backup og meta

သင့်အမျိုးသား ဆံပင်ကျွတ်ခြင်းနဲ့ ပတ်သက်ပြီး ဘယ်လိုကူညီမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr . Phyu Mon Latt မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်အမျိုးသား ဆံပင်ကျွတ်ခြင်းနဲ့ ပတ်သက်ပြီး ဘယ်လိုကူညီမလဲ

    တကယ်လို့ သင့်အမျိုးသားဟာ ဆံပင်ကျွတ်တယ်ဆိုရင် ဒါဟာ အသက် ၅၀ အရွယ်ရှိတဲ့ အမျိုးသားတွေရဲ့ ၈၅% မှာ ဖြစ်တာမို့ အန္တရာယ် မရှိပေမယ့် သူ့ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုသာမက၊ သင်သူ့ကို ရုပ်ပိုင်းဆိုင်ရာ နှစ်ခြိုက်မှုကိုပါ ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် ဒီပြဿနာကို မဆိုးရွားခင် ဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲဆိုတာနဲ့ ဖြစ်လာတဲ့အပေါ် ဆိုးရွားတဲ့ ခံစားချက်တွေ မထားမိဖို့လည်း အရေးကြီါ်ပါတယ်။

    သူပြောတာကို စောင့်ပါ။

    သင့်အမျိုးသားဟာ ဆံပင်ကျွတ်ခြင်းအကြောင်းကို စပြောသူ ဖြစ်သင့်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် သင်က ဒီအကြောင်းကို ကူညီပေးနိုင်တဲ့ ပုံစံမျိုးနဲ့ ဆွေးနွေးနိုင်ပါတယ်။ သူ့ဆံပင်ဘာပဲဖြစ်နေပါစေ သင်က သူ့ကို မြတ်နိုးဆဲဆိုတာနဲ့ တကယ်လို့ သူက ဆံပင်ပြန်ပေါက်အောင်လုပ်ချင်တယ်ဆိုရင်လဲ ကူညီဖို့အသင့် ဆိုတာမျိုးကို ပြောသင့်ပါတယ်။

    သူအဆင်သင့်ဖြစ်ပြီး သင့်ကိုပြဿနာအကြောင်း ပြောပြချိန်ဟာ ဆံပင်ကျွတ်ခြင်းနဲ့ ပတ်သက်တဲ့ သင်သိထားသမျှအချက်အလက်တွေကို ပြောပြဖို့အချိန်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အချက်အလက်တွေ အကုန်လုံးကို တစ်ချိန်တည်း မပြောသင့်ပါဘူး။

    သင်ယူခဲ့တဲ့ အချက်တွေ အချို့နဲ့ စတင်သင့်ပြီး သူက မေးခွန်းတွေ မေးသလား၊ ဆက်ပြောချင်သလားဆိုတာကို စောင့်ကြည့်သင့်ပါတယ်။ တကယ်လို့ မပြောချင်ဘူးဆိုရင် ဒီအချိန်အတွက် ဒီလောက်နဲ့ ရပ်ပြီး နောက်တစ်ကြိမ်မှ ထပ်မံပြောသင့်ပါတယ်။

    သူ့ရဲ့ ကြိုးပမ်းမှုတွေမှာစိတ်ဝင်စားကြောင်း ပြသပါ။

    သင့်အမျိုးသား ဆံပင်ကျွတ်ခြင်းကို အထိရောက်ဆုံးကူညီနိုင်မယ့် နည်းလမ်းတစ်ခုကတော့ သူ့ဘေးမှာ ရှိနေပေးပြီး ထိပ်ပြောင်ခြင်း ကုသနည်းတွေနဲ့ ပတ်သက်ပြီး သင်ကလည်း စိတ်ဝင်စားတယ်ဆိုတာ ပြသဖို့လည်း ဖြစ်ပါတယ်။ သင့်အမျိုးသား အခြေအနေနဲ့ ပတ်သက်ပြီး အထင်သေးခြင်းဟာ သူ့ကို စိတ်ထိခိုက်စေပါတယ်။

    ဒါကြောင့် ကုသနည်းတွေ အပေါ် စိတ်ဝင်စားမှုကို ပြသပါ။ ဒီနည်းအားဖြင့် ဆံပင်ကျွတ်ခြင်းကို ရင်ဆိုင်နေရချိန်မှာ သင့်အမျိုးသားရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကို ပြန်လည်တည်ဆောက်ပေးနိုင်ပါတယ်။

    တကယ်လို့ သူ့ရဲ့ ရွေးချယ်မှုတွေဟာ ပိုက်ဆံ အလွန်ကုန်ပြီး မိသားစုကို အကြွေးပတ်လည် ဝိုင်းနေတာမျိုး မဟုတ်ဘူးဆိုရင် တတ်နိုင်သမျှ ထောက်ပံ့ပေးသင့်ပါတယ်။

    သူဆုံးဖြတ်ပါစေ။

    သင့်အမျိုးသားဟာ သူ့ရဲ့ ပုံစံအသစ်နဲ့ ဘာလုပ်မလဲဆိုတာနဲ့ ဒါကို လုပ်မလားဆိုတာကို သူ့ကို ပေးဆုံးဖြတ်ပါ။ တကယ်လို့ သင်က ဘာလုပ်သင့်တယ်ဆိုတာပြောမယ်ဆိုရင် ဒါက သူ့ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကို လျော့ကျစေနိုင်ပါတယ်။ တကယ်လို့ သူက ဦးထုပ်ဆောင်းချင်တယ်ဆိုရင် ဦးထုပ်ဆောင်ဖို့ သင်ကပါ လိုက်ပြီး အပြင်ထွက်ပေးသင့်ပါတယ်။

    ဒီအချိန်အတွင်းမှာ အထူးသဖြင့် ထိပ်ပြောင်ခြင်းရဲ့ ပထမနှစ်တွေမှာ သူ့ရဲ့ ဆန္ဒအတိုင်း လိုက်လျောသင့်ပါတယ်။ သင့်ရဲ့ အမျိုးသားကို သင်က ကုသမှုကို ရှာဖွေရာမှာ အမြဲ ကူညီပေးမယ်ဆိုတာနဲ့ သူ့နောက်မှာ အမြဲရှိတယ်ဆိုတာကို သိစေသင့်ပါတယ်။

    ကျန်းမာရေးအချက်အလက်တွေကို လေ့လာပါ။

    သူ့ရဲ့ ကျန်းမာရေးအခြေအနေကို မသိရှိပဲ သူ့ကို ကူညီမှု မပေးနိုင်ပါဘူး။ သင်နားလည်လေလေ သူ့ကို ကူညီနိုင်လေလေပဲ ဖြစ်ပါတယ်။ ဖြစ်ပွားတဲ့ အကြောင်းရင်းတွေ၊ လက္ခဏာတွေ၊ အိမ်သုံးဆေးတွေ အကြောင်းကို လေ့လာသင့်ပြီး ကုသမှုယူဖို့ သင့်အမျိုးသားကို ဆရာဝန်နဲ့ ဘယ်အချိန်မှာ တွေ့စေသင့်သလဲဆိုတာကိုပါ လေ့လာထားသင့်ပါတယ်။

    သင့်အမျိုးသားမှာ ပြနေကျ ဆရာဝန် မရှိဘူးဆိုရင် သင်က သူ့ကို အကြံပေးနိုင်တဲ့ ဆရာဝန်ရဲ့ နာမည်နဲ့ ဖုန်းနံပတ်ကို ရှာဖွေပေးနိုင်ပါတယ်။

    သင့်အမျိုးသားက ဆံပင်ကျွတ်ခြင်းအကြောင်းကို ပြောဖို့အတွက် ပြောမထွက်တာမျိုး၊ သင်နဲ့ အတူဖြေရှင်းချင်တာမျိုးတွေ ရှိနိုင်ပါတယ်။ ဒါကြောင့် ဒီအခြေအနေမှာ သင့်ရဲ့ ကူညီမှုဟာ အလွန်အရေးကြီးပါတယ်။ သင့်ရဲ့ အကူအညီဟာ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေအတွက် ကုသမှုရဲ့ ရလဒ်ကို တိုးတက်စေနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement