အရိုးနုကို ဖေါက်ခြင်းဟာ အသားကိုဖေါက်ခြင်းထက် ပိုပြီးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ အရိုးနုဟာ အနာကျက်နေစဉ်အတွင်းမှာ ပိုထိခိုက်လွယ်ပါတယ်။ လုံးဝပြန်ကောင်းသွားစေဖို့ အချိန်နဲ့ ဂရုစိုက်မှု လိုအပ်ပါတယ်။
အနာကျက်ဖို့ ဘယ်အရာတွေ လိုအပ်လဲဆိုတာနဲ့ ဘယ်လောက်ကြာအောင် စောင့်ရမလဲဆိုတာတွေကို သိထားသင့်ပါတယ်။ နားဖေါက်ခြင်းဟာ အနာကျက်စေဖို့ ပုံမှန်အားဖြင့် နှစ်လကနေ သုံးလထိ ကြာမြင့်တတ်ပြီး အရိုးနုဖေါက်ခြင်းကတော့ ဆယ်လအထိ ကြာမြင့်နိုင်ပါတယ်။ နာကျင်ရောင်ရမ်းမှုတွေ၊ အရည်ထွက်ခြင်းတွေ၊ နီမြန်းမှုတွေ ရပ်သွားတဲ့အချိန်မှာတော့ အနာကျက်သွားပြီ ဖြစ်ပါတယ်။
သင်တတ်နိုင်သမျှ အကောင်းဆုံးကြိုးစားဖို့ လိုအပ်ပါတယ်။ အနာလုံးဝကျက်စေဖို့အတွက်ဟာ လူနာရဲ့စိတ်ပေါ်လည်း မူတည်ပါတယ်။ သင့်ကိုယ်ခန္ဓါက ပုံမှန်မဟုတ်တဲ့ အရာဝတ္ထုတွေကို စွန့်ထုတ်ပေးမှာဖြစ်တာမို့ စိတ်ကို တည်ကြည်အောင်ထားသင့်ပြီး ဂရုစိုက်သင့်ပါတယ်။ တခါတလေမှာတော့ ရိုးရှင်းတဲ့အရာတွေဟာ အကောင်းဆုံးဖြစ်ပါတယ်။ သန့်ရှင်းလို့အတွက် ဆပ်ပြာနဲ့ ရေကို အသုံးပြုသင့်ပြီး အရောင်ကျဖို့ ရေခဲကို အသုံးပြုသင့်ပါတယ်။ သေချာစွာ ဂရိုစိုက်မယ်ဆိုရင်တော့ အရေပြား (သို့) အရိုးနုဖေါက်ခြင်းကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။