backup og meta

ဆံသားပြန်ကျန်းမာစေမယ် လို့ဆိုကြတဲ့ Hair Rebonding

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 3 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆံသားပြန်ကျန်းမာစေမယ် လို့ဆိုကြတဲ့ Hair Rebonding

    ဆံသား ပြန်ကျန်းမာစေမယ်လို့ ဆိုကြတဲ့ Hair Rebonding အကြောင်း လေ့လာလိုက်ရအောင်နော်။ ဆံပင်ပုံစံပြောင်းကြမယ်ဟေ့ဆိုတာနဲ့ မတ်မတ်တို့ရဲ့ဆံပင်ကို အရင်က ဟိုခေတ်ကဆို ကောက်ကောက်ကွေးကွေးလေး၊ နောက်တော့ ဖြောင့်စင်းစင်းလေး၊ နောက်ပိုင်းမှာ အောက်နား ကောက်တဲ့ အလိပ်လိပ်လေးနဲ့ စုံလို့ပါပဲ။ ဒါတွေ အကုန်လုံးကို တစ်ချက်တည်း ရိုက်ချလိုက်နိုင်တဲ့ နည်းကတော့ hair rebonding ပါပဲ။

    ဆံသားပြန်ကျန်းမာစေမယ် လို့ဆိုကြတဲ့ Hair Rebonding

    ကောက်လိုက်၊ ဖြောင့်လိုက်၊ ဆေးဆိုးလိုက်နဲ့ အမျိုးစုံ ပြင်ဆင်ထားခဲ့ဖူးတဲ့ ဆံသားတွေဟာ တဖြည်းဖြည်းနဲ့ အဖျားတွေ နှစ်ခွ ကွဲလာမယ်၊ ခြောက်သွေ့လာမယ်၊ အရောင်အဆင်း ပျက်လာမယ်၊ ဖြီးမရ ဖြည်မရ ရှုပ်ထွေးလာမယ်၊ ပြတ်ထွက်လာမယ်၊ ဆံပင် ကျွတ်မယ် စတဲ့ ပျက်စီးမှုပေါင်းစုံ ကြုံလာရနိုင် ပါတယ်။

    ဒီလို အချိန်မှာ ဆံသား ပြဿနာတွေကို အမြန်ဆုံး ဖြေရှင်းပေးနိုင်တဲ့ နည်းအဖြစ် hair rebonding treatment ဆိုတာ ပေါ်ထွက်လာခဲ့ပါတယ်။ hair rebonding လုပ်ရင် ဆံသားကို ဖြောင့်စင်းပြီး အိသွားစေတယ်၊ အရောင် တောက်ပစေတယ်၊ လေတိုက်ရင်တောင် ဆံပင် မရှုပ်စေတဲ့ အထိ ထိန်းသိမ်းရ လွယ်စေမယ်။ ဒါ့ကြောင့် ဆံပင်က ကောက်နေလား၊ ဆံသား ခြောက်ပြီး ပွနေလား၊ ရှုပ်ထွေးနေလား ဘာလာလာ ဖြေရှင်းပေးနိုင် ပါလိမ့်မယ်။

    ဘာတွေ ကောင်းလာမလဲ

    Hair Rebonding လုပ်ထားတဲ့ ဆံပင်ဟာ –

  • ပိုချောမွေ့၊ တောက်ပလာမှာတော့ မှန်ပါတယ်။
  • ဆံပင်တွေ ရှုပ်ထွေးမှာ၊ ဖြီးရခက်မှာ မပူရတော့ဘူး။
  • ဖြောင့်စင်းနေတဲ့ ဆံသားက တာရှည်ခံ ပါတယ်။
  • အကောက်တွေ၊ အဖြောင့်တွေ တုန်းကနဲ့ မတူဘဲ သဘာဝ အတိုင်းလေး လှပစေတယ်။
  • ဒါပေမယ့် rebonding လုပ်တဲ့ အချိန်မှာ ဓာတုပစ္စည်းတွေ အဓိက ပါတာပါပဲ။ ဓာတုပစ္စည်းတွေနဲ့ ဆံသားကို ထိတွေ့စေမှတော့ ဆံသားကျန်းမာလာဖို့ ဆိုတာတော့ မဖြစ်နိုင်ပါဘူးနော်။ အရင် ဆံပင် ပြုပြင်မှုတွေကြောင့် ဖြစ်လာတဲ့ ဆံသား ပျက်စီးမှုတွေကို ငြိမ်ဝပ်ပြီး ဖြောင့်စင်းသွားစေတာတော့ ရှိနိုင်ပါတယ်။ ကြည့်လို့ ကောင်းလာမယ်၊ သပ်ရပ်လာမယ်၊ ပြန်ကျန်းမာသွားသလို ဖြစ်လာနိုင်တယ်။

    ဘာတွေ ပြဿနာရှိလို့လဲ

    ဒီနည်းနဲ့ လုပ်ပြီးတဲ့အခါ ဆံသားဟာ ပိုအားနည်းပြီး ထိခိုက်လွယ်လာတဲ့အတွက် ပိုပြီးတောင် ဂရုစိုက်ရပါမယ်နော်။ သူက ဓာတုပစ္စည်းတွေသုံးပြီး ဆံသားရဲ့ သွင်ပြင်ပုံစံတွေကို ပြောင်းလဲစေတာဖြစ်ပါတယ်။ တစ်ခါတလေ လုပ်တာ ရပေမယ့် နောက်ပိုင်း ပုံမှန် လုပ်မယ် ဆိုရင်တော့ ဆံသား ပိုပျက်စီးနိုင်ပါတယ်။ သုံးခဲ့ရတဲ့ ဓာတုပစ္စည်းတွေကြောင့် ဆံပင် ပိုကျွတ်စေနိုင်ပါတယ်။

    သတိထားသင့်တဲ့ အချက်တချို့

    Rebonding လုပ်ထားပြီးရင် ဆံပင်ပိုမထိခိုက်အောင်လို့ ဒါလေးတွေ သတိထားနော် –

    • ၃ ရက်အတွင်း ခေါင်းမလျှော်ပါနဲ့။
    • တစ်ပတ်အတွင်း ဆံပင်ကို မချည်၊ မထုံးပါနဲ့။
    • ဆံသားအသုံးအဆောင်ပစ္စည်းတွေကို အပျော့စားပဲသုံးပါ။
    • ခေါင်းလျှော်ပြီးရင် ဆံပင်ပျော့ဆေးသုံးပါ။
    • ဆံသားကို အစိုဓာတ်ထိန်းဖို့ အဆီတစ်ခုခုလိမ်းပါ။
    • ညီညွတ်မျှတတဲ့ အစာအာဟာရကို စားပါ၊ အစေ့အဆန်တွေ စားပါ။
    • သဘာဝပစ္စည်းတွေနဲ့ တစ်ပတ်တစ်ကြိမ် ပေါင်းတင်အားဖြည့်ပါ။
    • ဆံပင်ဆေးဆိုးတာ၊ ဖြောင့်၊ ကောက်တာတွေ ထပ်မလုပ်ပါနဲ့။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 3 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement