အကောင်းဆုံးအာနိသင်နဲ့ရလာဒ်ကိုရရှိနိုင်ဖို့အတွက်သင့်အနေနဲ့အသားအရေထိန်းသိမ်းမှုကိုပုံမှန်ပြုလုပ်ပေးဖို့လိုပါလိမ့်မယ်။ တချို့အလှကုန်တွေကတနေ့ကိုနှစ်ခါအသုံးပြုဖို့လိုမှာဖြစ်ပေမယ့်တချို့ကျပြန်တော့တနေ့တခါသုံးစွဲဖို့ပဲလိုတာမျိုးတွေလည်းရှိပါတယ်။ မျက်နှာသန့်စင်ရည်၊နှင်းဆီပွင့်ဖတ်တွေကတဆင့်ထုတ်လုပ်ထားတဲ့ rose water နဲ့အစိုဓါတ်ထိန်းပေးပြီးမွေးညင်းပေါက်တွေကိုကျဉ်းစေနိုင်တဲ့ serum အရည်စတဲ့အလှကုန်တွေဟာတနေ့ကိုနှစ်ကြိမ်လောက်အသုံးပြုရလေ့ရှိပြီးနေလောင်ခံခရင်မ်၊အစိုဓါတ်ထိန်းညလိမ်းခရင်မ်နဲ့ဂျီးချွတ်ပေးနိုင်တဲ့ခရင်မ်တွေကိုတော့တနေ့တခါအသုံးပြုရင်လုံလောက်ပါပြီ။
အခုရေတွင်းတူးအခုရေကြည်မသောက်ချင်ပါနဲ့။
နေလောင်ဒါဏ်တွေနဲ့အရေးအကြောင်းတွေကိုပျောက်ကင်းအောင်ကုဖို့အချိန်အတိုင်းအတာတခုတော့လိုပါလိမ့်မယ်။ ဒါကြောင့်ညတွင်းချင်းကြီးအစွမ်းတွေပြဖို့တော့မမျှော်လင့်ပါနဲ့။ နေ့ချင်းညချင်းအစွမ်းပြတဲ့တချို့သောအလှကုန်ပစ္စည်းတွေ (ဥပမာ AHA ဒါမှမဟုတ် BHA တို့လိုဂျီးချွတ်ပေးတဲ့ခရင်မ်တွေ) ရှိပေမယ့်လည်းယေဘုယျအားဖြင့်အလှကုန်ပစ္စည်းတိုင်းဟာအာနိသင်ပြဖို့အချိန်အနည်းငယ်တော့လိုမှာဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။