အသားအရေအတွက် မရှိမဖြစ် ဗီတာမင်အာဟာရ (၄) မျိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇွန် 29, 2020 . 2 mins read
Share now

တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကြီးထဲမှာ မိန်းကလေးတွေသာမက ယောက်ျားလေးတွေပါ ကိုယ့်ရဲ့ အသားအရေကို အရင်ကထက် သေချာဂရုစိုက်ပြီး အလေးအနက်ထားလာကြပါတယ်။ ကိုယ်ခန္ဓာကျန်းမာစေဖို့ အာဟာရဓါတ်တွေ လိုအပ်သလို အသားအရေ လှပစေဖို့လည်း မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေ ရှိပါတယ်။ ဒီလိုအာဟာရဓာတ်တွေကို ပြီးပြည့်စုံအောင် ရရှိပါမှ ကိုယ့်အသားအရေက ကျန်းမာစိုပြေနေပြီး မြင်သူငေးရလောက်အောင် လှနေမှာပေါ့။

လူတွေတော်တော်များများ သိထားကြတာ နေရောင်ခြည်ဒဏ်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်ဟာ အသားအရေကို တော်တော်လေး ထိခိုက်ပျက်စီးစေနိုင်တယ်ဆိုတာပါပဲ။ တကယ်တော့ ဒီအချက်ဟာ လုံးဝမှန်တယ်လို့ မဆိုနိုင်ပါဘူး။ တစ်နေ့ကို ၁၀ မိနစ်ကနေ ၁၅ မိနစ်လောက်အထိ အသားအရေကို နေရောင်နဲ့ တိုက်ရိုက်ထိတွေ့ခွင့်ပေးမယ်ဆိုရင် လုံလောက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နေရောင်ခြည်ထဲမှာ ပါဝင်တဲ့ ဗီတာမင် ဒီ ဓာတ်ဟာ အသားအရေကို စိုပြေဝင်းလက်စေဖို့ မရှိမဖြစ် ဗီတာမင် ၄မျိုးထဲမှာ ပါဝင်နေလို့ပါပဲ။ ဗီတာမင် ဒီ အပြင် ဗီတာမင် စီ၊ ဗီတာမင် အီး၊ ဗီတာမင် ကေ တို့မှာ အရေပြားပေါ်က အမဲစက်တွေ၊ နေလောင်ဒဏ်တွေ၊ နီရဲယားယံတာ၊ အရေးအကြောင်းတွေ၊ အသားအရေ ကြမ်းပြီး ခြောက်လာတာကို လျော့နည်းသက်သာစေနိုင်တဲ့ ဂုဏ်သတ္တိတွေ ပါဝင်ပါတယ်။

ဒီဆောင်းပါးလေးမှာတော့ နွေ၊ မိုး၊ ဆောင်း ဥတုမရွေး အသားလေးလှပြီး စိုနေစေဖို့ မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် ၄ မျိုးနဲ့ ဘယ်လိုရရှိနိုင်မလဲဆိုတာကို အလှအပစိတ်ဝင်စားသူတွေအတွက် ပြောပြပေးချင်ပါတယ်။

၁။ ဗီတာမင် ဒီ (Vitamin D)

အဓိက နေရောင်ခြည်ကနေ အများဆုံး ရရှိပြီး အသားအရေနဲ့ တိုက်ရိုက်ထိတွေ့တဲ့အခါ ကိုယ်ခန္ဓာက ကိုလက်စထရောဓာတ်တွေကို ဗီတာမင် ဒီ အဖြစ် ပြောင်းလဲပေးပါတယ်။ အသည်းနဲ့ ကျောက်ကပ်မှာ ဗီတာမင် ဒီ ကို သိုလှောင်ထားပြီး ကိုယ်ခန္ဓာအနှံ့ ဆဲလ်တွေ ကျန်းမာစေဖို့ သယ်ယူပို့ဆောင်ပေးပါတယ်။ အရေပြားကို ကျန်းမာစေပြီး အနီရောင် အဖုအပိမ့်ထတဲ့ အရေပြားရောဂါတွေကို သက်သာပျောက်ကင်းစေတဲ့ နေရာမှာလည်း ဗီတာမင် ဒီ ဓာတ်ဟာ အရေးပါပါတယ်။

ဒါကြောင့် လူသားတိုင်း နေ့စဉ် နေရောင်ခြည်နဲ့ ၁၀ မိနစ်မှ ၁၅မိနစ်ထိ ထိတွေ့ဖို့ လိုအပ်ပြီး အသက်ကြီးတဲ့သူတွေနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာဆိုရင် ပိုပြီးတောင် ဗီတာမင် ဒီ ဓာတ်ကို ပိုမိုလိုအပ်ပါတယ်။ အပြင်မထွက်ခင် နေလောင်ကာခရင်မ်ကို လိမ်းသွားဖို့လည်း မမေ့သင့်ပါဘူးနော်။ အစားအစာအနေနဲ့ ဒိန်ချဉ်၊ အချဉ်ဓာတ်များတဲ့ အသီးအနှံ၊ ဆောလ်မွန်ငါး၊ တူနာငါး၊ ငါးကြီးဆီကနေလည်း ဗီတာမင် ဒီ ဓာတ်ကို ရရှိနိုင်ပါတယ်။

၂။ ဗီတာမင် စီ (Vitamin C)

လူတော်တော်များများ သိထားကြတဲ့ အချက်ကတော့ အရေပြားနဲ့ အလှအပအတွက် ဗီတာမင် စီ ဓာတ်ဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတယ်ဆိုတာပါပဲ။ ဗီတာမင် စီ ဟာ အရေပြားအတွက်သာမက ခန္ဓာကိုယ်အတွက်လည်း အကျိုးကျေးဇူးများစွာ ဖြစ်စေနိုင်ပါတယ်။ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်ထဲ ဝင်လာမယ့် ရောဂါပိုးတွေကို တိုက်ထုတ်ပေးဖို့ ကင်ဆာရောဂါတွေကို တိုက်ဖျက်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်း၊ အသားအရေကို ကျန်းမာစိုပြေစေတဲ့ ကော်လဂျင်ဆဲလ် (Collagen) အသစ်တွေ ထုတ်လုပ်မှု မြန်စေဖို့ ဗီတာမင် စီဟာ ကူညီပေးပါတယ်။

အသားဖြူစေတဲ့ အလှကုန်ပစ္စည်းတွေရဲ့ အာနိသင်ကိုလည်း မြှင့်တင်ပေးနိုင်တယ်။ ခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် အသားအရေ ပျက်စီးခြင်းမှလည်း ကာကွယ်ပေးတယ်။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း လက္ခဏာတွေကို နှေးကွေးစေတယ်။ ပျက်စီးနေတဲ့ ဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးပြီး အရေးအကြောင်းတွေကိုလည်း ပြေလျော့စေတယ်။ ခြောက်သွေ့နေတဲ့ အသားအရေကို စိုစိုပြေပြေ ဖြစ်လာစေဖို့ ကူညီပေးပါတယ်။

ဗီတာမင် စီ ဓာတ်ကို နေ့စဉ်စားသုံးနေတဲ့ အစားအစာမျိုးစုံကနေ ရရှိနိုင်ပြီး အချဉ်ဓာတ်များတဲ့ အသီးအနှံတွေ၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ၊ ငါးကြီးဆီကနေလည်း ရရှိနိုင်ပါတယ်။ များသောအားဖြင့် ကျွန်တော်တို့ နေ့စဉ်စားသုံးနေတဲ့ အစာအာဟာရထဲမှာ ဗီတာမင် စီဓာတ်တွေ တော်တော်များများ ပါဝင်နေတာကြောင့် ဖြည့်စွက်အားဆေးအနေနဲ့ ထပ်ပြီး သောက်ဖို့တော့ မလိုအပ်ပါဘူး။

၃။ ဗီတာမင် အီး (Vitamin E)

အရေပြားဆဲလ်ထဲမှ ထွက်ရှိတဲ့ သဘာဝအဆီဓာတ် (sebum) ထဲမှာ ဗီတာမင် အီး ဓာတ်တွေ ပါဝင်ပါတယ်။ အသားအရေခြောက်သွေ့မှုကို ကာကွယ်ပေးပြီး နေရောင်ခြည်ဒဏ်ကြောင့် အသားအရေ ထိခိုက်ပျက်စီးမှုကို လျော့နည်းစေတယ်။ အမဲစက်တွေ၊ အရေးအကြောင်း ထင်နေတဲ့ အသားအရေကိုလည်း နဂိုအတိုင်း ဖြူစင်တောက်ပလာစေတယ်။

ဗီတာမင် အီး ဓာတ်ကို နေကြာစေ့၊ ကွာစေ့၊ ဖရုံစေ့ အစရှိတဲ့ အစေ့အဆန်တွေ၊ အယ်လ်မွန်သီး၊ သစ်အယ်သီး အစရှိတဲ့ အခွံမာသီးတွေကနေ အများဆုံး ရရှိနိုင်ပါတယ်။ အလှကုန်ပစ္စည်း အများစုမှာလည်း ဗီတာမင် စီ နဲ့ ဗီတာမင် အီး အားဖြည့်အာဟာရတွေ ထည့်သွင်းထားပါတယ်။

