backup og meta

Micellar Water ရဲ့ အသားအရေအတွက် အကျိုးသက်ရောက်မှုများ


Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Micellar Water ရဲ့ အသားအရေအတွက် အကျိုးသက်ရောက်မှုများ

    အသားအရေကျန်းမာလှပတာကလည်း လူတစ်ယောက်ကိုအလှတိုးစေနိုင်တဲ့အချက်တစ်ခုပါ။ အမျိုးသားပဲဖြစ်ဖြစ် အမျိုးသမီးပဲဖြစ်ဖြစ် ကျန်းမာလှပတဲ့အသားအရေကိုပိုင်ဆိုင်ထားမယ်ဆိုရင် လူအများကြားမှာ ထင်ပေါ်နေမှာဖြစ်ပါတယ်။ အသားအရေလှပဖို့ ဆိုတဲ့ နေရာ မှာလည်း ကိုယ်တိုင်ထိန်းသိမ်းမှုတွေလုပ်ဆောင်ဖို့လိုအပ်ပါတယ်။ ယနေ့ခေတ်မှာ အသားအရေထိန်းသိမ်းနည်းတွေကို အင်တာနက်၊ Facebook တို့ကနေတဆင့် အလွယ်တကူဖတ်ရှု့နိုင်နေပြီဖြစ်သလို အသားအရေထိန်းသိမ်းတဲ့ပစ္စည်းအမျိုးမျိုးကိုလည်းဈေးကွက်ထဲမှာ အလွယ်တကူ စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်နေပြီဖြစ်ပါတယ်။

    အသားအရေကို ကျန်းမာလှပစေဖို့ဆိုရင် အရင်ဆုံးလုပ်သင့်တာတစ်ခုက မျက်နှာကိုသန့်စင်ပေးဖို့ပါ။ မိမိအသားအရေနဲ့လိုက်ဖက်မယ့် အပျော့စား Facial Foam ကိုအသုံးပြုပြီးမျက်နှာကို လက်ချောင်းလေးတွေနဲ့ဖြည်းညင်းစွာနှိပ်နယ်ပေးပြီး မျက်နှာတစ်ပြင်လုံး သန့်စင် သွားအောင် လုပ်ပေးခြင်းက မျက်နှာကိုသန့်စင်စေရုံမကသွေးလှည့်ပတ်မှုကိုလည်းကောင်းမွန်စေတာကြောင့် မျက်နှာ အသားအရေကို စိုပြည်စေပါတယ်။ မျက်နှာသန့်စင်တဲ့နေရာမှာ တစ်နေ့တာလုံးလိမ်းထားတဲ့ မိတ်ကပ်တွေက မျက်နှာသစ်ရုံနဲ့ သန့်စင်သွားမှာ မဟုတ် တာကြောင့် မိတ်ကပ်ဖျက်ဆေး သုံးပေးရပါမယ်။ မိတ်ကပ်ဖျက်ဆေးသုံးပြီးတဲ့အခါချွေးပေါက်တွေထဲမှာကအစ အညစ်အကြေး တွေကို မကျန်ရစ်စေချင်ဘူးဆိုရင်တော့ အခုနောက်ပိုင်းအလှအပထိန်းသိမ်းရာမှာ အရေးပါလာတဲ့ အသားအရေ ထိန်းသိမ်း တဲ့ပစ္စည်း တစ်မျိုး ဖြစ်တဲ့ Micellar Water ဆိုတာကိုသုံးပေးလို့ရပါတယ်။ Micellar Water သုံးပြီးတဲ့အခါ မျက်နှာထပ်သစ်ဖို့ မလိုတော့ပါဘူး။ Makeup remover ကိုသုံးပြီး မျက်နှာပေါ်က မိတ်ကပ်တွေကို ဖျက်ထားတာဆိုရင်တော့ မျက်နှာကို Facial Foam သုံးပြီးသန့်စင်ပေးရပါမယ်။ မျက်နှာကိုသန့်စင်ပြီးရင်တော့ ညလိမ်းခရင်မ်တစ်မျိုးမျိုးလူးပေးဖို့ပါ။ဖော်ပြခဲ့တဲ့ အသားအရေထိန်းသိမ်းတဲ့ပစ္စည်း တွေကတော်တော် လေး ရင်းနှီးပြီးသားဖြစ်မှာပါ။ Micellar Water ကတော့ နည်းနည်းစိမ်းနေမယ်ထင်ပါတယ်။ ဒီနေရာမှာ Micellar Water အကြောင်း လေး အသေအချာပြောပြချင်တယ်။

    Micellar Water ဆိုတာ

    ယနေ့ခေတ်အသားအရေထိန်းသိမ်းမှုအတွက်အသုံးပြုတဲ့အလှကုန်တွေထဲမှာရေတွေ၊ဆပ်ပြာတွေမလိုဘဲ မျက်နှာကို သန့်စင် ပေးနိုင်တဲ့micellar water ကလည်းတစ်ခုအပါအဝင်ဖြစ်လာနေပါတယ်။micellar water ကိုတစ်ချို့က တိုနာ အစားမှားယွင်း အသုံးပြုနေတာမျိုးတွေရှိနေပါတယ်။ အမှန်ကတော့micellar water က makeup remover အနေနဲ့သုံးစွဲရတာပါ။ micellar water ကပုံမှန်အားဖြင့်တော့ သန့်စင်တဲ့ရေထဲမှာmicelles (သို့မဟုတ်) အညစ်အကြေးတွေကိုသန့်စင်ပေးတဲ့သေးငယ်တဲ့molecule လေးတွေကို ထည့်သွင်းထုတ်လုပ်ထားတာဖြစ်ပါတယ်။micellar water ကမျက်နှာပေါ်မှာmakeup remover သုံးပြီးဖျက်ပေမယ့် မစင်ဘဲကျန်ရစ်ခဲ့တဲ့ အညစ်အကြေးတွေကိုချွေးပေါက်တွေထဲမှာပါကျန်မနေအောင်သန့်စင်ပေးပါတယ်။micellar water ကို အသုံးပြုမယ်ဆိုရင် အရင်ဆုံး ပုလင်းကိုလှုပ်ပေးရမှာပါ။ပြီးမှဝါဂွမ်းစနဲ့တို့ပြီး မျက်နှာပေါ်ကမိတ်ကပ်တွေရှိနေတဲ့နေရာကို ခဏ လောက်အုပ်ထားပေးပြီး ဖျက်လိုက်ရုံပါ။ Alcohol မပါဝင်တာကြောင့် အသားအရေခြောက်သွေ့ယားယံပျက်စီး တာမျိုးတွေ လည်းမဖြစ် စေပါဘူး။micellar water နဲ့မျက်နှာကိုသန့်စင်ပြီးတဲ့အခါ မျက်နှာကိုထပ်သစ်ဖို့မလိုအပ်တာကလည်းMicellar water ရဲ့အားသာ ချက်တစ်ခုပါ။

    (၁) မိတ်ကပ်ဖျက်ရာမှာ အဆင်ပြေစေခြင်း

    Micelle moleculesတွေကမျက်နှာအသားအရေပေါ်မှာရှိတဲ့ချွေးပေါက်တွေထဲက အဆီတွေကိုစုပ်ယူပေးနိုင်စွမ်းရှိပါတယ်။Maybelline micellar water မှာပါတဲ့Micelle moleculesတွေက သံလိုက်ဓါတ်လိုမျိုးမွှေးညှင်းပေါက်တွေထဲက အဆီတွေ၊၊ဆဲလ်သေတွေနဲ့ အညစ်အကြေးတွေ စုပ်ယူပေးပြီး မျက်နှာအသားအရေပေါ်က အညစ်အကြေးတွေ အားလုံးကိုသန့်စင်စေပေးနိုင်ပါတယ်။ မျက်နှာအသားအရေမှာ အဆီပြန်တာ၊ခြောက်သွေ့ယားယံတာမျိုးလည်းမဖြစ်စေပါဘူး။ လန်းဆန်းသန့်ရှင်းတဲ့ခံစားမှုကိုရရှိစေပါတယ်။

    (၂) အသားအရေကိုရေဓါတ် နဲ့ အာဟာရ ဖြည့်ပေးခြင်း

    Maybelline micellar water မှာဆပ်ပြာ၊ အယ်လ်ကိုဟော နဲ့အခြားအပြင်းစား ဓါတုပစ္စည်းတွေမပါဝင်တာကြောင့် အရေပြားကို ခြောက်သွေ့ တာမျိုးမဖြစ်အောင် ကာကွယ်ပေးပါတယ်။Maybelline micellar water အသုံးပြုပြီးတဲ့အခါ မျက်နှာမှာအစိုဓါတ်ကျန်ရှိနေစေပြီး မျက်နှာ အသားအရေကိုတောက်ပစေသလို နူးညံ့စိုပြည်စေပါတယ်။

    (၃) အသားအရေအမျိုးအစားအားလုံးအတွက် သင့်တော်ခြင်း

    Maybelline Micellar water သန့်စင်တဲ့ရေကို အခြေခံပြီးထုတ်ထားတာဖြစ်တာကြောင့် အရေပြားကိုနီမြန်း ရောင်ရမ်းတာမျိုး တွေ၊ ထိခိုက်ပျက်စီးတာမျိုးတွေမဖြစ်စေနိုင်တာကြောင့် အသားအရေအမျိုးအစား အားလုံးအတွက် အထူးသင့်တော်ပါတယ်။ မျက်နှာ တစ်ပြင် လုံးကို သန့်စင်ဖို့အတွက် အသုံးပြုလို့ရပါတယ်။ချွေးပေါက်ထဲက အဆီတွေနဲ့ ဆဲလ်သေတွေကိုပါ ဖယ်ရှား ပေးနိုင်စွမ်းရှိပါတယ်။

    (၄) အသားအရေကိုကြည်လင်သန့်စေနိုင်ခြင်း

    micellar water ကအရေပြားပေါ်က ဆဲလ်သေတွေမွှေးညှင်းပေါက်တွေထဲမှာ ပိတ်ဆို့နေတဲ့ အဆီတွေကို အညစ်အကြေး တွေကို သဘာဝအတိုင်းသန့်စင်ပေးတာကြောင့် ဝက်ခြံတွေမဖြစ်အောင်လည်း ကာကွယ်ပေးတဲ့အပြင် အသားအရေကိုလည်း ကြည်လင် စိုပြည်စေနိုင်ပါတယ်။micellar water ကိုသုံးတဲ့အခါ ဂွမ်းစလေးမှာစွတ်ပြီး အသာအယာသုတ်ပေးရုံနဲ့ အညစ်အကြေးတွေကို သန့်စင် ပေးနိုင်တာကြောင့် အရေပြားကိုအတင်းဖိပွတ်တာမျိုးကြောင့်ဖြစ်တဲ့ အရေပြားနီမြန်းပြီး စပ်ဖျဉ်းဖျဉ်းဖြစ်တာမျိုးတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

    Micellar water ကိုမျက်နှာအသားအရေပေါ်က မိတ်ကပ်တွေနဲ့မွှေးညှင်းပေါက်တွေထဲက မိတ်ကပ်တွေ၊ အဆီနဲ့ဆဲလ်သေတွေအပြင် မျက်နှာတစ်ခုလုံးမှာပြင်ဆင်ခြယ်သထားတဲ့အောက်ခံမိတ်ကပ်၊ eyeliner နဲ့ နှုတ်ခမ်းနီတွေကိုပါသန့်စင်ဖို့အတွက် အသုံးပြုပေးလို့ ရပါ တယ်။Micellar water ကိုအသုံးပြုပေးတာမျက်နှာကိုဆေးကြောသန့်စင်တဲ့အခါမှာ ပိုမိုလွယ်ကူသွားစေပါတယ်။ ခရီးသွားတဲ့အခါ မှာလည်း မျက်နှာသစ်ဆေးနဲ့ မိတ်ကပ်ဖျက်ဆေးတွေအစားMaybelline Micellar Water ကိုသယ်ဆောင်သွားရုံနဲ့တင် မျက်နှာသန့်စင် ဖို့အတွက်ကလုံလောက်နေပြီ ဖြစ်ပါတယ်။Micellar Water ဝယ်ယူတဲ့အခါတစ်ခု သတိထားရမှာက အသားအရေကို ထိခိုက်မှု မဖြစ်စေ ဖို့အတွက် Alcohol မပါဝင်တဲ့Micellar Water ကိုရွေးချယ်ဝယ်မိဖို့ပါ။ Maybelline ကနေထုတ်လုပ်တဲ့Micellar Water ဟာဆို ရင် Alcohol ပါဝင်မှု၊ ရနံ့ပါဝင်မှု၊ အဆီပါဝင်မှု မရှိတဲ့ Formula နဲ့ ဖော်စပ်ထားတဲ့အပြင် မျက်လုံးနှင့် မျက်အိမ်ကိုလဲ ဘေးဥပါဒ် မဖြစ်စေတဲ့ Formula ( Dramatologist and Ophthalmologically tested) နဲ့ပါ ဖော်စပ်ထားတဲ့အတွက် Sensitive Skin ပိုင်ရှင်များ သုံးမယ်ဆိုရင်တောင် အသား အရေနဲ့ မတည့်တာ၊ ယားယံပြီး အနီပိန့်တွေထတာလိုမျိုးတွေ လုံးဝမဖြစ်နိုင်တဲ့အပြင် မတော်တဆ မျက်စိထဲ ဝင်တာတွေ ဘာတွေမှာ တောင် စပ်တာ ယားယံတာ လုံးဝမရှိနိုင်ပါဘူး။ မျက်ကပ်မှန် တပ်တဲ့သူတွေပါ စိတ်ချလက်ချ သုံးနိုင်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement