backup og meta

အသက်ကြီးလာရင် ရေများများ သောက်ပေးပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 18/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသက်ကြီးလာရင် ရေများများ သောက်ပေးပါ

    အသက်ကြီးတဲ့ လူကြီးမိဘတွေရဲ့ ကျန်းမာရေးကို အလေးထားတယ် ဆိုရင် နေ့စဉ်နေ့တိုင်း ရေများများ သောက်သုံးခိုင်းသင့် ပါတယ်တဲ့။ ဘာလို့လဲ ဆိုရင် အသက်အရွယ် ကြီးရင့်လာချိန်မှာ လူခန္ဓာကိုယ်က ရေဓာတ် ပိုမို လိုအပ်လာတာမို့ ရေများများ သောက်သုံးပေးသင့်တာပါတဲ့။ အသက်ကြီးလာရင် ရေများများ သောက်ပေးပါ  ဆိုတော့ ဘယ်လိုကျေးဇူးတွေ ရမှာမို့လို့လဲ။

    အသက်ကြီးလာရင် ရေများများ သောက်ပေးပါ

    လေ့လာချက်တွေ အရဆိုရင် လူ့ခန္ဓာကိုယ်ကြီးဟာ အိုမင်းရင့်ရော် လာတာနဲ့အမျှ ကိုယ်ခန္ဓာ အပူချိန် ပိုမိုပြီး ပြောင်းလဲလာမှာပါ။ ဒါကြောင့် ပြောင်းလဲလာတဲ့ ခန္ဓာကိုယ်တွင်း အပူချိန်ကို ထိန်းညှိနိုင်ဖို့ ရေဓာတ်ကို မပြတ် ဖြည့်ဆည်းပေးနိုင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

    ရေဓာတ် ဆုံးရှုံးမှု များတာ၊ ရေဓာတ် မပြည့်ဝတာတွေဟာ လူသားတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး အသက်အရွယ် ကြီးရင့်သူတွေကို ပိုမို ထိခိုက်စေပါတယ်။

    အထူးသဖြင့် လူကြီးပိုင်းတွေ ရေဓာတ် ဆုံးရှုံးတဲ့အခါမှာ ဖျားတာ နာတာ၊ ကြွက်သားတွေ နာကျင်ကိုက်ခဲတာ၊ မောပန်းနွမ်းနယ်တာ၊ ကိုယ်အပူချိန် မြင့်တက်တာတွေ ကြုံရနိုင်ပါတယ်။

    ဒါကြောင့် လူကြီးပိုင်းတွေ အနေနဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ အချိုရည်နဲ့ အယ်လ်ကိုဟောပါဝင်တဲ့ အဖျော်ယမကာတွေ အစား ရိုးရိုးရေကို ပိုပြီး မှီဝဲဖို့ လိုအပ်တာ ဖြစ်ပါတယ်။

    အမေရိကန် ပြည်ထောင်စု အော့တဝါတက္ကသိုလ်ရဲ့ လေ့လာချက် အရဆိုရင် အသက်အရွယ် ကြီးရင့်သူတွေ အနေနဲ့ ရေများများသောက်ပေးမယ်ဆိုရင် ရေဓာတ် ဆုံးရှုံးမှုနဲ့ ကိုယ်တွင်း အပူချိန်ကို လျှော့ချပေးရုံသာကမ အောက်ပါ ကျန်းမာရေး အကျိုးကျေးဇူးတွေကိုလည်း ရရှိနိုင်လိမ့်မယ်လို့ ဆိုပါတယ်။

    ရေကို လုံလုံလောက်လောက် သောက်သုံးပေးတဲ့အခါမှာ

    • မှတ်ဉာဏ် ကောင်းစေတာ၊
    • အသားအရေ စိုပြည်စေတာ
    • ကိုယ်အလေးချိန် ကျစေတာ၊
    • ကိုယ်အလေးချိန် ထိန်းညှိပေးနိုင်တာ၊
    • အရေပြား ပြဿနာ ကင်းစေတာ၊
    • ကိုယ်ခံအားစနစ် ကောင်းမွန်စေတာ၊
    • အစာခြေစနစ် ကျန်းမာစေတာ၊
    • သွေးကို သန့်စေတာ၊
    • ဆီးလမ်းကြောင်းကို ကျန်းမာစေတာ၊
    • ကျောက်ကပ်ကို သန့်စင်စေတာ၊
    • သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်တာ၊
    • ခေါင်းကိုက်ဝေဒနာကို လျော့ပါးသက်သာစေတာ၊
    • နှလုံး ကျန်းမာစေတာ၊
    • ခံတွင်းနံ့ဆိုး ကင်းစေတာနဲ့
    • စိတ်ခံစားမှု ကောင်းမွန်စေတာတွေပါပဲ။

    အသက်အရွယ် ကြီးရင့်သူတွေ အနေနဲ့ လေ့ကျင့်ခန်း ပြုလုပ်မယ် ဆိုရင် လူငယ်တွေထက် ရေဓာတ် ဆုံးရှုံးမှု ပိုများနိုင်တာကြောင့် ရေကိုပုံမှန်ထက်ပိုပြီး သောက်သုံးဖို့ လိုပါလိမ့်မယ်။

    တစ်ဖက်မှာလည်း လေ့ကျင့်ခန်း ပြုလုပ်တာနဲ့ ရေများများ သောက်သုံးတာကို တွဲဖက် နိုင်မယ် ဆိုရင် ပုံမှန် သက်ကြီးရွယ်အိုတွေထက် ပိုပြီး ကျန်းမာကြံ့ခိုင်လာမှာတော့ အမှန်ပဲ ဖြစ်ပါတယ်။

    ပုံမှန်အားဖြင့် အသက် ၆၅ နှစ်အထက် လူကြီးတွေရဲ့ ၃၇% လောက်က ရေဓာတ် ဆုံးရှုံးတတ်ကြပါတယ်။ ဒီအချက်ဟာ တခြား ကျန်းမာရေးပြဿနာတွေကို ကြုံတွေ့ရနိုင်ဖို့ လမ်းစ ဖြစ်နေတတ်ပါတယ်။

    ဒါကြောင့် အရွယ်ရောက်ပြီးသူတိုင်း အနေနဲ့ ရေဓာတ် မဆုံးရှုံးအောင် ဂရုစိုက်ဖို့ လိုအပ်ပြီး နေ့စဉ် ရေကို လုံလုံလောက်လောက် သောက်ပေးမယ်ဆိုရင် ကျန်းမာပျော်ရွှင်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ အထောက်အကူကောင်း ဖြစ်စေမှာ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Zon Aung မှ ရေးသားသည်။ · 18/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement