backup og meta

ခရီးသွားသောအခါ မရှိမဖြစ်လိုအပ်သော ဆေးသေတ္တာ အကြောင်း


Dr. Khin Yin Kyay မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခရီးသွားသောအခါ မရှိမဖြစ်လိုအပ်သော ဆေးသေတ္တာ အကြောင်း

    သင်ဟာ ပြည်တွင်းပဲ ဖြစ်ဖြစ်၊ ပြည်ပပဲဖြစ်ဖြစ် ဘယ်နေရာကို ခရီးသွားသည်ဖြစ်စေ ဖျားနာနိုင်ပြီး ထိခိုက်ဒဏ်ရာရ နိုင်တယ်ဆိုတာတော့ သိထားရပါမယ်။ ကျန်းမာရေး မကောင်းတဲ့အတွက် စိတ်ညစ်နေတာမျိုး မဖြစ်သင့်ပဲ သင့်ခရီးကို အကောင်းဆုံးပျော်ရွှင်နိုင်အောင်၊ သင့်ရဲ့စိတ်နှင့် ခန္ဓါကိုယ်ကို အလန်းဆန်းဆုံး ဖြစ်အောင်ပြုလုပ်ပေးသင့်ပါတယ်။ ယခုဖော်ပြမယ့် ကျွန်ုပ်တို့ရဲ့ စာစောင်ကတော့ သင်ခရီးသွားတဲ့ အခါ သင့်ကိုယ်သင်ဂရုစိုက် စောင့်ရှောက်နိုင်ရန် အတွက် မရှိမဖြစ်အရေးကြီးတဲ့ ခရီးသွား ဆေးသေတ္တာ အကြောင်းကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ဒီဆေးသေတ္တာလေးက သင် ခရီးသွားတဲ့အခါ ကျန်းမာရေး ကောင်းအောင်လုပ်ဆောင်ဖို့ ကူညီပေးမှာဖြစ်ပါတယ်။

    ခရီးသွားဆေးသေတ္တာကို မပြင်ဆင်ခင်မှာ ဘာဆေးတွေလိုမလဲဆိုတာ သေချာစဉ်းစားပါ။

    သင့်ရဲ့ဆေးသေတ္တာထဲမှာ ပါမယ့် ဆေးအမျိုးအစားနှင့် ဆေးအရေအတွက်ဟာ သင်သွားမယ့် ခရီးပုံစံနှင့် သင်သွားမယ့်နေရာ စတာတွေပေါ် မူတည်ပါတယ်။ တကယ်လို့ သင်ဟာ တောတွင်းစခန်းချ လေ့လာရေးခရီး ထွက်ခြင်း၊ တောင်တက်ခြင်း သို့မဟုတ် သဘာဝအလှအပကို ခံစားရန် ခရီးထွက်ခြင်း စတာတွေ ပြုလုပ်မယ်ဆိုရင်တော့ ခေတ်မီ နိုင်ငံတွေကို ခရီးသွားတဲ့အခါ လိုအပ်တဲ့ ဆေးပစ္စည်းတွေနဲ့ တူမှာမဟုတ်ပါဘူး။ ဒါ့အပြင် သင့်နိုင်ငံထဲက လမ်းခရီးတွေကို သွားတဲ့အခါမှာ သယ်သွားသင့်တဲ့ ဆေးပစ္စည်းတွေဟာ အာဖရိက ကဲ့သို့ နေရာကြမ်းကြမ်းတွေကို ခရီးသွားတဲ့အခါမှာ လိုတဲ့ ဆေးပစ္စည်းတွေနဲ့ ကွာခြားမှာဖြစ်ပါတယ်။ နောက်ထပ်အရေးကြီးတဲ့ မရှိမဖြစ်အရေးကြီးတဲ့ အရာကတော့ သင့်ရဲ့ လက်ရှိကျန်းမာရေး အခြေအနေကို ထည့်တွက်စဉ်းစားရန် ဖြစ်ပါတယ်။ သင်ဟာ သင်နေထိုင်နေကျ ပတ်ဝန်းကျင် မဟုတ်ပဲ အခြားနေရာများကို သွားတဲ့အခါ ကျန်းမာရေးအရ ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေ သို့မဟုတ် အမျိုးမျိုးသော ဓါတ်မတည့်မှုတွေ စတဲ့ကျန်းမာရေး အခြေအနေအားလုံးကို စစ်ဆေးထားဖို့ လိုအပ်ပါတယ်။

    ခရီးသွားတဲ့အခါ အဓိကလိုအပ်သော ဆေးသေတ္တာ

    မြို့တွင်း ခရီးသွားခြင်း သို့မဟုတ် ခရီးတိုထွက်ခြင်း အတွက် အခြေခံဆေးသေတ္တာ တစ်ခုမှာပါဝင်သင့်တဲ့ ဆေးအချို့ရှိပါတယ်။ ၎င်းတို့ကတော့

    • အကိုက်ခဲပျောက်ဆေး ။ ရုတ်တရက် ခေါင်းကိုက်ခြင်းနှင့် မူးဝေခြင်းကို သက်သာစေဖို့အတွက် ဖြစ်ပါတယ်။

    • အစာအိမ်နှင့် ပတ်သက်သောဆေးများ ။ သင်ဟာအရသာရှိတဲ့ အစားအသောက်တွေ စားသော်လည်း အချို့သောအထူးအဆန်း အစားအသောက်တွေက သင့်ရဲ့ အစာအိမ်ကို ထိခိုက်စေပြီး ဗိုက်အောင့်နိုင်ပါတယ်။ ဒီလိုခရီးသွားစဉ်ဖြစ်တတ်တဲ့ အစာအိမ် ဆိုင်ရာ ပြဿနာများအတွက် ဆေးလိုအပ်ပါတယ်တယ်။

    • အအေးမိခြင်း ၊တုပ်ကွေးဖြစ်ခြင်း အတွက်ဆေးများ ။ အမျိုးမျိုးသော ရာသီဥတုအခြေအနေအတွက် သင့်ကျန်းမာရေး မကောင်းတဲ့အခါမှာ အသုံးပြုဖို့အတွက် ဖြစ်ပါတယ်။

    • ကိုယ်ဝန်တားခြင်း ။ ကြိုတင်ပြင်ဆင်ခြင်းဟာ အမြဲတမ်းအကောင်းဆုံးဖြစ်ပါတယ်။ ကွန်ဒုံးသုံးခြင်း၊ ဆေးသောက်ခြင်း သို့မဟုတ် ၂ခုစလုံး သုံးခြင်းဟာ ခရီးသွားစဉ် ကိုယ်ဝန်တားဖို့ အဆင်ပြေပါတယ်။

    • ဗီတာမင်အားဆေးများ ။ သင့်ရဲ့ ခရီးသွားတဲ့အခါ အချိန်အပြောင်းအလဲဖြစ်ခြင်းကြောင့် ဖြစ်လာသော စိတ်ဖိစီးမှုများ၊ လူအများနှင့် ယာဉ်စီးရခြင်း စတာတွေအပြင် သင့်ရဲ့ အစားအသောက် တွေကြောင့် ဖြစ်လာတဲ့ စိတ်ဖိစီးမှုတွေ အတွက်သောက်သုံးရန် ဖြစ်ပါတယ်။

    • နေရောင်ခံလိမ်းဆေး ။ SPF ၁၅ဆ အနည်းဆုံးပါဝင်တဲ့ နေရောင်ခံလိမ်းဆေးကို လိမ်းပေးပါ။

    ဆေးသေတ္တာထဲမှာ ပိုထည့်ပေးရန် စဉ်းစားသင့်တဲ့ ဆေးများ

    •ပိုးသတ်ဆေးများ ။ မသန့်ရှင်းသော အစားအသောက်နှင့် ရေများကို သောက်သုံးမိတဲ့ အခါ ဝမ်းလျှောနိုင်တဲ့ အတွက် သောက်သုံးရန် ဖြစ်ပါတယ်။

    • ယားယံမှု သက်သာစေသော ခရင်မ်များ ။ အထူးသဖြင့် ခြင်ကိုက်သော ဒေသများသို့ သွားသောအခါနှင့် ကြမ်းပိုးကိုက်ခြင်း စတဲ့ အရေပြားဆိုင်ရာ ပြဿနာအချို့အတွက် လိမ်းပေးရန် ဖြစ်ပါတယ်။

    • Cilprofloxacin ပိုးသတ်ဆေး ။ ၎င်းကတော့ ခရီးသွားအများစုသုံးတဲ့ ပိုးသတ်ဆေး ဖြစ်ပါတယ်။ ဖျားနာမှု အကြီးအကျယ် ဖြစ်လာတဲ့အခါ သောက်နိုင်ပါတယ်။ ဒါပေမယ့် ဆရာဝန်ရဲ့ ညွှန်ကြားချက် ရမှသာဖြစ်ပါတယ်။

    • Probiotics (ဝမ်းလျှောခြင်းကဲ့သို့ အစာအိမ် အူလမ်းကြောင်း ပြဿနာအတွက် သုံးသောဆေး)။ ၎င်းဟာ ထူးဆန်းတဲ့ နိုင်ငံတွေကို သင်သွားတဲ့အခါ သင့်ရဲ့အစာအိမ်အတွက် ဖြစ်ပါတယ်။ ၎င်းကိုရေခဲသေတ္တာထဲမှာထားဖို့ရာ မလိုပဲ သုံးနိုင်ပါတယ်။

    • ပိုးသတ်ဆေးလိမ်းဆေး ။ သင်ဟာ သန့်ရှင်းမှုမရှိသော နေရာအချို့ကို ရောက်တဲ့အခါ ရှရာပွန်းရာ အသေးစားများအတွက် သုံးရန်ဖြစ်ပါတယ်။

    • အမူးပျောက်ဆေး ။ ပင်လယ်ထဲ ခရီးသွားခြင်းနှင့် တောင်တက်ခြင်း သို့မဟုတ် အတွန့်အခေါက်များသော နေရာဒေသများ သို့အချိန်အကြာကြီး စီးနင်း လိုက်ပါရတဲ့အခါမှာ မူးဝေခြင်းအတွက် သုံးပါတယ်။

    • သွေးတိတ်ဆေး ။ သင့်ရဲ့ နှာခေါင်းသွေးလျှံခြင်းအတွက် အသုံးပြုနိုင်ပါတယ်။

    • ရေသန့်ဆေးပြားများ ။ ရေအလုံအလောက် မရရှိတဲ့ နေရာတွေမှာ ရေသန့်ရန်အတွက်သုံး ပါတယ်။

    • ငှက်ဖျားပျောက်ဆေးများ နှင့် အိပ်ဆေး၊ စိတ်ဖိစီးမှု သက်သာစေသော ဆေးများ ဆောင်သွားသင့်သည်။

    သင့်ရဲ့ဆေးသေတ္တာ ထဲမှာထည့်ထားသင့်တဲ့ အခြားသောပစ္စည်းတွေကတော့ ပတ်တီး၊ အနာသန့်စေဖို့ရာအတွက်သုံးသော အရက်ပြန် သို့မဟုတ် အိုင်အိုဒင်းဆွတ်ထားသော ဂွမ်းပြား၊ ပတ်တီးလိပ်သေးများ၊ ကော်တိတ် စတာတွေ ဖြစ်ပါတယ်။ သေးငယ်ပြီး ထိပ်လုံးသော ကပ်ကြေးနှင့် ဇာဂနာအသေး စတာတွေလည်းပဲ လိုအပ်နိုင်ပါတယ်။

    ဆေးသေတ္တာထဲ ဆေးများ ထည့်ရန်ထုတ်ပိုးမှု ပုံစံနည်းလမ်းများ

    ခရီးသွားဖို့ရာ ဆရာဝန်နှင့် အရင်ဆုံးတိုင်ပင်ပြီး ဆေးသေတ္တာကို စီစဉ်သင့်ပါတယ်။

    ဆေးအရည်များ၊ ခရင်မ်လိမ်းဆေးများ သို့မဟုတ် ဂျယ်လ်များထက်စာရင် ဆေးပြားများကို ယူဆောင်သင့်ပါတယ်။ ဆေးအမှုန့်ထုပ်များနှင့် သေချာစွာ ထုတ်ပိုးထားတဲ့ ဆေးပြားများကို ဆေးပုလင်းများ ဆေးပြွန်များထက်စာရင် ပိုပြီးသယ်သွားပေးသင့်ပါတယ်။

    သင်ယူသွားသင့်တဲ့ ဆေးနမူနာရဲ့ အရွယ်အစားကို ကျန်းမာရေး စောင့်ရှောက်သူအား မေးမြန်းပါ။ ဆေးအညွှန်းများကို မထားခဲ့ပါနှင့်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Khin Yin Kyay မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement