backup og meta

မခွဲမစိတ်ဘဲဆံပင်ဘယ်လိုအစားထိုးနိုင်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မခွဲမစိတ်ဘဲဆံပင်ဘယ်လိုအစားထိုးနိုင်မလဲ

    ဆံပင်အစားထိုးစိုက်ခြင်းဟာ ခွဲစိတ်စရာမလိုဘဲ ဆံပင်ကျွတ်ခြင်းပြဿနာကိုဖြေရှင်းတဲ့ နည်းတစ်နည်းပါ။ အန္တရာယ်ကင်းတဲ့နည်းတစ်နည်းဖြစ်ပြီး လျှော်နိုင်တယ်၊ ဖီးနိုင်တယ်၊ ချွေးထွက်လည်းဖြစ်တယ်၊ နောက်ဆုံး ကိုယ့်ချစ်သူကလက်လေးနဲ့ သပ်ပေးတာကိုပါ တွန့်ဆုတ်စရာ၊ စိုးရိမ်စရာမရှိဘဲခံနိုင်ပါတယ်။

    ထိုနည်းဟာ ဆံပင်ကပ်နေ၊ တာရှည်ခံနေမယ့် ဆေးနည်းတွေနဲ့ ရက်သတ္တပတ်အများကြီးကြာအောင် ခံပါတယ်။

    ဆံပင်ကပ်ခြင်း

    ယာယီဆံပင်စိုက်ခြင်းနည်းတစ်နည်းဖြစ်တယ်။ ဆေးတစ်မျိုးသုံးကာ ဆံပင်ပါးနေသော၊ မရှိသော ဦးရေပြားနေရာမှာ ဆံပင်အသစ်များကို ကပ်ခြင်းဖြစ်တယ်။ ထိုကပ်မည့်ဆံပင်အပိုကို အရောင်၊ အထူ၊ အဖြောင့်၊ အကောက် စသည်ဖြင့် မူလဆံပင်နဲ့ အဆင်ပြေမှာကို ရွေးချယ်ပြီးကပ်လေ့ရှိပါတယ်။

    လွယ်ကူပြီး ရိုရှင်းသောအဆင့်များသာပါဝင်တယ်။ ပထမအဆင့်က မူလဆံပင်နမူနာယူကာ သဘာဝကျကျတူအောင် ရွေးခြင်းဖြစ်တယ်။ ထို့နောက် ဆန္ဒရှိသည့်၊ မျှော်လင့်ထားသည့်အတိုင်းရအောင်စီကာ ဦးရေပြားပေါ် မူရင်းဆံပင်များကြားစိုက်ခြင်းဖြစ်တယ်။

    ဆံပင်နောက်တစ်ခါပြန်ညှပ်ရမယ့်အချိန်ခန့် လေးပတ်မှခြောက်ပတ်ခန့်အကြာမှာ ပြန်ပြင်ရပါတယ်။ ဆံပင်ထူစေရန်အပြင် ပုံမှန်ဆံပင်ထဲ အရောင်ထည့်ရန်လည်း သုံးလို့ရပါတယ်။ လူတိုင်းမှာ ဆန္ဒအမျိုးမျိုးရှိနိုင်တာကြောင့် သေချာဆွေးနွေးဖို့က အရေးကြီးဆုံးပါ။

    ဆံပင်စိုက်ခြင်း

    ခွဲစိတ်စရာမလိုပဲ ထိပ်ပြောင်ခြင်းကိုဖုံးကာရန်၊ ဆံပင်ပိုထူစေရန် ဦးရေပြားမှာဆံပင်များထည့်သွင်းစိုက်ခြင်း ဖြစ်တယ်။ ထိုဆံပင်အပိုများကို ဦးရေပြားမှာတိုက်ရိုက်ထည့်ကပ်ခြင်းဖြစ်ပြီး မူလရှိသောဆံပင်နှင့် ကိုက်ညီသည့်ဆံပင်များသာသုံးပါတယ်။

    နည်းအမျိုးမျိုးသုံးကာ ထည့်သွင်းစိုက်လေ့ရှိပြီး မူရင်းဆံပင်များနှင့် ယှက်ဖြာပြီးစိုက်ခြင်းက နောက်ဆုံးနည်းဖြစ်တယ်။ ဆံပင်များကို တင်းကြပ်နေအောင် ကျစ်တာကြောင့် ဆံပင်ပေါက်များရောင်ရမ်းကာ ဆံပင်ကျွတ်ခြင်းပိုဆိုးနိုင်ချေရှိသောကြောင့် ထိုနည်းကိုရှောင်တာကောင်းပါလိမ့်မယ်။

    ဆံပင်ဆက်ခြင်း

    ဆံပင်အထူအပြင် အရှည်ပါတိုးစေသောနည်းဖြစ်တယ်။ မူရင်းရှိသောဆံပင်တွင် နောက်ထပ်ဆံမျှင်များကပ်ခြင်းဖြစ်ပြီး ဆံပင်အရောင်ဆိုးလိုသည့်အခါ၊ ဆံပင်ပုံစံအသစ်စမ်းထားချင်သည့်အခါ ဆံပင်လည်းမပျက်စီးအောင် အသုံးပြုနိုင်သော နည်းတစ်နည်းဖြစ်ပါတယ်။

    ဆံပင်ဆက်ခြင်းဟာ ခုဆိုရင် လူအများကြားမှာ ခေတ်စားလာသောနည်းတစ်နည်းဖြစ်ပြီး တိုးတက်လာသော နည်းပညာတွေအလျောက် ဆက်လိုက်သောဆံပင်ရဲ့ အမြင်နဲ့ခံစားရသောခံစားချက်ကလည်း တဟုန်ထိုးပြောင်းလဲလျက်ရှိပါတယ်။ ဆံပင်ညီညီပါးသူများနှင့် ထိပ်ပြောင်သောဧရိယာ မများသူများမှာ သုံးတတ်ပါတယ်။

    ဆံပင်များကိုအနုစိတ်ယှက်သွယ်စိုက်ခြင်း

    နာကျင်မှုကင်းပြီး လျင်မြန်၊ ဘေးကင်းသော ခွဲစိတ်စရာမလိုသည့် နည်းတစ်နည်းဖြစ်တယ်။ ပြီးလျှင် ပြန်စစ်ဆေးစရာ၊ ပြန်ပြစရာမလိုသော လတ်တလော ဆန်းသစ်ပြောင်းလဲလာတဲ့ နည်းတစ်နည်းဖြစ်တယ်။

    ထိုနည်းမှာ အထူးဒီဇိုင်းထွင်ထားသော ကလစ်ပျောက်များနှင့် ဆံပင်ကိုညှပ်ခြင်းဖြစ်ပြီး ခေါင်းလျှော်၊ ဆံညှပ်၊ ဆံပင်ပုံသွင်း၊ အရောင်ဆိုးခြင်းများအတွက်လည်း ကန့်သတ်သတ်မှတ်ချက် နည်းနည်းသာရှိသောနည်းဖြစ်တယ်။

    မည်သည့်ဆံပင်ပြောင်ခြင်းနှင့်မဆို သင့်လျော်ပြီး ဘေးအန္တရာယ်လည်းထူးထူးခြားခြားမရှိပါဘူး။ ထပ်ထည့်လိုက်သော ဆံပင်များမှာ မူလဆံသားအတိုင်း သဘာဝကျကျနှင့် အပြစ်ကင်းစွာရှိနေမည်ဖြစ်ပြီး ထိုဆံပင်နှင့် ရေပင်ကူးလို့ရနိုင်ပါသေးတယ်။

    ထိုခွဲစိတ်စရာမလိုဘဲ ဆံပင်စိုက်နည်း၊ ဆက်နည်းတွေဟာ မခွဲမစိတ်လိုဘဲ ဆံပင်အပြည့်လိုချင်ကြသူများ အတွက်အလွန်ကိုကောင်းမွန်သော နည်းတွေဖြစ်ပါတယ်။ ဆံပင်ကပ်ခြင်း၊ စိုက်ခြင်း၊ ဆက်ခြင်း စသည်ဖြင့် နည်းအမျိုးမျိုးရှိပါတယ်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement