backup og meta

အကုန်အကျမများဘဲ အိမ်မှာ waxing လုပ်ကြမယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 29/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အကုန်အကျမများဘဲ အိမ်မှာ waxing လုပ်ကြမယ်

    မိန်းကလေးတွေအတွက် အလှအပဂရုစိုက်ရတဲ့အထဲမှာ ချိုင်းကြားအသားအရေလည်း ပါဝင်ပါတယ်။ လက်ပြတ်အင်္ကျီလေးတွေဝတ်မယ်ဆို ယုံကြည်မှုရှိရှိဝတ်နိုင်တာပေါ့။ အဓိကကတော့ ချိုင်းမွေးသေချာဖယ်ရှားဖို့ပါပဲ။ပြီးမှ ချိုင်းကြားအသားအရေဖြူဖို့၊ချောမွတ်ဖို့ ဆက်လုပ်ရမှာပါ။ ခုနောက်ပိုင်းတော့ အသင့်လုပ်ရုံ waxတွေအမျိုးမျိုးဈေးကွက်မှာဝယ်လို့ရနေပြီ၊ဗြူးတီးဆလွန်းတွေမှာ သွားလုပ်လို့ရနေပြီဆိုပေပမယ့်ငွေကုန်သက်သာချင်တဲ့လေဒီလေးတွေ၊ ဆိုင်မှာလုပ်ရမှာရှက်တဲ့လေဒီလေးတွေ အတွက်တော့ဘေးကင်းပြီးလွယ်ကူတဲ့ ဒီစရိတ်ကျဉ်းနည်းလေးက အဆင်ပြေနိုင်ပါလိမ့်မယ်နော်။

    သူကတော့ သကြားရယ်၊ ပျားရည်နဲ့ သံပရာသီးပဲ လိုတယ်။ ချိုင်းအပြင် လက် သို့မဟုတ်ခြေသလုံးမွေးတွေ ဖယ်ရှားဖို့လည်း သုံးနိုင်တယ်နော်။

    ပါဝင်ပစ္စည်း

    • ညက်မှုန်နေတဲ့သကြား ပန်းကန်လုံးတစ်လုံးစာ
    • ပျားရည်ပန်းကန်လုံးတစ်လုံးစာ
    • သံပရာရည် ပန်းကန်လုံးတစ်ဝက်
    • ရေတစ်ဇွန်း (မထည့်လည်းရ)

    ပြုလုပ်နည်း

    သကြားကို ကျိုပါ။ အိုးတစ်လုံးထဲ သကြားတွေထည့်ကျိုပါ။ မီးသျိပ်မပြင်းပါနဲ့။ မွှေစရာမလိုပါဘူး။ အိုးကိုပဲ တစ်ချက်တစ်ချက်လှုပ်ပေးပါ။ညောင်စေးကျတဲ့အထိ မီးလျှော့ပြီးတည်ပါ။မွှေးလာလိမ့်မယ်။

    ပျားရည်နဲ့သံပရာရည်ထည့်ပါ။ စဉ်မထွက်အောင်ဖြည်းဖြည်းထည့်ပါ။ အနေတော် ပျစ်စေးလာအောင် ဆက်တိုက်မွှေပြီးတည်ပါ။ တအားပျစ်ခဲနေရင်တော့ရေလေးတစ်ဇွန်းလောက် လိုသလိုထည့်ပါ။

    အအေးခံပါ။အဝကျယ်ပုလင်းလေးတစ်လုံးမှာထည့်ပြီး နှစ်နာရီလောက်အအေးခံပေးပါ။ခပ်နွေးနွေးအနေအထားမှာ သုံးရတာဆိုပေမယ့် ပိုတာတွေကို အအေးခံပြီးရေခဲသေတ္တာထဲထည့်ထားလို့ရပါတယ်။

    အသုံးပြုနည်း

    ပြင်ဆင်ပါ

    ချိုင်းကို waxing မလုပ်ခင် အရင်သန့်ရှင်းရေးလုပ်ပါ။ရေနွေးနွေးလေးနဲ့ ဆပ်ပြာသုံးပြီး ညင်သာစွာသန့်စင်ပေးပါ။ ချိုင်းမွေးနဲ့ အသားအရေကိုပျော့ပျောင်းသွားစေလို့ အမွေးအမှင်ဖယ်ရှားဖို့လွယ်ကူစေပါတယ်။ ချိုင်းမွေးကို နည်းနည်းညှပ်ပေးပါ။ သိပ်ရှည်ရင် waxing လုပ်တဲ့အခါ ပိုနာမယ်၊ တိုလွန်းရင် အကုန်မပါသွားဘဲနေမယ်။ မတိုလွန်းမရှည်လွန်းတဲ့အနေအထားဆို ညှပ်ဖို့မလိုပါ။

    ချိုင်းကို ပေါင်ဒါလိမ်းပါ

    ဘာပေါင်ဒါဖြစ်ဖြစ်ရပါတယ်။ အများကြီးတော့မလိမ်းပါနဲ့။ အနည်းငယ်လိမ်းထားရင် wax က အသားကို မထိခိုက်ဘဲ အမွေးတွေပဲ ကပ်ပါသွားနိုင်ပါမယ်။

    wax ကို သုတ်လိမ်းပါ

    အသင့်သုံးပစ္စည်းတွေမရှိရင် သစ်သားချောင်းလေးနဲ့(ရေခဲမုန့်စားတဲ့ဇွန်းပြားလေးလို)သုတ်လိမ်းလို့ရပါတယ်။ ချိုင်းမွေးရှိရာတဝိုက်ကို သုတ်လိမ်းပါ။ ချိုင်းမွေးပေါက်တဲ့လမ်းကြောင်းအတိုင်းသုတ်လိမ်းပါနော်။ အကုန်ဖုံးအုပ်သွားတဲ့အထိ။ လမ်းကြောင်းပြောင်းပြန်မသုတ်မိဖို့သတိထားပါ။

    wax strip အုပ်ပါ

    wax strip အသင့်မရှိရင် အဝတ်စပါးပါးလေးကို အနေတော်ညှပ်ပြီးသုံးလို့ရပါတယ်။ ခုနလိမ်းထားတဲ့ပေါ် အုပ်ပြီး ခုနလမ်းကြောင်းအတိုင်း ဖိသပ်ချပါ။နေရာလွတ်မကျန်အောင်သေချာဖိကပ်ပေးပြီးခြောက်တဲ့အထိထားပါ။

    ဖယ်ရှားပါ

    ကပ်ထားတဲ့strip ကို ဖယ်ရှားရာမှာ ခုနကလိမ်းခဲ့တဲ့လမ်းကြောင်းနဲ့ဆန့်ကျင်ဘက် ကို တစ်ချက်တည်း ခပ်ဆတ်ဆတ်ဆွဲခွာလိုက်ပါ။

    အဆီလေးလိမ်းပါ

    သံလွင်ဆီ နည်းနည်းပွတ်လိမ်းပါ။ ကပ်ကျန်နေတဲ့waxတွေ ဖယ်ရှားနိုင်ပါလိမ့်မယ်။

    သန့်ရှင်းပါ

    အားလုံးဖယ်ရှားပြီးတဲ့အခါ ချိုင်းကိုရေနွေးနွေးလေးနဲ့ဆေးကြောသန့်စင်ပါ။ အကောင်းဆုံးက ဂွမ်းစလေးရေဆွတ်ပြီးဖိသုတ်ပါ။ ကျိန်းတာစပ်တာရှိနေသေးရင် ရှားစောင်းလက်ပတ် ဂျယ်လ် လေးလိမ်းလို့ရပါတယ်။

    Waxing လုပ်ပြီး နာရီအတော်ကြာတဲ့အထိချွေးနံ့ပျောက်ဆေး၊အစိုဓါတ်ထိန်း နဲ့ တခြားခရင်မ်တွေ လိုးရှင်းတွေမလူးပါနဲ့ဦး။ Waxing လုပ်ထားရင် ၄ ပတ်လောက်တော့ ခံတာမို့နောက်ရက်မှ ချိုင်းအသားအရေအတွက် ထိန်းသိမ်းတာ လုပ်ပေးပေါ့။ ချိုင်းကြားအသားအရေအတွက် သဘာဝပေါင်းတင်နည်းတွေကိုနောက်ဆောင်းပါးမှာပြောပြပေးမယ်နော်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 29/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement