ကျန်းကျန်းမာမာနဲ့ မြန်မြန်ဆန်ဆန် ကိုယ်အလေးချိန်ကျစေမည့် နည်းလမ်းကောင်းများ

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.

ယခုပြောမှာကတော့ ရင်းနှီးနေပြီးသား အကြောင်းအရာတစ်ခုပါပဲ။ သင် နေ့စဉ် အစားအသောက်တွေနဲ့ ကယ်လိုရီကို တွက်ချက်လေ့ရှိပါတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ ရုံးမှာ ကိတ်မုန့်လုံးတွေကို စားခြင်း (သို့) အချိုရည်တွေကို သောက်ခြင်း ပြုလုပ်နေနိုင်ပြီး ဝိတ်လျှော့တာတော့ သွားပြန်ပြီလို့စဉ်းစားမိမှာပါ။

တစ်ပတ်လောက်ကို  စားသမျှထက် ၅၀၀ ကယ်လိုရီပိုပြီး နေ့စဉ် လောင်ကျွမ်းစေနိုင်လျှင် တစ်ပေါင်ကနေ နှစ်ပေါင်အထိ ကျဆင်းနိုင်ပါတယ်။

ကိုယ်အလေးချိန် မြန်မြန်ကျဆင်းချင်ရင်တော့ အစားလျှော့စားပြီး ကိုယ်လက်လှုပ်ရှားမှု ပိုလုပ်ဖို့ လိုအပ်ပါတယ်။

ဥပမာ ။ သင်ဟာ ကိုယ်အလေးချိန် ပေါင် ၂၅၀ ကျော်ခဲ့ရင် တစ်နေ့ကို ၁၀၅၀-၁၂၀၀ ကယ်လိုရီစားပြီး လေ့ကျင့်ခန်း တစ်ရက်ကို တစ်နာရီလုပ်ရင် ပထမ အပတ်မှာ သုံးပေါင်ကနေ ငါးပေါင်အထိ ကျဆင်းနိုင်ပါတယ်။  လိုအပ်တာထက်ပိုတဲ့ ကယ်လိုရီလျှော့ခြင်းဟာ အန္တရာယ် ရှိတာမို့ မပြုလုပ်လုပ်သင့်ပါဘူး။

ဒီဆောင်းပါးမှာ ဖေါ်ပြမယ့် အစီအစဉ်ဟာ

  • အစာစားချင်စိတ်ကို  သိသာစွာ လျှော့ချပေးမှာ ဖြစ်ပါတယ်။
  • ကိုယ်အလေးချိန်ကို ဗိုက်မဆာစေဘဲ လျင်မြန်စွာ လျှော့ချပေးမှာ ဖြစ်ပါတယ်။
  • တစ်ချိန်တည်းမှာပဲ သင့်ကျန်းမာရေးကို တိုးတက်စေမှာဖြစ်ပါတယ်။

အောက်ဖေါ်ပြပါ အချက်တွေကတော့ ကိုယ်အလေးချိန် မြန်မြန်ကျဆင်းစေဖို့ ရိုးရှင်းတဲ့ အချက်သုံးချက်ဖြစ်ပါတယ်။

(၁) သကြားဓါတ်နဲ့ ကစီဓါတ်ကို လျှော့ပါ။

အရေးအကြီးဆုံးအပိုင်းကတော့ သကြားဓါတ်နဲ့ ကစီဓါတ်ကို လျှော့ချဖို့ပဲ ဖြစ်ပါတယ်။

အင်ဆူလင် ထုတ်လုပ်ခြင်းကို လှုံ့ဆော်ပေးတဲ့ အစားအစာတွေ အများကြီးရှိပါတယ်။ အင်ဆူလင်ဟာ ကိုယ်ခန္ဓာအတွင်းမှာ ရှိတဲ့ အဆီကို သိုလှောင်ထိန်းသိမ်းထားတဲ့ ဟော်မုန်းတစ်မျိုး ဖြစ်ပါတယ်။

