backup og meta

ဝက်ခြံနှင့်ပတ်သတ်ပြီး သိထားသင့်သော အချက်၄ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Phyo Wai Yan မှ ရေးသားသည်။ · 02/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝက်ခြံနှင့်ပတ်သတ်ပြီး သိထားသင့်သော အချက်၄ချက်

    ဘဝမှာတစ်ခါတော့ ဝက်ခြံပေါက်ဖူးပါလိမ့်မယ်။ သူတို့ဘယ်လိုပုံစံမျိုးလဲဆိုတာကိုတော့ သတိပြုမိပါလိမ့်မယ်။ ဒါပေမယ့်လည်း ထိုဝက်ခြံတွေကို ဘယ်လိုကုသရမလဲ၊ ဘယ်လိုကာကွယ်ရမလဲနဲ့ ဘာတွေကဖြစ်စေတယ်ဆိုတာကိုတော့ သိချင်လောက်မှာပါ။ အောက်ဖော်ပြပါ ဆောင်းပါးကတော့ ဝက်ခြံနဲ့ ပတ်သတ်ပြီး သိထားသင့်တဲ့အချက်တွေကို ဖော်ပြပေးမှာပါ။

    အရေပြားမှာ ဝက်ခြံဘယ်လို ဖြစ်လာတာလဲ။

    တစ်ခါတစ်ရံ လူပျိုဖော်၊အပျိုဖော်ဝင်တဲ့အချိန်မှာ ဟော်မုန်းအပြောင်းအလဲတွေကြောင့် ဝက်ခြံပေါက်တတ်ပါတယ်။

    အမွေးအမျှင်ဆဲလ်တွေ၊ အရေပြားဆဲလ်တွေနဲ့ အဆီပိုတွေစုပေါင်းပြီး အမွေးပေါက်တွေကို ပိတ်လိုက်ပါတယ်။ အစိုင်အခဲကြီးဖြစ်လာပါတယ်။ ထိုအစိုင်အခဲထဲမှာ ဘက်တီးရီးယားတွေ ပေါက်ဖွားပြီး အရေပြားအောက်တွင် ရောင်ရမ်းလာပါတယ်။ ထိုအစိုင်အခဲပြိုကွဲပျက်စီးပြီးတဲ့နောက်မှာ ဝက်ခြံတွေပေါ်ပေါက်လာပါတယ်။ များသောအားဖြင့် အမွေးပေါက်တွေပိတ်လို့ဖြစ်ရတာပါ။

    ဘာတွေကဝက်ခြံဖြစ်စေတာလဲ။

    ဘာတွေကြောင့်ဖြစ်ရတယ်ဆိုတာကတော့ တိတိပပ မသိရှိရသေးပါဘူး။ ဒါပေမယ့်လည်း ဝက်ခြံဖြစ်စေတဲ့ အခြားအကြောင်းအရင်းအချို့တော့ ရှိပါတယ်။

    · ဆယ်ကျော်သက်အရွယ်မှာ ဝက်ခြံပေါက်နိုင်ခြေအများဆုံးပါ။ ဘာကြောင့်လဲဆိုတော့ ဟော်မုန်းအပြောင်းအလဲတွေကြောင့် အဆီဂလင်းတွေဟာ အဆီတွေကို လိုတာထက်ပိုထုတ်လာလို့ပဲ ဖြစ်ပါတယ်။ အဆီတွေများလေ ဝက်ခြံပေါက်နိုင်လေပါပဲ။

    · ကိုယ်ဝန်ရှိခြင်း၊ တားဆေးအသုံးပြုခြင်းတို့ကြောင့်လည်း ဟော်မုန်းအပြောင်းအလဲဖြစ်နိုင်ပါတယ်။

    · မိဘတွေမှာ ဝက်ခြံပေါက်မယ်ဆိုရင် သင့်မှာလည်း ပေါက်နိုင်ပါတယ်။

    · ဆေးဝါးအချို့၏ဘေးထွက်ဆိုးကျိုးတွေကြောင့်လည်း ဝက်ခြံပေါက်နိုင်ပါတယ်။

    · မိတ်ကပ်တွေကြောင့် ဝက်ခြံပေါက်နိုင်ပါတယ်။ အဆီတွေနဲ့ပေါင်းပြီး အမွှေးပေါက်ပိတ်နိုင်ပါတယ်။

    ဝက်ခြံတွေကို ဘယ်လိုကုသမှာလဲ။

    ဝက်ခြံတွေကို အိမ်တွင်းဆေးနည်းအချို့နဲ့ကုသနိုင်ပါတယ်။ ကုသမှုတွေရဲ့ ရည်ရွယ်ချက်ကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

    · ဝက်ခြံအခြေအနေတွေတိုးတက်စေရန်

    · နောက်ထပ်ပြန်မဖြစ်စေရန်

    · အမာရွတ်မကျန်စေရန်

    · စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ကုသရန်

    အသုံးများတဲ့ ကုသနည်းတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

    · အသားအရေထိန်းသိမ်းခြင်း။ ဝက်ခြံမဖြစ်ကတည်းက ကာကွယ်ဖို့အရေးကြီးပါတယ်။ သန့်သန့်ရှင်းရှင်းနဲ့ အစိုဓါတ်ပြည့်ပြည့်၀၀ရရှိပါစေ။

    · အလွယ်တကူဝယ်ယူရရှိနိုင်သော ဆေးဝါးများအသုံးပြုခြင်း။ ပူ၊နီ၊နာ၊ရောင်ကျစေဖို့နဲ့ အမာရွတ်တွေ နည်းစေဖို့ သောက်ဆေး၊လိမ်းဆေးတွေ အသုံးပြုနိုင်ပါတယ်။ အိုင်ဗျူပရိုဖန်နဲ့ ပါရာစီတမောတို့က အလွယ်တကူဝယ်ယူရရှိနိုင်တဲ့ဆေးတွေ ဖြစ်ပါတယ်။

    · ဆရာဝန်ညွှန်ကြားထားသော ဆေးဝါးများသောက်သုံးခြင်း။ အလွယ်တကူဝယ်ယူရရှိနိုင်မယ့်ဆေးတွေနဲ့ အလုပ်မဖြစ်ဘူးဆိုရင်တော့ ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေကို သောက်ရပါတော့မယ်။ ဘယ်ဆေးသောက်ရမယ်ဆိုတာကတော့ သင့်ဆရာဝန် ဒါမှမဟုတ် အရေပြားကျွမ်းကျင်ပညာရှင်ပေါ်မှာ မူတည်ပါတယ်။

    · ခွဲစိတ်ကုသခြင်း။ တစ်ခါတစ်ရံမှာ ဝက်ခြံအနာတွေနဲ့ အမာရွတ်တွေဖယ်ရှားဖို့ ခွဲစိတ်ကုသမှုကို အကြံပြုထားပါတယ်။

    ဝက်ခြံတွေကို ဘယ်လိုဂရုပြုကာကွယ်သင့်သလဲ။

    ဝက်ခြံနဲ့ ဝက်ခြံအမာရွတ်တွေကို ကုသခြင်းက ရှုပ်ထွေးလွန်းတာကြောင့် မဖြစ်ခင်က ကာကွယ်သင့်ပါတယ်။ ဒါဆိုရင်ဖြင့် ဝက်ခြံကိုကာကွယ်ဖို့ ဘာတွေ လုပ်သင့်သလဲ။

    · အရေပြားကို သန့်သန့်ရှင်းရှင်းထားပါ။ အိပ်ရာနိုးပြီးနဲ့ မအိပ်ခင်မှာ ရေသန့်သန့်၊ ဆပ်ပြာပျော့ပျော့ခြင့် တစ်နေ့နှစ်ကြိမ်ရေပတ်တိုက်ပေးပါ။ ရေကတော့ ကြက်သီးနွေးဖြစ်သင့်ပါတယ်။ အားကစားလုပ်ပြီးတဲ့ အခါမှာလည်း သန့်ရှင်းရေးလုပ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ချွေးကြောင့်ဝက်ခြံပေါက်နိုင်လို့ပါ။ ဆပ်ပြာပြင်းပြင်းနဲ့ ချေးပြင်းပြင်းချွတ်ခြင်းကို ရှောင်ကျဉ်ပါ။ ဝက်ခြံတွေပိုဆိုးနိုင်စေပါတယ်။ မိတ်ကပ်တွေကို မိတ်ကပ်းဖျက်ဆေးတွေနဲ့ တတ်နိုင်သမျှမြန်မြန် ဖယ်ရှားပေးပါ။

    · ဆံနွယ်တွေသန့်ရှင်းနေပါစေ။ ခေါင်းပုံမှန်လျော်ပေးပါ။ ဆံပင်ရှိ ပိုးတွေက အရေပြားကို ရောက်နိုင်ပါတယ်။

    · ဝက်ခြံမညှစ်ပါနှင့်။ ဝက်ခြံညစ်ခြင်းက ပိုးဝင်စေပြီး အမာရွတ်တွေကျန်စေပါတယ်။

    · နေမလောင်ပါစေနှင့်။ နေပူခံလိမ်းဆေးလိမ်းထားပါ။ လိမ်းဆေးက SPF30 နှင့်အထက် ရှိရပါမယ်။ နေရောင်မှာပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်က အရေပြားပျက်စီးစေပြီး ကင်ဆာတွေဖြစ်ပေါ်စေနိုင်ပါတယ်။ နေရောင်ပိုမိုကာကွယ်နိုင်ဖို့ အင်္ကျီလက်ရှည်၊ဘောင်းဘီရှည်နှင့် ဦးထုပ်တို့ကို ဝတ်ရပါမယ်။

    · ကုသမှုနဲ့ပတ်သတ်ပြီး ဆရာဝန်ဖြင့် တိုင်ပင်ပါ။ ဝက်ခြံတွေ လျင်လျင်မြန်မြန်ထိထိရောက်ရောက် သက်သာပျောက်ကင်းစေနိုင်မယ့်ကုသနည်းတွေကို ရွေးချယ်နိုင်ပါလိမ့်မယ်။

    ဝက်ခြံဆိုတာ အဖြစ်များတဲ့ အရေပြားပြဿနာတစ်ခုပါ။ ဘယ်သူမှ တိတိပပမသိကြပါဘူး။ ဒါပေမယ့်လည်း ဝက်ခြံတွေ ဂရုစိုက်ဖို့နဲ့ မဖြစ်အောင်ကာကွယ်ဖို့နည်းလမ်းတွေကိုတော့ သိရှိနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Phyo Wai Yan မှ ရေးသားသည်။ · 02/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement