backup og meta

တင်းတိတ်ပျောက်မယ့် ပေါင်းတင်နည်း သင်သိပြီးပြီလား


Yun Sandi Nan Mon မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တင်းတိတ်ပျောက်မယ့် ပေါင်းတင်နည်း သင်သိပြီးပြီလား

    အသားအရောင်မညီဖြစ်စေတဲ့ တင်းတိတ်တွေက နဖူး၊ ပါး၊မေးစေ့တို့လို မျက်နှာပေါ်မှာတင်မကဘဲ လည်ပင်းမှာတောင်ဖြစ်နိုင်ပါတယ်။ အမျိုးသမီးဟော်မုန်းတွေပိုများရင် melanin ပိုထွက်တာမို့ အမျိုးသားတွေထက် အမျိုးသမီးတွေမှာပိုအဖြစ်များပါတယ်။

    မျက်နှာလေးလှပါလျက်နဲ့ တင်းတိတ်တွေကြောင့်အသားမညီရင်တော်တော်စိတ်ညစ်ရမှာပါ။ ကြာရှည် နေလောင်တာရယ်၊ မျိုးဗီဇပြဿနာရယ်၊အမျိုးသမီးဟော်မုန်းတွေမူမမှန်တာရယ်ကြောင့်ဖြစ်နိုင်သလို ကိုယ်ဝန်ဆောင်ချိန်မှာလည်းဖြစ်လာတတ်တဲ့ပြဿနာပါ။ အရေပြားအလှအပကုထုံးတွေမှာတော့ဆေးဝါးမျိုးစုံနဲ့ ကုသကြပေမယ့် အကုန်အကျနည်းပြီးဘေးကင်းတဲ့ အိမ်သုံးနည်းလမ်းလေးတစ်ခု အကြံပေးချင်ပါတယ်။ ချက်ချင်းတော့မပျောက်နိုင်ပေမယ့် လွယ်ကူသက်သာတဲ့နည်းနဲ့လျော့ပါးသွားစေမယ်ဆို ပျိုမေတို့ ဝမ်းသာကြမှာပါ။

    အဲဒါကတော့ ငှက်ပျောသီးရယ်၊ ဒိန်ချဉ်ရယ်၊ သံပရာသီးရယ် ပါတဲ့ပေါင်းတင်နည်းဖြစ်ပါတယ်။

    ငှက်ပျောခွံနဲ့ ကပ်တာကတောင် မှဲ့ခြောက်၊တင်းတိတ်တွေ အကုန်လျော့ပါးသက်သာစေနိုင်တယ်လို့ပြောကြတယ်။ အခုလို အာဟာရဓါတ်အပြည့်ပါတဲ့ အသီးအနှံနဲ့နို့ထွက်ပစ္စည်းရောသုံးတာကတော့ တင်းတိတ်အတွက် မတွေးတောင် အသားလှစေမှာသေချာပါတယ်။

    • ငှက်ပျောသီးမှာ မဂ္ဂနိစ်နဲ့ ဗီတာမင် B6၊ ဗီတာမင် C နဲ့ E တို့လို အရေပြားအားဖြည့်ပေးတဲ့ဓါတ်တွေပါဝင်တဲ့အပြင် ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ရေဓါတ်ပါဝင်မှုများလို့ သဘာဝmoisturizerဖြစ်ပါတယ်။
    • ဒိန်ချဉ်က ဇင့်၊ lactic acid ၊ ကယ်လ်စီယမ်နဲ့ အက်စစ်အဆင့် pH ဓါတ်တို့ပါဝင်မှုများလို့ အသားအရေကိုရေဓါတ်ဖြည့်တင်းပေးနိုင်တယ်။ ဆဲလ်သေဖယ်ရှားနိုင်တယ်ဝက်ခြံသက်သာနိုင်တယ်။
    • သံပရာသီးကတော့ ဗီတာမင် C ကြွယ်ဝတဲ့ အရည်ရွှမ်းသီးဖြစ်တာမို့ အရေပြားဆဲလ်သေတွေဖယ်ရှားနိုင်တယ်၊ ဆဲလ်အသစ်ဖြစ်ပေါ်မှုကိုအားပေးတယ်၊ကော်လာဂျင်ထုတ်လုပ်မှုကို နှိုးဆွပေးပြီး အရေပြားပေါ်ကအစက်ပြောက်တွေကို ဖယ်ရှားပေးနိင်တယ်။

    တင်းတိတ်တွေ ပါးသွားစေမယ့်ပေါင်းဆေး

    ဥုံဖွ ဆိုပြီးချက်ချင်းပျောက်မယ့်နည်းမဟုတ်ပါဘူးနော်။ မကြာမကြာလုပ်ပေးရင်းနဲ့ လအနည်းငယ်ကြာတဲ့အခါ သိသိသာပါးသွားတာတွေ့ရပါလိမ့်မယ်။

    ပါဝင်ပစ္စည်းတွေကတော့

    • ငှက်ပျောသီးတစ်လုံး
    • ဒိန်ချဉ်ရိုးရိုး နှစ်ဇွန်း
    • သံပရာရည်သုံးဇွန်း
    • ငှက်ပျောသီးကို အနှစ်ဖြစ်အောင်ခြေပါ။
    • ဒိန်ချဉ်ထည့်ပြီး ဆက်မွှေပါ။
    • ပျစ်နှစ်နေတဲ့အထိမွှေပြီးမှ
    • နောက်ဆုံးမှ သံပရာရည်ထည့်ပြီး ထပ်မွှေပါ။

    ဘယ်လိုသုံးရလဲ

    • ညဘက်ပေါင်းတင်တာ ပိုကောင်းပါမယ်။
    • မျက်နှာသစ်ပြီးခြောက်တော့မှ အနှစ်ကိုသေချာသုတ်လိမ်းပါ။
    • မိနစ် ၂၀လောက်ထားပါ။
    • ပြီးမှရေအေးနဲ့မျက်နှာသစ်ပါ။

    ပေါင်းတင်ပြီးနောက်ပိုင်း

    • ပေါင်းတင်ပြီးတဲ့နောက်မှာနေပူထဲသိပ်မသွားဖို့ အရေးကြီးပါတယ်။ သံပရာသီးရဲ့အက်စစ်ဓါတ်ကြောင့် အရေပြားမှာအကြွင်းအကျန်ရှိနေရင်နေရောင်ခြည်နဲ့ထိတွေ့မိတဲ့အခါ ဓါတုဓါတ်ပြုမှုတွေဖြစ်လာနိုင်သလိုလောင်စေနိုင်ပါတယ်။
    • ရေများများနဲ့ မျက်နှာသစ်ပစ်ရမှာဖြစ်ပါတယ်။ အချိန်ကိုလည်း မိနစ် ၂၀ ထက်ပိုမကြာပါစေနဲ့။ တင်းတိတ်နည်းတယ်ဆိုရင် ၁၀ မိနစ်လောက်ပဲထားပါ။
    • ပေါင်းတင်ပြီးတဲ့အခါmoisturizer လိမ်းပါ၊ အပြင်သွားရင်sunscreen လိမ်းပါ။ပေါင်းတင်ပြီးကာစ နုနေတဲ့အသားအရေက ထိခိုက်လွယ်နေပါလိမ့်မယ်။
    • ဒီနည်းကို နှစ်ပတ် တစ်ကြိမ်လောက်လုပ်ပေးပါ။

    သဘာဝပစ္စည်းနဲ့ပြုလုပ်တဲ့ နည်းလမ်းဖြစ်ပေမယ့် တင်းတိတ်နဲ့အရေပြားပြဿနာတွေ အတွက်က သက်ဆိုင်ရာဆရာဝန်ကိုပြသပြီးဆွေးနွေးအကြံပြုချက်ယူတာအကောင်းဆုံးပါ။ ပျိုမေတို့တွေ အနာအဆာကင်းတဲ့လှပခြင်းတွေ ပိုင်ဆိုင်နိုင်ကြပါစေ။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement