backup og meta

Eye cream ဘယ်အချိန်စပြီး လိမ်းရမလဲ


Eaindray Kha မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Eye cream ဘယ်အချိန်စပြီး လိမ်းရမလဲ

    ခုနောက်ပိုင်း skin careတွေထဲမှာ ညဘက်အိပ်ခါနီး eye cream လိမ်းခြင်းဆိုတဲ့ အဆင့်လည်း စတင်ပြီး ပါဝင်လာပါပြီနော်။ eye creamတော်တော်များများလည်းဈေးကွက်ထဲမှာနေရာယူနေပါပြီ။ ဒီတော့ ကိုယ်နဲ့ အဆင်ပြေမယ့် ပစ္စည်းကို ဝယ်ယူသုံးစွဲရုံပါပဲ။ မဝယ်ယူခင်မှာတော့ eye cream ဆိုတာ ဘာလဲ၊ ဘယ်လိုအကျိုးပြုသလဲ၊ အသက်အရွယ်ဘယ်လောက်ကနေစပြီး သုံးသင့်သလဲဆိုတာ သိထားသင့်ပါတယ်။

    Eye cream ဆိုတာကတော့ အလှအပအတွက်ရေများများသောက်ဖို့ လိုသလိုမျိုး လိုအပ်တဲ့ အလှအပပစ္စည်းတမျိုးပါပဲ။ Eye cream ကို အသက်(၂၅) နှစ်လောက်ကတည်းက စပြီး ပုံမှန်လေး လိမ်းသင့်ပါတယ်။ Eye cream လိမ်းခြင်းအားဖြင့် မျက်လုံးဖောင်းအစ်အစ်ဖြစ်ခြင်း၊ မျက်ကွင်းညိုခြင်း၊ အရေးအကြောင်းဖြစ်ခြင်းတွေကိုလျှော့ချပေးသလို ကြိုတင်ကာကွယ်ပေးပြီးသားလည်းဖြစ်ပါတယ်။ လိမ်းတဲ့အခါမှာလည်း Eye cream ကို လက်ချောင်းလေးနဲ့ အသာအယာလေးယူပြီး မျက်ဝန်းတဝိုက် အသာအယာလေး ပုတ်လိမ်းပေးရမှာပါ။Eye creamလေးတွေက အဆီဂလင်းလေးတွေကို လှုံ့ဆော်ပေးတာမို့သွေးလည်ပတ်မှု အားကောင်းပြီး မျက်ကွင်းညိုတာတွေ ကင်းဝေးမှာပါ။Eye creamလေးကို နည်းစနစ်မှန်မှန်လေး လုပ်မယ်ဆိုရင် မျက်လုံးတဝိုက် လိုအပ်တဲ့ အာဟာရတွေပြည့်စွမ်းလာမှာဖြစ်ပြီး ဆဲလ်တွေလည်းပြန်လည်ဖြစ်တည်ကာ ပျက်စီးသွားတဲ့ မျက်လုံးတဝိုက် အသားအရေကိုပြန်လည်ကောင်းမွန်စေမှာပါ။

    Eye creamရွေးချယ်ဝယ်ယူတဲ့အခါမှာ အစိုဓါတ်ပါဝင်တာလေးရွေးချယ်ဝယ်ယူဖို့ လိုပါတယ်။ ဘယ်လိုတံဆိပ်အမျိုးအစားပဲဖြစ်ဖြစ်ရေဓါတ်ကို အခြေခံတဲ့ ပစ္စည်းဖြစ်ဖို့ လိုပါတယ်နော်။ ဒါမှ မျက်လုံးတဝိုက်ကို အစိုဓါတ်ပေးနိုင်ပြီး အရေပြားခြောက်သွေ့တာတွေ ကင်းဝေးစေမှာပါ။နောက်တစ်ခုကတော့ collagen ပါဝင်တဲ့ ပစ္စည်းဖြစ်ဖို့ပါ။ အရေးအကြောင်းဖြစ်ခြင်းတွေကို ထိန်းသိမ်းပေးပြီး မျက်လုံးကြွက်သား တင်းရင်းစေချင်တယ်ဆိုရင်တော့collagen ပါဖို့ လိုပါတယ်။ လိမ်းတဲ့အခါမှာလည်း မျက်ခွံပေါ်မှာတင် လိမ်းတာမဟုတ်ဘဲအောက်မျက်ခမ်းတဝိုက်ကိုပါ လိမ်းပေးဖို့ မမေ့ပါနဲ့နော်။

    တချို့မိန်းကလေးတွေကတော့ eye cream ကို မနက်ခင်း မိတ်ကပ်လိမ်းတဲ့အဆင့်မှာ လိမ်းလေ့ရှိကြပါတယ်။eye creamတွေမှာနေရောင်ခြည်ကို ကာကွယ်တဲ့ SPAတွေ ပါဝင်ပြီးသားမို့ လိမ်းလို့ ရပါတယ်။ ဒါပေမယ့်လည်း တခြား essence တို့ serums လည်း လိမ်းသေးတယ်ဆိုရင်တော့ အဆင့်တွေ ရှုပ်သွားနိုင်ပါတယ်။ ဒီတော့ ညဘက်လေး လိမ်းအိပ်ရင်တော့ အကောင်းဆုံးပေါ့နော်။

    Eye cream ဆိုတာကလည်း skin care လုပ်တဲ့အဆင့်တွေထဲက တစ်ခုဖြစ်တာကြောင့် စိတ်ရှည်ရှည်လေး စွဲမြဲပြီး သုံးပေးပါနော်။ ဒီလို သုံးပေးမယ်ဆိုရင်တော့ (၂၅) နှစ်ကျော်လေ လှပနုပျိုလေဖြစ်နေတော့မှာပါနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Eaindray Kha မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement