ဝက်ခြံကြောင့် စိတ်ညစ်ခံမနေပါနဲ့တော့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇွန် 29, 2020 . 2 mins read
Share now

ဝက်ခြံပြောတော့သာဘာမှမဟုတ်သလို သူပေးတဲ့ ဒုက္ခကမသေးဘူးရယ်။ ဝက်ခြံက မျက်နှာမှာ အဓိကထွက်တာဆိုပေမယ့် ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာလည်း ထွက်နိုင်ပါသေးတယ်နော်။ အဓိကကတော့ မျက်နှာမှာထွက်တဲ့ ဝက်ခြံတွေကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုပျောက်ဆုံးတာတွေ၊ ကျဆင်းတာတွေဖြစ်ရတာပါ။ ဝက်ခြံထွက်နေရင် မိတ်ကပ်လူးရတာတောင်အဆင်မပြေဘူးနော်။ အလှကြိုက်တဲ့လေဒီလေးတွေအတွက် ဝက်ခြံက ရန်သူတော်ကြီးပါပဲ။ ဒီရန်သူတော်ကြီးကို အမြစ်ပြတ်ချေမှုန်းဖို့ နည်းမျိုးစုံကြိုးစားပေမယ့် အခုထိမအောင်မြင်သေးဘူးဆိုရင်တော့ အတူတူချေမှုန်းကြည့်မလား။

ဝက်ခြံတွေကိုဒီလိုချေမှုန်းပါ

မျက်နှာမှာ ဝက်ခြံတစ်လုံးပျောက်သွားတိုင်းဖြစ်တဲ့ ပီတိကတော်တော်လေး သဘောကျစရာပါနော်။ ဒီပီတိလေးကိုများ မခံစားချင်ဘူးလား။ ဒါဆိုရင် ဒီနည်းလမ်းလေးတွေက အကောင်းဆုံး အကူအညီပေးနိုင်ပါလိမ့်မယ်နော်။

Micellar Water သုံးပါ

မျက်နှာပေါ်က အညစ်အကြေးတွေကို အတွင်းပိုင်းထိသန့်စင်စေဖို့ မျက်နှာ မသစ်ခင်မှာ အရင်ဆုံး Micellar Water ကို ဂွမ်းစလေးမှာ ဆွတ်ပြီး မျက်နှာပေါ်က အညစ်အကြေးတွေကို သန့်စင်ဖယ်ရှားပါ။ ဒါကလည်း ဝက်ခြံဖြစ်တာကို သိသိသာသာသက်သာစေနိုင်ပါတယ်နော်။

မျက်နှာကို သန့်စင်ပါ

အရေးကြီးဆုံးတွေထဲကတစ်ချက်ပေါ့။ ဝက်ခြံရှိသူတွေက အခြားသူတွေထက် မျက်နှာသစ်ဆေးကိုသေချာရွေးချယ်ဖို့လိုပါမယ်နော်။ အရမ်းလည်းမပြင်းဘဲ pH ပမာဏမျှတတဲ့ မျက်နှာသစ်ဆေးက အဆင်ပြေဆုံးဖြစ်မှာပါ။ မျက်နှာကိုလည်း အကြိမ်ကြိမ်သစ်နေစရာမလိုဘဲ မျက်နှာကိုသွေးလည်ပတ်မှုကောင်းအောင် ညင်ညင်သာသာလေးနှိပ်လို့ မနက်တစ်ကြိမ် ညနေတစ်ကြိမ် မျက်နှာသစ်ရင်ကို လုံလောက်ပါပြီနော်။ Paraffin၊ mineral ပါဝင်မှုများတဲ့ မျက်နှာသစ်ဆေးတွေ၊ အမွှေးနံ့ပြင်းလွန်းတဲ့ မျက်နှာသစ်ဆေးတွေကို မရွေးပါနဲ့။ မျက်နှာသစ်တဲ့အခါမေးရိုးတလျှောက်၊ လည်ပင်း၊ နားရွက်နောက်ပိုင်းတွေကိုပါမကျန် သန့်စင်ဖို့လိုပါမယ်နော်။ မျက်နှာမသစ်ခင် လက်အရင်ဆေးဖို့လည်း မမေ့ပါနဲ့နော်။ မျက်နှာကို ကြမ်းကြမ်းတမ်းတမ်းပွတ်တာမျိုး မလုပ်ပါနဲ့။

တိုနာသုံးပါ

မျက်နှာကို သစ်ပြီးပေမယ့် ကျန်နေတဲ့ အကြွင်းအကျန်တွေကို ဖယ်ရှားဖို့ တိုနာကိုအားကိုးရမှာပါ။ ဒါမှ အရေပြားပေါ်က အဆီတွေ၊ ဖုန်မှုန့်တွေကို ဖယ်ရှားပေးပြီး အသားအရေကိုရေဓာတ်ဖြည့်ပေးပြီး အမည်းစက်တွေဖြစ်ပေါ်မှုနဲ့ ဆားဝက်ခြံတွေဖြစ်ပေါ်မှုကို တားဆီးပေးနိုင်မှာပါ။ ဂွမ်းစလေးနဲ့ တိုနာကိုစုပ်ယူပြီး မျက်နှာအနှံ့နဲ့လည်ပင်းကိုပါသုံးပေးပါ။ လည်ပင်းအသားအရေက မျက်နှာအသားအရေလိုပဲ နူးညံ့ပါတယ်။ ဒါကြောင့် လည်ပင်းအသားအရေကိုလည်း ဂရုစိုက်ဖို့ လိုပါမယ်နော်။

မျက်နှာကိုအပေါ်ကပြောတဲ့ အဆင့်လေးတွေအတိုင်းလုပ်ပြီးသွားပြီဆိုရင် ဝက်ခြံအတွက် ထုတ်ထားတဲ့ ခရင်မ်တစ်ခုခုလူးပေးပါ။ ဆရာဝန်နဲ့ပြသကြည့်လို့ရသလိုဆေးဆိုင်တွေမှာလည်းမေးပြီး ဝယ်လို့ရပါတယ်။ အခုဆို အလှအပအတွက်ကောင်တာတွေမှာ အသားအရေအတွက် အလိုက်ဖက်ဆုံးဖြစ်မယ့် အရာတွေကိုရွေးချယ်ဝယ်ယူလို့ရနေပါပြီနော်။

Moisturizer လူးပါ
ပြီးရင်တော့ အရေပြားကိုရေဓာတ်ဖြည့်ပေးဖို့ အစိုဓာတ်ထိန်းခရင်မ်လူးပေးပါ။ ဒီအဆင့်ကလုံးဝကျော်မသွားသင့်တဲ့ အဆင့်ပါနော်။ အသားအရေခြောက်သွေ့တာနဲ့အရေပြားအဖတ်လန်တာတွေကို သက်သာစေနိုင်ပါတယ်။ တစ်နေ့ကိုနှစ်ကြိမ်အဆီမပါတဲ့ Moisturizer လိမ်းပေးပါ။
နောက်တဆင့်ကတော့ ဝက်ခြံသမားတွေအတွက် သီးသန့်ထုတ်ထားတဲ့နေလောင်ကာခရင်မ်ကိုလူးဖို့ပါ။ ဒါမှနေရောင်ကြောင့် အသားအရေထိခိုက်ပျက်စီးမှုကို ထိထိရောက်ရောက်ကာကွယ်နိုင်မှာပါ။ Moisturizerတွေမှာ SPF ပါတတ်ပေမယ့် အသားအရေကို ထိခိုက်မှုအနည်းဆုံးဖြစ်အောင်ဆိုရင်နေလောင်ကာခရင်မ် ထပ်လူးမှဖြစ်မှာပါ။ ခရမ်းလွန်ရောင်ခြည်က ဝက်ခြံအမာရွတ်တွေကို ပိုဆိုးစေနိုင်ပါတယနော်။

ပြီးရင် မိတ်ကပ်လူးလို့ရပါပြီနော်။ နောက်သတိထားရမှာက တစ်ပတ်ကို အနည်းဆုံးတစ်ကြိမ် မျက်နှာပေါ်ကဆဲလ်သေတွေကို ဖယ်ရှားဖို့နဲ့ ညအိပ်ရာမဝင်ခင်မှာ မျက်နှာပေါ်က မိတ်ကပ်နဲ့ အဆီတွေကို michellar water လေးသုံးလို့ ဖယ်ရှားလိုက်ဖို့ပါနော်။ ဒီနည်းလေးတွေအတိုင်း ပုံမှန်လုပ်ပေးသွားရင် ဝက်ခြံကင်းပြီး ကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်ရမှာ အသေအချာပါနော်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

Scrub အလုပ်လွန်လို့ ထိခိုက်သွားတဲ့ အသားအရေ ဘယ်လိုကုစားမလဲ

အသားအရေ Scrub Exfoliate ဆဲလ်သေဖယ်ရှား ချွေးပေါက်ကျယ် ဝက်ခြံ နေလောင်ဒဏ် ပြန်လည်ကုသမှု အသားအရေထိခိုက်မှု အလှအပ အရေပြားကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

Exfoliate လုပ်တာများလို့ အသားအရေထိခိုက်လာတဲ့ လက္ခဏာ (၆) မျိုး

exfoliate Toner Moisturizer ဆဲလ်သေဖယ်ရှား အသားအရေ ထိန်းသိမ်းမှု အစိုဓာတ်ထိန်း အရေပြားကျန်းမာရေး ဝက်ခြံ အသားခြောက်ခြင်း အဆီပြန်ခြင်း ယားယံခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

ကျွန်းရွက်လေးက ဆေးဖက်ဝင်ပါတယ်။

အာဟာရတန်ဖိုး ကျန်းမာရေး ဆေးဖက်ဝင် ကျွန်းရွက် ပန်းနာရင်ကျပ် သန်ကျစေတယ် သန်ကျဆေး ဝက်ခြံ နာကျင်ရောင်ရမ်း ဆီးရွှင် ဓာတ်တိုးဆန့်ကျင် ကင်ဆာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

တုပ်ကွေးမမိအောင် ကာကွယ်ပေးမယ့် အလေ့အထများ

တုပ်ကွေး၊ ဖျားနာ၊ ရာသီတုပ်ကွေး၊ Mask၊ Gym equipment၊ Wiper၊ လေ့ကျင့်ခန်း၊ မျက်နှာ၊ လက်ချောင်း၊ အိမ်သာ၊ ရေကမုတ်၊ Hair Dryer၊ လက်သန့်ဆေးရည်၊ လက်ဆွဲနှုတ်ဆက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung
အအေးမိ၊တုပ်ကွေး, ကျန်းမာရေးစင်တာ ဇွန် 17, 2020 . 2 ဖတ်ရန် ကြာချိန်

သင့်အတွက် ရွေးချယ်ထားသည်

အမာရွတ်ကင်း လှပခြင်းအတွက်

အမာရွတ်ကင်း လှပခြင်းအတွက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 3, 2020 . 3 ဖတ်ရန် ကြာချိန်

ပါးစပ်ထဲက တံထွေး ကျန်းမာရေးကို ဘယ်လို အထောက်အကူပြုသလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 1, 2020 . 2 ဖတ်ရန် ကြာချိန်

ဘာကြောင့် ပိန်ချင်တာလဲ၊ ကိုယ့်ကိုယ်ကိုယ်ရော ပြန်မေးဖူးလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 30, 2020 . 2 ဖတ်ရန် ကြာချိန်

လှမယ်ထင်ပြီး လုပ်နေမိတဲ့ အမှားများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 30, 2020 . 2 ဖတ်ရန် ကြာချိန်