ဝက်ခြံအမာရွတ်တွေနဲ့ အကြောပြတ်ရာတွေအတွက်သောက်ပေးသင့်တဲ့ ဖျော်ရည်တွေက

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 2, 2020 . 2 mins read
Share now

ဝက်ခြံအမာရွတ်တွေနဲ့ အကြောပြတ်ရာတွေကြောင့် ကိုယ့်ကိုကိုယ် ယုံကြည်ချက်ရှိရှိ မလှနိုင်ဘဲ စိတ်ညစ်နေပြီလား။ ဒါဆိုရင် အလှပျက်စေတဲ့ အကြောပြတ်ရာနဲ့ ဝက်ခြံအမာရွတ်တွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ ပြောပြပေးမယ်နော်။

ဘယ်လိုများဖြေရှင်းမှာလဲ ဆေးသောက်ရမှာလား၊ ဆေးလူးရမှာလားလို့များတွေးနေလား။ မဟုတ်ပါဘူး။ ဖျော်ရည်အေးအေးလေးတွေကို သောက်ပေးရုံနဲ့ အလှပျက်စေတဲ့ ဝက်ခြံအမာရွတ်တွေနဲ့ အကြောပြတ်ရာတွေကို အထိရောက်ဆုံးဖယ်ရှားနိုင်မှာပါ။

ဝက်ခြံ အမာရွတ်တွေနဲ့ အကြောပြတ်ရာတွေအတွက် ဘာတွေသောက်ကြမလဲ………..

အရေပြားပေါ်က အလှပျက်စေတဲ့ ဝက်ခြံအမာရွတ်တွေ နဲ့ အကြောပြတ်ရာတွေကိုသက်သာစေဖို့အတွက်

ရေ

အသားအရေကျန်းမာစေဖို့ ရေဓာတ်ကမရှိမဖြစ်လိုအပ်တာပါ။ ဒီတော့ အရေပြားပေါ်မှာရှိနေတဲ့ ဝက်ခြံအမာရွတ်တွေနဲ့ အကြောပြတ်ရာတွေကို သက်သာစေဖို့အတွက် ရေများများသောက်ပေးပါ။ ရေဓာတ်ပြည့်ဝနေမှုက အသားအရေကို ကျန်းမာစေပြီး အနာကျက်မြန်စေဖို့လည်း အထောက်အပံ့ပေးပါတယ်။ အစိုဓာတ်ထိန်းပေးပြီး အရေပြားတစ်ရှူးတွေကို ကျန်းမာစေနိုင်ပါတယ်။ အမာရွတ်တွေကို ပျောက်စေနိုင်သလို အကြောပြတ်ရာတွေကို သက်သာစေနိုင်ပါတယ်။ အနာတွေကို အသားပြည့်စေပြီး ကျန်းမာတဲ့ အရေပြားဆဲလ်သစ်တွေဖြစ်ပေါ်အောင် အားဖြည့်ပေးနိုင်မှာပါ။ အရွယ်မတိုင်ခင် အိုမင်းတာနဲ့ အသားအရေပျက်စီးထိခိုက်တာတွေ မရှိစေဖို့လည်း ရေများများသောက်ပေးပါ။ ကိုယ်တွင်းကအဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အသားအရေကို ကြည်လင်နေစေမှာ အသေအချာပါ။

မုန်လာဥနီဖျော်ရည်

အရေပြားပေါ်က အကြောပြတ်ရာတွေနဲ့ဝက်ခြံအမာရွတ်တွေကို အထိရောက်ဆုံး ဖယ်ရှားပေးမယ့် နောက်ထပ်သောက်စရာတစ်ခုကတော့ အရောင်အသွေးရော အရသာပါပြည့်စုံနေတဲ့ မုန်လာဥနီဖျော်ရည်ပါ။ မုန်လာဥနီဖျော်ရည်မှာ ဗီတာမင် A၊ ဗီတာမင် B အုပ်စု၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ် တို့ပါဝင်နေပါတယ်။ ဗီတာမင် A က အရေပြားတစ်ရှူးတွေကို ကျန်းမာစေပြီး အရေပြားပေါ်က ထိခိုက်ဒဏ်ရာတွေကို အနာကျက်စေနိုင်ပါတယ်။ ဝက်ခြံအမာရွတ်တွေကို လျော့ပါးစေနိုင်ပြီး အကြောပြတ်ရာတွေကို အထိရောက်ဆုံးသက်သာစေနိုင်မှာပါ။ ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ လည်း အကြောပြတ်ရာတွေမဖြစ်အောင် ကာကွယ်တဲ့အနေနဲ့ တစ်ပတ်ကို နှစ်ကြိမ် မုန်လာဥနီဖျော်ရည်သောက်ပေးလို့ရပါတယ်။

သံပရာရည်

ဝက်ခြံအမာရွတ်တွေနဲ့ အကြောပြတ်ရာတွေကို သက်သာစေဖို့ နောက်ထပ်သောက်ပေးသင့်တဲ့ ဖျော်ရည်တစ်ခုကတော့ သံပရရည်ပါ။ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေမှုက  အသားအရေကို ကြည်လင်ကျန်းမာစေနိုင်ပါတယ်။ ဓာတ်တိုးဆန့်ကျင် အာနိသင်ရှိတာကြောင့် free radicals တွေကိုတိုက်ထုတ်ပေးပြီး ကော်လာဂျင်တွေထွက်ရှိလာအောင် လှုံ့ဆော်ပေးပါတယ်။  အရေပြားအတွက်လိုအပ်တဲ့ ပရိုတင်းကို အကောင်းဆုံးဖြည့်တင်းပေးနိုင်ပါတယ်။ တစ်နေ့ကို သံပရာရည် ၂ ခွက် လောက်ပုံမှန်သောက်ပေးတာက ၁၀ ရက် ကနေ ၁၅ ရက်အတွင်းမှာ အမာရွတ်တွေနဲ့ အကြောပြတ်ရာတွေကို သိသိသာသာ သက်သာစေမှာပါ။

ကဲ…… ဝက်ခြံအမာရွတ်တွေ၊ အကြောပြတ်ရာတွေကြောင့် စိတ်ညစ်မနေနဲ့တော့နော်။ အခုပြောပြခဲ့တဲ့ ဖျော်ရည်လေးတွေကို အရသာရှိရှိသောက်ပြီး ကျန်းမာလှပတဲ့ အသားအရေပိုင်ရှင်လေးဖြစ်အောင် လုပ်လိုက်တော့နော်…………

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန် ခေါင်းကိုက်ခြင်း

ကိုယ်ဝန်ဆောင်မေမေတစ်ယောက်အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးမျိုးသော ခေါင်းကိုက်ခြင်း ပြဿနာကို ခံစားရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကျန်းမာရေးပြဿနာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

စိတ်ဖိစီးမှု ဆိုးဆိုးရွားရွား လွန်ကဲနေတဲ့ လက္ခဏာ ၁၀ ရပ်

စိတ်ဖိစီးမှုများတာမကောင်းပါဘူး။ ဘယ်အခြေအနေကို စိတ်ဖိစီးမှုများတယ်လို့ ဆိုနိုင်မလဲ။ ဘယ်လောက်အတိုင်းအတာဆိုရင် ဆိုးဆိုးရွားရွား လွန်ကဲနေပြီလို့ ပြောနိုင်မလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ပန်ကရိယလေး ကျန်းမာစေဖို့ လိုက်နာသင့်တဲ့ အလေ့အထများ

ပန်ကရိယ ကောင်းကောင်း အလုပ်မလုပ်တဲ့အခါ အင်ဆူလင် ဟော်မုန်းကို မထုတ်နိုင်တော့ဘဲ သွေးတွင်းသကြားဓာတ် မြင့်တက်ရာကနေတဆင့် သွေးချိုဆီးချို ဖြစ်လာပါတော့တယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သီးသီးအကြောင်း သိကောင်းစရာ

သီးသီးက အပြင်ခွံမာမာလေးနဲ့ လုံးဝန်းပါတယ်။ အထဲမှာ အနှစ်လေးတွေရှိပြီး အစေ့ အဖြူလေးတွေ ပါရှိပါတယ်။ မြင်သာအောင်ပြောပြရရင် ဥသျှစ်သီး အသေးစားလေးနဲ့ တူပါတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

Glass skin လေးဖြစ်အောင် အခြေခံအချက်တွေကို ဂရုစိုက်ကြမယ်။

Glass skin လေးဖြစ်အောင် အခြေခံအချက်တွေကို ဂရုစိုက်ကြမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 23, 2020 . 2 mins read
ရင်သားထွားထွား ရောဂါများများ

ရင်သားထွားထွား ရောဂါများများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 14, 2020 . 2 mins read
ဘယ်အရာတွေက သင့်အသားအရေကို ပျက်စီးစေတာလဲ

ဘယ်အရာတွေက သင့်အသားအရေကို ပျက်စီးစေတာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 7, 2020 . 2 mins read
အရသာရှိရှိ ဆေးဘဲဥသုပ် စားကြရာဝယ်

အရသာရှိရှိ ဆေးဘဲဥသုပ် စားကြရာဝယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 5, 2020 . 2 mins read