အင်ဆူလင်ဓါတ်ကျဆင်းရင် အဆီဟာ ထိန်းသိမ်းထားရာကနေ ထွက်လာပြီး ကိုယ်ခန္ဓာက ကာဗိုဟိုက်ဒရိတ်အစား အဆီကိုစတင် လောင်ကျွမ်းစေပါတယ်။

အင်ဆူလင်နည်းခြင်းရဲ့ အခြားအကျိုးကျေးဇူးတစ်ခုကတော့ သင့်ကျောက်ကပ်တွေဟာ ကိုယ်ခန္ဓာအတွင်းပိုနေတဲ့ ဆိုဒီယမ် နဲ့ ရေဓါတ်ကို ထုတ်ပစ်လိုက်တာမို့ ဖောရောင်ခြင်းနဲ့ မလိုအပ်တဲ့ ရေအလေးချိန်ကို လျှော့ချပေးနိုင်ပါတယ်။

 

(၂) ပရိုတင်း၊ အဆီနဲ့ အသီးအရွက်တွေကို စားသောက်ပါ။

သင့်အစားအစာတစ်နပ်မှာ ပရိုတင်း၊ အဆီနဲ့ အသီးအရွက်တွေ ပါဝင်သင့်ပါတယ်။ ဒီလိုပုံစံနဲ့ အစာစားခြင်းဟာ ကာဗိုဟိုက်ဒရိတ် စားသုံးခြင်းကို အကြံပေးထားတဲ့အတိုင်း တစ်နေ့ ၂၀-၅၀ ဂရမ် အတွင်းမှာ ကျရောက်စေပါတယ်။

ပရိုတင်း အရင်းအမြစ်

  • အသား – အမဲသား၊ ကြက်သား၊ ဝက်သား၊ သိုးသား၊ ဝက်ပေါက်ခြောက် အစရှိသည်
  • ငါး၊ ရေသတ္တဝါ – ဆယ်လ်မွန် ၊ ပုဇွန်၊ ပုဇွန်တုပ်
  • ကြက်ဥ – အိုမီဂါ သရီး ပါဝင်တဲ့ ဥဟာ အကောင်းဆုံး ဖြစ်ပါတယ်။

ကာဗိုဟိုက်ဒရိတ် နည်းတဲ့ အသီးအရွက်များ

  • ပန်းဂေါ်ဖီစိမ်း
  • ဂေါ်ဖီထုပ်
  • ဟင်းနုနွယ်
  • ကိုက်လန်
  • ပဲပင်ပေါက်
  • ဂေါ်ဖီထုတ်
  • ဆလပ်ရွက်
  • သခွားသီး
  • တရုတ်နံနံကြီး

အဆီပါဝင်သော အရင်းအမြစ်များ

  • သံလွင်ဆီ
  • အုန်းဆီ
  • ထောပတ်သီးဆီ
  • ထောပတ်

အောက်ဖေါ်ပြပါ နည်းလမ်းတွေကတော့ Flexitarian Diet ရေးသားသူဖြစ်တဲ့ Dawn Jackson ရဲ့ အကြံပေးချက်တွေပဲ ဖြစ်ပါတယ်။

  • သင်ဗိုက်ပြည့်အောင် အသီးအရွက်တွေကို စားပါ။
  • ရေအမြောက်အမြားသောက်ပါ။
  • အပြင်စာတွေကို တတ်နိုင်သမျှ ရှောင်ပါ။
  • ပျင်းလို့ အစာစားတာမျိုး မဖြစ်ရလေအောင် ကိုယ့်ကိုယ်ကို အလုပ်ရှုပ်အောင် နေပါ။
  • ကိုယ့်ပန်းကန်ထဲက အရာကိုပဲ စားပါ။
  • အစာစားချိန်မှာ မစားဘဲ နေတာမျိုး မပြုလုပ်သင့်ပါဘူး။

(၃) တစ်နေ့ကို သုံးကြိမ် အလေးမပါ။

ဒီအစီအစဉ်မှာတော့ ကိုယ်အလေးချိန်ကျဆင်းဖို့ အားကစားလုပ်ဖို့ မလိုအပ်ပါဘူး။ ဒါပေမယ့် အကြံတော့ပေးထားပါတယ်။

အကောင်းဆုံးကတော့ အားကစားရုံကို တစ်ပတ်ကို သုံးကြိမ်ကနေ လေးကြိမ်အထိ သွားပါ။ သွေးပူ လေ့ကျင့်ခန်းလုပ်ပါ။ အလေးမပါ။ ကိုယ်လက်ဆန့်ပါ။

ကိုယ်အလေးချိန်ကျစေဖို့ လေ့ကျင့်ခန်း ဘယ်လောက်လုပ်ရမယ်ဆိုတာဟာတော့ အငြင်းပွားဖွယ် ဖြစ်နေပေမယ့် လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကယ်လိုရီ လောင်ကျွမ်းစေခြင်းထက် ပိုတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။

လေ့ကျင့်ခန်းဟာ ဇီဝကမ္မဖြစ်စဉ် ကို မြန်စေပြီး သင့်ပုံပန်းသဏ္ဍာန်ကို တိုးတက်စေပါတယ်။ လမ်းလျှောက်၊အညောင်းဆန့်၊ လျှောက်သွားခြင်းဟာ အားအင်တွေကို ပိုမိုရရှိစေပြီး ကိုယ်အလေးချိန် ကျဆင်းဖို့ ကြိုးစားတဲ့ အစီအစဉ်အတွက် အခြားအဆင့်တွေကို ကိုင်တွယ်ဖို့ ပိုမို စိတ်ဓါတ်တက်ကြွ လာစေမှာ ဖြစ်ပါတယ်။

အချိန်အကြာကြီး လေ့ကျင့်ခန်းလုပ်ဖို့ အချိန် မရှိဘူးလား။ သုတေသနတွေက တစ်နေ့ကို ဆယ်မိနစ်ခန့် သုံးခါလောက် လေ့ကျင့်ခန်းလုပ်ခြင်းဟာ မိနစ်သုံးဆယ်တစ်ခါတည်း လေ့ကျင့်ခန်းလုပ်ခြင်းလိုမျိုး အကျိုးရှိတယ်လို့ ဆိုပါတယ်။

တစ်ခုခုလုပ်နေခြင်းဟာ ဘာမှ မလုပ်ခြင်းထက်တော့ သာလွန်ကောင်းမွန်ပါတယ်။ နေ့တိုင်း လေ့ကျင့်ခန်း အနည်းငယ်စီ လုပ်သင့်ပါတယ်။ ပြီးရင်တော့ ကိုယ်အလေးချိန်ကျဆင်းလာပြီး အားအင်တိုးလာတာနဲ့ အမျှ လေ့ကျင့်ခန်းလုပ်ဖို့ ပိုမိုလွယ်ကူလာတာကို တွေ့ရမှာပါ။

သင်ကြိုက်တဲ့ ကိုယ်လက်လှုပ်ရှားမှုကို ရှာဖွေပါ။ သူငယ်ချင်းနဲ့ လမ်းလျှောက်ခြင်း၊ တောင်တက်ခြင်း၊ စက်ဘီးစီးခြင်း၊ ခွေးနဲ့ ဆော့ကစားခြင်း၊ ဘက်စကတ်ဘော ကစားခြင်း၊ သင့်ကလေးတွေနဲ့ ကိုယ်လက်လှုပ်ရှားမှုပါတဲ့ ဗီဒီယိုဂိမ်းကစားခြင်း အစရှိသည်တို့ကို ပြုလုပ်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။