backup og meta

သင်္ကြန်မှာ ပြိုင်ဘက်ကင်း ဆံကေသာနဲ့ အလန်းစားကဲကြမယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင်္ကြန်မှာ ပြိုင်ဘက်ကင်း ဆံကေသာနဲ့ အလန်းစားကဲကြမယ်

    ဘာလိုလိုနဲ့ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ ပျော်စရာအကောင်းဆုံး နှစ်သစ်သင်္ကြန်တောင် ရောက်လာတော့မယ်နော်။ ပျော်ဖို့၊ ပါးဖို့၊ အလန်းစားဒီဇိုင်းတွေနဲ့ အပြတ်ကဲဖို့ အဆင်သင့်ဖြစ်နေကြမယ်ထင်ပါတယ်။ ကျောင်းတွေလည်း ပိတ်ပြီဆိုတော့ မပြင်ဆင်ရသေးဘူးဆိုရင်လည်း အခုကတည်းက သင်္ကြန်အတွက် ကြိုပြီးပြင်ဆင်ဖို့ အချိန်မီသေးတယ်နော်။

    ရိုးရာအတာသင်္ကြန်ပွဲတော်မှာ ဆံပင်အရောင်စုံ၊ ဒီဇိုင်းစုံနဲ့ ပွဲထုတ်တာတော့ ဟုတ်ပေမဲ့ ကိုယ့်ရဲ့ ဆံသားကျန်းမာရေးနဲ့ အလှအပကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။ ဒီတော့ ခုလို နွေရာသီမှာ ဆံကေသာအလှကို ဘယ်လိုထိန်းသိမ်းမလဲ၊ ဆံသားမပျက်စီးစေဖို့ ဘယ်လိုကာကွယ်မလဲဆိုတဲ့အကြောင်းကို ဒီဆောင်းပါးလေးမှာ ပြောပြပေးမယ်နော်။

    ၁။ နေရောင်ခြည်နဲ့ ဆံသား တိုက်ရိုက်မထိစေဖို့ ကာကွယ်ပေးပါ။

    နေရောင်ခြည်မှာ အရေပြားအတွက် လိုအပ်တဲ့ ဗီတာမင် ဒီ ဓါတ်ကို ပေးနိုင်တာမှန်ပေမဲ့ ခုလို ပူလွန်းတဲ့ နွေရာသီမှာ အပူဒဏ်ကြောင့် အသားအရေနဲ့ ဦးရေပြားကို ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် မျက်နှာကို နေလောင်ကာခရင်မ် လိမ်းပြီး ကာကွယ်သလို ဆံသားကိုလည်း ဦးထုပ်၊ ထီး၊ ခေါင်းစည်းပဝါ တစ်ခုခုနဲ့ ကာကွယ်ပေးထားသင့်တယ်နော်။

    ၂။ ခေါင်းကို ပုံမှန်လျှော်ပေးပါ။

    နေ့တိုင်း ခေါင်းလျှော်တာထက် တစ်ရက်ခြား တစ်ခါလောက် ခေါင်းလျှော်ရည်၊ ဆံပင်ပျော့ဆေးနဲ့ သေချာ ခေါင်းလျှော်ပေးရပါမယ်။ ခေါင်းလျှော်ရည်ကြောင့် ဦးရေပြားခြောက်ပြီး ကျန်ခဲ့တာမျိုး မဖြစ်စေဖို့ အစိုဓါတ်ဖြည့်တင်းပေးနိုင်တဲ့ တံဆိပ်မျိုး သုံးပေးတာက ပိုကောင်းပါတယ်။ ခေါင်းလျှော်ပြီးသွားရင် ဆံပင်ပျော့ဆေးနဲ့ ဆံသားကို နှံ့စပ်အောင် လိမ်းပြီး ဦးရေပြားကို နှိပ်နယ်ပေးခြင်းဖြင့် သွေးလည်ပတ်မှုကောင်းစေပြီး ဆံပင်ပေါက်မြန်စေဖို့ ကူညီပေးနိုင်ပါတယ်။

    ၃။ ဆံသားကို ပုံမှန်ပေါင်းတင်ပေးပါ။

    ခုလို နွေရာသီမှာ ရုံးပိတ်ရက်တွေ၊ ကျောင်းပိတ်ရက်တွေ များတာကြောင့် ဆံပင်နဲ့ ဦးရေပြားကို ပိုပြီး ဂရုစိုက်ပေးလို့ ရပါတယ်။ ညမအိပ်ခင်မှာ သဘာဝအုန်းဆီ သို့မဟုတ် သံလွင်ဆီနဲ့ ဦးရေပြားနေရာအနှံ့ လိမ်းပေးရပါမယ်။ ဓါတုဗေဒပစ္စည်းတွေ ပါဝင်တဲ့ ဆံပင်ပေါင်းတင်ဆေးတွေအစား အိမ်မှာအလွယ်တကူ ရနိုင်တဲ့ ကြက်ဥအကာ၊ ပျားရည်တို့နဲ့လည်း ဆံပင်သားကို နူးညံ့ပျော့ပျောင်းနေစေဖို့ ထိန်းသိမ်းပေးနိုင်ပါတယ်။

    ၄။ ဆံပင်ကို အပူပေးတာ၊ ဖြောင့်တာ၊ ကောက်တာ သိပ်မလုပ်ပါနဲ့။

    ဆံသားထိခိုက်ပျက်စီးစေတဲ့ အဓိကတရားခံတွေထဲမှာ အပူပေးစက်တွေနဲ့ ဖြောင့်တာ၊ ကောက်တာ၊ အခြောက်ခံစက် သုံးတာတွေလည်း ပါဝင်ပါတယ်။ လှချင်ရက် စက်စက်ယို ဆိုပေမဲ့ သင်္ကြန်အတွင်း အလှဆုံးဖြစ်နေစေဖို့ဆိုရင်တော့ ဒီလိုအပြုအမူတွေကို ရှောင်သင့်ပါတယ်။

    ၅။ ကိုယ်ခန္ဓါ ရေဓါတ်ပြည့်ဝနေစေဖို့ ဂရုစိုက်ပေးပါ။

    နွေရာသီမှာ ခန္ဓါကိုယ်တစ်ခုလုံးက အရေပြားအလှအပအတွက် အစိုဓါတ်သာမက ရေဓါတ်ကိုလည်း လိုအပ်ပါတယ်။ ရေဓါတ်ခမ်းခြောက်တဲ့အခါ အသားအရေက ညစ်နွမ်းနွမ်းဖြစ်မယ်၊ ဦးရေပြားက ခြောက်ပြီး ဗောက်ေတွထလာမယ်၊ ဆံသားတွေ ခြောက်ပြီး ကျိုးကြေဖို့ လွယ်ကူမှာပေါ့။ ဒါကြောင့် ကိုယ်ခန္ဓါ ရေဓါတ်ပြည့်ဝနေစေဖို့ ရေများများသောက်ဖို့ အရေးကြီးပါတယ်။ ရေဓါတ်ကြွယ်ဝတဲ့ အသီးအနှံတွေနဲ့ အမျှင်ဓါတ်များတဲ့ ဟင်းသီးဟင်းရွက်ေတွလည်း စားပေးဖို့ အရေးကြီးတယ်နော်။

    ၆။ ဆံပင်ကို အကြာကြီး မညှပ်ဘဲ မထားပါနဲ့။

    မိန်းကလေးဆိုတော့လည်း ဆံပင်ရှည်ထားချင်တာ မဆန်းပါဘူး။ ဒါပေမဲ့ ဆံနွယ်ရှည် ရဖို့အတွက် အချိန်အကြာကြီး ဆံပင်ကို ပြုပြင်မှု မပြုလုပ်၊ ဆံပင်ညှပ်ဆိုင် မသွားဘဲ နေလိုက်ရင် ဆံပင်အနားသားတွေ ဖွာပြီး ကြည့်လို့ကောင်းတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဆံပင်ညှပ်ဆိုင် ပုံမှန်သွားပြီး လိုအပ်တဲ့ပုံစံအတိုင်း ဆံပင်ကို နည်းနည်းလေး ညှပ်ပေးရမယ်နော်။ ဒါမှမဟုတ်ရင်လည်း အိမ်မှာအလွယ်တကူ ကတ်ကြေးအသေးလေးနဲ့ ဆံပင်အနားသားတွေကို ညှပ်ရင်လည်း အဆင်ပြေပါတယ်။ ဆံပင်ဆိုတာ အချိန်ခဏလေး ပေးရုံနဲ့ ပြန်ရှည်နိုင်တဲ့အတွက် သင်္ကြန်အတွင်းမှာ ကိုယ်လိုတဲ့ ဆံပင်အတိုင်း ဖြစ်စေမှာပါ။

    ၇။ ဆံသားကို ပျက်စီးစေတဲ့ အမူအကျင့်တွေကို ဖျောက်ဖို့ လိုပါတယ်။

    ဆေးလိပ်၊ အရက်ေသာက်တာ၊ ဆံပင်ကို ကျစ်ဆံမြီးကျစ်တာ၊ တင်းနေအောင် စည်းထားတာ၊ ဆံပင်ကို မကြာခဏ ဖြီးတာ၊ လက်နဲ့ ကိုင်တွယ်တာတွေဟာ ဆံပင်သားကို ပျက်စီးစေတဲ့ မကောင်းတဲ့ အကျင့်တွေပါပဲ။ ကိုယ်က လှချင်တယ်ဆိုရင်တော့ ဒီလို မကောင်းတဲ့အကျင့်လေးတွေကို ဖျောက်ထားရမယ်နော်။

    ဒီအချက် ၇ချက်ကို သေချာလေး ဂရုစိုက်လုပ်ပေးမယ်ဆိုရင် သင်္ကြန်တွင်းမှာ ဆံပင်စတိုင် ခပ်လန်းလန်းနဲ့ ကိုယ်ကြိုက်သလောက် ကဲလို့ ရပြီပေါ့။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement