အရေပြားနဲ့ကျန်းမာရေးအတွက် ရန်သူတော် ခရမ်းလွန်ရောင်ခြည်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

အသားအရေကို ပျက်စီးမှာ စိုးရိမ်တဲ့ သူတိုင်း ခရမ်းလွန်ရောင်ခြည်ကို ကြောက်လန့်တတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့အသားအရေကို မွဲခြောက်သွားစေဖို့၊ ထိခိုက်ပျက်စီးစေဖို့၊ အရေးအကြောင်းတွေ ထင်စေပြီး အိုမင်းရင့်ရော်စေဖို့ ကောင်းကောင်းဒုက္ခပေးနိုင်တာကိုး။ တကယ်တော့ ခရမ်းလွန်ရောင်ခြည်ဆိုတာ အလှအပအတွက်သာ မကပါဘူး။ အရေပြားကင်ဆာေတွ ဖြစ်နိုင်တဲ့အထိ သက်ရောက်မှုက ပြင်းလွန်းပါတယ်။

ဒါကြောင့်လည်း ကျွန်တော်တို့တွေ အပြင်ထွက်တဲ့အချိန်တိုင်း နေလောင်ကာလိမ်းဆေးေတွ မဖြစ်မနေ လိမ်းဖို့ လိုအပ်တာပါ။ ခဏလေးပဲဆိုပြီး ဘာမှမလိမ်းဘဲ မျက်နှာပြောင်နဲ့ ထွက်ပြီး ပြန်လာရင် ကိုယ့်မျက်နှာက သိသိသာသာကို မဲပြာပြီး ပျက်စီးသွားနိုင်ပါတယ်။ ဒီနေ့ ကျွန်တော်ပြောပြပေးမယ့် အကြောင်းအရာကတော့ အလှအပနဲ့ ကျန်းမာရေးကို စိတ်ဝင်စားသူတိုင်း သိထားသင့်တဲ့ ခရမ်းလွန်ရောင်ခြည်အကြောင်းပဲ ဖြစ်ပါတယ်။

ခရမ်းလွန်ရောင်ခြည်ဆိုတာ ဘာလဲ။

နေကနေ ကမ္ဘာမြေပေါ်ကို ကျရောက်လာတဲ့ အလင်းရောင်စဉ်တန်းကနေ ကွဲထွက်လာတဲ့ ဓါတ်ရောင်ခြည်ကို ခရမ်းလွန်ရောင်ခြည် (Ultraviolet Radiation) လို့ ခေါ်ပါတယ်။ ခရမ်းလွန်ရောင်ခြည်တွေဟာ ကျွန်တော်တို့ လူသားတွေ သာမန်မျက်စိနဲ့ မမြင်နိုင်လောက်တဲ့ အလင်းလှိုင်းတွေအဖြစ် ပြိုကွဲသွားပါတယ်။ ခရမ်းလွန်ရောင်ခြည်မှာ အလင်းလှိုင်းအကွာအဝေးပေါ် မူတည်ပြီး UV-A ၊ UV-B နဲ့ UV-C ဆိုပြီးတော့ ၃မျိုး ကွဲသွားပါတယ်။ ကံကောင်းစွာနဲ့ပဲ UV-C ဟာ ကမ္ဘာမြေကြီးရဲ့ လေထုကို ထိုးဖောက်နိုင်စွမ်းမရှိတဲ့အတွက် UV-A နဲ့ UV-B ၂မျိုးတည်းကိုသာ အဓိက ကာကွယ်ပေးဖို့ လိုပါတယ်။

ခရမ်းလွန်ရောင်ခြည်ရဲ့ အသားအရေပေါ် ဘယ်လောက်ထိ ဒုက္ခဖြစ်စေလဲ။

ခရမ်းလွန်ရောင်ခြည် ၃ မျိုးလုံးမှာ အသားအရေကို ထိခိုက်ပျက်စီးစေနိုင်တဲ့ ဆိုးကျိုးတွေ ပါဝင်နေပါတယ်။

၁။ ခရမ်းလွန်ရောင်ခြည်တွေထဲမှာ ကမ္ဘာပေါ်ကို ၉၅ ရာခိုင်နှုန်း ကျရောက်တာကတော့ UV-A ပါပဲ။ သူက ကျွန်တော်တို့ရဲ့ အရေပြားရဲ့ ဒုတိယမြောက်အလွှာထိ ထိုးဖောက်နိုင်စွမ်းရှိတယ်။ အရေးအကြောင်းေတွ ဖြစ်စေပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေတယ်။ အသားအရေကိုလည်း အရောင်မှိန်ပြီး ထိခိုက်ပျက်စီးစေပါတယ်။ UV-A ရဲ့ နောက်ထပ်ကြောက်ဖို့ကောင်းတဲ့အချက်ကတော့ တိမ်တွေ၊ လေထုကိုသာမက အိမ်က မှန်ပြတင်းပေါက်တွေကိုပါ ထိုးဖောက်နိုင်စွမ်းရှိတာပါ။

၂။ နေလောင်တယ်၊ အသားအရေထိခိုက်ပျက်စီးသွားတယ် ဆိုတဲ့ ကိစ္စတွေမှာ အဓိကတရားခံကို ပြောပါဆိုရင်တော့ UV-B ပါပဲ။ အရေပြားရဲ့ အပေါ်ယံအလွှာကို ပြင်းပြင်းထန်ထန် ထိခိုက်စေတယ်။ နေပူထဲ ၁၅မိနစ်လောက် ဘာမှမလိမ်းဘဲ ထွက်သွားလိုက်ပြီဆိုတာနဲ့ အရေပြားတစ်သျှူးတွေကို ကောင်းကောင်းကြီး ဒုက္ခပေးနိုင်ပါတယ်။ နီရဲစပ်ဖျဉ်းပြီး ပူစပ်ပူလောင်သလို ခံစားရမယ်၊ အသားက ကိုင်လိုက်တာနဲ့ အဖြူဖတ်တွေ ကွာကျလာမယ်၊ ခန္ဓါကိုယ်ကပါ ရေဓါတ်ဆုံးရှုံးပြီဆိုရင် ပိုပြီးတော့ ဝေဒနာကို ဆိုးဆိုးရွားရွား ခံစားရစေနိုင်ပါတယ်။ ဒါ့အပြင် UV-B ခရမ်းလွန်ရောင်ခြည်က အရေပြားကင်ဆာကိုလည်း ဖြစ်စေနိုင်တယ်လို့ လေ့လာတွေ့ရှိရပါတယ်။

၃။ UV-C ကတော့ အထက်မှာ ပြောခဲ့သလိုပဲ ကမ္ဘာ့လေထုကို ထိုးဖောက်နိုင်စွမ်းမရှိတဲ့အတွက် သိပ်ပြီး စိတ်ပူဖို့ မလိုပါဘူး။ လူတွေကိုယ်တိုင် ပြုလုပ်ထားတဲ့ ပြဒါးမီးအိမ်၊ သံဂဟေဆက်တဲ့ နေရာမှာ အသုံးပြုတဲ့ မီးရှူးတွေမှာတော့ UV-C အနည်းနဲ့ အများ ပါဝင်နိုင်ပါတယ်။ UV-C က အရေပြားကင်ဆာ ဖြစ်စေလောက်တဲ့ ခရမ်းလွန်ရောင်ခြည်ထဲမှာတော့ မပါဝင်သေးပါဘူး။ ဒါပေမယ့်လည်း အသားအရေကို အရောင်မှိန်သွားစေပြီး ညိုမည်းလာစေနိုင်တယ်ဆိုတာကိုတော့ သတိထားသင့်တယ်နော်။

ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရေပျက်စီးမှုကို ဘယ်လိုကာကွယ်မလဲ။

၁။ မနက် ၁၀နာရီမှ ညနေ ၄နာရီအတွင်း အချိန်ဟာ နေအပူဆုံးနဲ့ ခရမ်းလွန်ရောင်ခြည် ပြင်းထန်စွာ ကျရောက်နိုင်တဲ့ အချိန် ဖြစ်တဲ့အတွက် အဲ့ဒီအချိန်အတွင်း တတ်နိုင်သလောက် အပြင်ထွက်တာမျိုး ရှောင်သင့်ပါတယ်။

၂။ အပြင်သွားတော့မယ်ဆိုရင် နေရောင်နဲ့ တိုက်ရိုက်ထိတွေ့နိုင်မယ့် နေရာမှန်သမျှ နေလောင်ကာလိမ်းဆေး လိမ်းပေးဖို့ အရေးကြီးပါတယ်။ ၅ နှစ်နဲ့ အထက် ကလေးတွေကို SPF 15 လောက်ပါဝင်တဲ့ လိမ်းဆေး လိမ်းပေးပါ။ အသက် ၁၈ အထက် လူငယ်တွေနဲ့ လူကြီးတွေဆိုရင် SPF 30 အနည်းဆုံး ပါဝင်တဲ့ နေလောင်ကာလိမ်းဆေးမျိုး အသုံးပြုသင့်ပါတယ်။

၃။ နေလောင်ကာလိမ်းဆေး ဝယ်ရာမှာ UV-A နဲ့ UV-B ၂မျိုးလုံးကို ကာကွယ်ပေးနိုင်တဲ့ တံဆိပ်ကို ရွေးချယ်ဝယ်ယူပါ။

၄။ နေပူတဲ့အချိန် သို့မဟုတ် ပြေးလွှားလှုပ်ရှားနေရင် ချွေးပိုထွက်တဲ့အတွက် နေလောင်ကာလိမ်းဆေးက ပျက်ပြယ်သွားနိုင်ပါတယ်။ ဒါကြောင့် ၂နာရီခြား တစ်ခါ မျက်နှာကို တစ်သျှူးအခြောက် သို့မဟုတ် wet tissue အသုံးပြုပြီး သုတ်ပြီးမှ နေလောင်ကာလိမ်းဆေး ပြန်လိမ်းပေးရပါမယ်။

၅။ လိုအပ်ရင် ထီး၊ ဦးထုပ်၊ ဆောင်းသွားပါ။ အကျီၤလက်ရှည်၊ ဘောင်းဘီရှည် အစရှိသဖြင့် အဝတ်အစားကို လုံလုံခြုံခြုံ ဝတ်သွားပါ။ မျက်လုံးကိုလည်း ထိခိုက်မှုမဖြစ်စေဖို့ နေအရမ်းပူလွန်းတဲ့ အချိန်တွေမှာ နေကာမျက်မှန် တပ်ပေးလို့ ရပါတယ်။

ကိုယ့်ဘက်ကသာ သေချာပြင်ဆင်သွားမယ်၊ အကာအကွယ်တွေ သုံးသွားမယ်ဆိုရင် နေရောင်ကြောင့် အသားအရေ ပျက်စီးမှာ စိတ်ပူစရာမလိုဘဲ နွေရာသီရဲ့ အငွေ့အသက်လေးကို သေချာခံစားကြည့်လို့ ရပြီပေါ့။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဆယ်ကျော်သက်နဲ့အရေပြား ပြဿနာ

အသားအရေ စတင် ပြောင်းလဲတဲ့ ဆယ်ကျော်သက်အရွယ်မှာ ဘယ်လို အရေပြားပြောင်းလဲမှုတွေ ဖြစ်ပြီး ဘယ်လို အရေပြား ပြဿနာတွေ ခံစားရနိုင်လဲဆိုတာကို သတိထားလို့ရစေဖို့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

Skincare နဲ့ ပတ်သက်တဲ့ အယူအဆ အလွဲတွေ

Skincare ကို ဝါသနာပါကြတဲ့ ပျိုမေတွေကြား ဘာက အမှန်၊ ဘာကအမှား ပြောရခက်တဲ့ တချို့ အယူအဆလေးတွေ ရှိနေတတ်ပါတယ်။ စကင်းကဲအကြောင်း သိကောင်းစရာ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

ဗီတာမင် PP နဲ့ အသားအရေ

ဗီတာမင် PP ဆိုလို့ ရှိလို့လား၊ ဟုတ်ရော ဟုတ်ရဲ့လားဆိုပြီး မအံ့ဩ သွားနဲ့နော်။ ဗီတာမင် PP ဆိုတာက ဗီတာမင် B အုပ်စုဝင် ဗီတာမင် B3 ပါ။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဆိုရီယေးစစ်လား အရေပြားကင်ဆာ လား

ဆိုရီယေးစစ် (Psoriasis) ဆိုတာ အရေပြားလေးဘက်နာရောဂါတစ်မျိုးပါ။ အကြောင်းရင်းမရှိဘဲ ရုတ်တရက် အရေပြားမှာ အကွက်တွေပေါ်လာပြီး ယားယံတတ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

နေရောင်ခြည် မှရသော ကောင်းကျိုးနှင့် ဆိုးကျိုးများ

နေရောင်ခြည် မှရသော ကောင်းကျိုးနှင့် ဆိုးကျိုးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 25, 2020 . 2 mins read
သင့်မျက်နှာလေး Glow ဖို့ရာ ဒီအစားအစာတွေ နေ့စဉ်စားပါ

သင့်မျက်နှာလေး Glow ဖို့ရာ ဒီအစားအစာတွေ နေ့စဉ်စားပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 2 mins read

အိမ်မှာနေရင်း နှုတ်ခမ်းသားကို ပန်းသွေးကြွအောင် ဘယ်လိုထိန်းသိမ်းမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 30, 2020 . 2 mins read

နေလောင်ခံအသားအရေအတွက် ရှားစောင်းလက်ပပ်ကို ဘယ်လိုသုံးမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 30, 2020 . 2 mins read