၄။ ဗီတာမင် ကေ (Vitamin K)

အရေပြားပေါ်က ထိခိုက်ပွန်းပဲ့ထားတဲ့ ဒဏ်ရာတွေ၊ အနာတွေ၊ ခွဲစိတ်ထားတဲ့ အမာရွတ်တွေကို ပျောက်ကင်းစေတယ်။ အသက်ကြီးတဲ့ အမျိုးသမီးတွေ ပေါင်နဲ့ ခြေသလုံးမှာ တွေ့ရတတ်တဲ့ အကြောပြတ်ရာတွေ၊ လက်ပြတ်ရာတွေ၊ အမာရွတ်၊ အမည်းစက်၊ ပန်ဒါမျက်လုံးလို့ ခေါ်တတ်ကြတဲ့ မျက်ကွင်းညိုတာတွေကိုလည်း သက်သာစေပါတယ်။

ကိုက်လန်၊ ဟင်းနုနွယ်၊ ဆလတ်ရွက်၊ ဂေါ်ဖီထုပ်၊ အစိမ်းရောင် ပဲစေ့တွေမှာလည်း ဗီတာမင် ကေ ဓာတ်တွေ ပါဝင်ပါတယ်။ ဖြည့်စွက်စာ၊ အားဆေး မှီဝဲမယ်ဆိုရင်လည်း ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ကိုယ်နဲ့ အသင့်တော်ဆုံးဖြစ်မယ့် အားဆေးကို ညွှန်ခိုင်းလို့ ရပါတယ်။ များသောအားဖြင့် ဗီတာမင်နဲ့ သတ္တုဓာတ်တွေဆိုတာ အစာအာဟာရ မျှတစွာ စားပေးရုံနဲ့ လုံလောက်စွာ ရရှိနိုင်ပါတယ်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ပိုးကောင်ကိုက်တာကို သက်သာစေမယ့် သဘာဝနည်းလမ်းများ

ပိုးကောင် ကိုက်တာကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ တစ်နေ့တာ ခြင် ခါချဉ် အင်းဆက် အရေပြား အရည်ကြည်ဖု နီမြန်း ယားယံမယ် ဆားရည်စိမ်ပါ ဆား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ငွေဝင်တော့မယ့် လက်ဖဝါးနုနု ယားယံနေပြီလား

လက် အရေပြား ယားယံခြင်း အသားအရေ အသားခြောက် ဓာတ်မတည့် ဓာတုပစ္စည်း အရေပြားရောဂါ မှိုစွဲခြင်း အစိုဓာတ် လေထု ဆပ်ပြာ ဆီးချိုရောဂါ လိမ်းဆေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

သက်သတ်လွတ်စားခြင်းနှင့် ပတ်သက်သော အယူအဆအလွဲအချို့

သက်သတ်လွတ်စား ကိုယ်အလေးချိန် သံဓာတ် Omega 3 ကယ်လ်လိုရီ ဗီတာမင် B12 ကျန်းမာရေး ဒိန်ခဲ ဟင်းသီးဟင်းရွက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

ဟမ်ဘာဂါမစားပဲ စမူဆာ စားသင့်ရတဲ့ အကြောင်းအရင်း

စမူဆာ၊ ဟမ်ဘာဂါ၊ ကျန်းမာရေး၊ ဆီကြော်မုန့်၊ အာလူး၊ ကြက်သွန်နီ၊ ပဲ၊ အမဲသား၊ ဆိတ်သား၊ ကယ်လိုရီ၊ အဆီ၊ ဆိုဒီယမ်၊ ကာဘိုဟိုက်ဒြိတ်၊ ဖိုက်ဘာ၊ သကြား၊ ပရိုတိန်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

လေ့ကျင့်ခန်းလိုက်စားခြင်းဖြင့် လူ့ဘဝသက်တမ်းကို မြှင့်တင်ကြမယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 10, 2020 . 2 mins read

သုက်ပိုးနဲ့ ပတ်သက်တဲ့ အလွဲလေးတချို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 10, 2020 . 2 mins read
နှစ်တစ်ရာသီး နဲ့ ကျန်းမာရေး

နှစ်တစ်ရာသီး နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 10, 2020 . 1 min read
ဗာဒံရွက်က ဆေးဖက်ဝင်လား။

ဗာဒံရွက်က ဆေးဖက်ဝင်လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 10, 2020 . 1 min read