းဖြီးလိုက်တဲ့အခါ ဦးရေပြားကို သွေးစီးဆင်းရောက်ရှိမှု ကောင်းအောင် လှုံ့ဆော်ပေးနိုင်သလို ဆံပင်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ စုပ်ယူနိုင်စေဖို့လည်း အားဖြည့်ပေးနိုင်ပါတယ်။ ဒါကြောင့် ဆံနွယ်လေးတွေ ကျန်းမာသန်စွမ်းချင်တယ်ဆိုရင်တော့ ခေါင်းဖြီးပါ။

    ဆံပင်ကျွတ်တာ သက်သာစေတယ်

    ခေါင်းဖြီးတာက ဆံပင်ကျွတ်စေတယ်လို့ ယူဆမှုတွေ ရှိနေပါတယ်။ တကယ်ကတော့ ဆံပင်ကို သေချာလေးဖြီးမယ်ဆိုရင် ဆံပင်ကျွတ်တာကို သက်သာစေမှာပါ။ ခေါင်းဖြီးတာက ဦးရေပြားက ဆံချည်မျှင်သွေးကြောလေးတွေကို လှုံ့ဆော်ပေးပြီး ဦးရေပြားမှာ သွေးစီးဆင်း ရောက်ရှိမှု ကောင်းစေပါတယ်။

    ဒါတင်မကပါဘူး ဆံပင်အမြစ်တွေဆီကို အောက်ဆီဂျင် ရောက်ရှိမှု ကောင်းစေသလို ဆံပင်အတွက် လိုအပ်တဲ့ အာဟာရကို ဖြည့်ပေးပါတယ်။ ဆံပင်ကို သန်စွမ်းစေပြီး ဆံပင်ကျွတ် သက်သာစေဖို့ဆိုရင် ခေါင်းဖြီးပေးတာက နည်းလမ်းကောင်းပါ။

    ဦးရေပြား အဆီပြန်တာကို သက်သာစေတယ်

    ခေါင်းဖြီးတဲ့အခါ ဦးရေပြားက ဆံချည်မျှင်သွေးကြောလေးတွေကို လှုံ့ဆော်ပေးပြီး သွေးစီးဆင်းရောက်ရှိမှု ကောင်းစေလို့ ဆံပင်အမြစ်ကို အောက်ဆီဂျင် ရောက်ရှိစေနိုင်ပါတယ်။ ဒီလိုရောက်ရှိမှုက ဆံပင်အတွက် လိုအပ်တဲ့ အာဟာရကို ဖြည့်ပေးပြီး အဆီတွေမထွက်အောင် ထိန်းညှိပေးပါတယ်။

    ခေါင်းသေသေချာချာ ဖြီးပေးတာက ဦးရေပြား အဆီပြန်တာကို သက်သာစေမယ့် အလွယ်ကူဆုံး နည်းလမ်းပါ။

    ဦးရေပြား ကျန်းမာစေတယ်

    ခေါင်းဖြီးတဲ့အခါ ဦးရေပြားကို နှိပ်နယ်ပေးသလိုပါပဲ။ ဦးရေပြားကို သွေးစီးဆင်းရောက်ရှိမှုကောင်းစေပြီး ဦးရေပြားမှာ အရေပြားပြဿနာတွေ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ဒါကြောင့် ကျန်းမာတဲ့ ဦးရေပြားကို ပိုင်ဆိုင်ချင်တယ်ဆိုရင် ပုံမှန် ခေါင်းဖြီးပေးဖို့လိုပါမယ်။

    ခေါင်းဖြီးတဲ့အခါမှာလည်း သင့်တော်တဲ့ ဘီးနဲ့ အသာအယာ ဖြီးပေးဖို့ လိုပါတယ်။ ရေစိုနေချိန် မဖြီးပါနဲ့။ ခေါင်းဖြီးတဲ့အခါ ဆံပင်မငြိအောင် အဖျားကနေ စဖြီးပါ။ ခုနောက်ပိုင်းမှာ scalp massage လုပ်တဲ့ ဘီးလေးတွေ ပေါ်နေပြီဆိုတော့ ဒါလေးတွေနဲ့လည်း ဖြီးလို့ ရပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · တစ်ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement