COVID-19 ဗိုင်းရပ်စ် မပျံ့နှံ့အောင်ထိန်းချုပ်ခြင်း (Coronavirus Quarantine)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 3 mins read
Share now

Quarantine လုပ်တယ်ဆိုတာ ဘာလဲ။

ဒီနေရာမှာ Quarantine အကြောင်းနဲ့ပတ်သက်ပြီး ကျွန်တော်နည်းနည်းလောက် ရှင်းပြပေးချင်ပါတယ်။ Quarantine လုပ်တယ်ဆိုတာ ရောဂါပိုးတွေကို ပြန့်ပွားမှုနှုန်း နည်းနိုင်သမျှ နည်းစေဖို့အတွက် ထိန်းချုပ်ခြင်းပါပဲ။ ဒီလိုထိန်းချုပ်တဲ့အခါမှာ ရောဂါစတင်ပြန့်တယ်လို့ သံသယရှိတဲ့ ဒေသ၊ နိုင်ငံအတွင်းမှာ နေထိုင်တဲ့သူအကုန်လုံးကို လေကြောင်း၊ ကုန်းကြောင်း၊ ရေကြောင်းကနေ ပြည်ပထွက်ခွင့် ပိတ်ပင်တားမြစ်ရပါတယ်။ ရောဂါပိုးရှိနေတဲ့သူတွေ၊ ရှိနေတယ်လို့ သံသယရှိတဲ့သူတွေအားလုံးကိုလည်း နေကောင်းနေတဲ့သူတွေနဲ့ ထိတွေ့ဆက်ဆံမှုမရှိစေဖို့နဲ့ ရောဂါထိန်းချုပ်ဖို့အတွက် သီးသန့်ဖွင့်ထားတဲ့ အထူးကြပ်မတ်ဆောင် ဆေးရုံတွေမှာ ထိန်းသိမ်းထားရပါတယ်။

ဒီလိုထိန်းချုပ်မှုတွေအားလုံးလုပ်နေတဲ့အချိန်မှာ သက်ဆိုင်ရာ ဆေးပညာဌာန၊ ကျန်းမာရေးဝန်ကြီးဌာနမှာ လုပ်ကိုင်နေတဲ့ သိပ္ပံပညာရှင်တွေ၊ ဆရာဝန်တွေ၊ ကျန်းမာရေးစောင့်ရှောက်သူတွေအားလုံးဟာ ရောဂါပိုးကို အမြန်ဆုံးထိန်းချုပ်နိုင်ဖို့ နည်းလမ်းတွေ၊ ကုသနိုင်ဖို့ ဆေးဝါးတွေ၊ ရောဂါကို ဘယ်ကနေ စတင်တွေ့ရှိတာလဲ၊ ဘယ်လိုပျံ့နှံ့တာလဲ၊ ဘယ်လိုနည်းလမ်းတွေနဲ့ ကူးစက်နိုင်တာလဲ၊ သီးသန့်ဖြစ်ပေါ်လာတဲ့ ရောဂါပိုးလား၊ တခြားရောဂါပိုးကနေ မျိုးရိုးဗီဇပြောင်းလဲသွားတာလားဆိုတာကို အပြင်းအထန်ရှာဖွေ့လေ့လာဖို့ ကြိုးစားရပါတယ်။

Quarantine လုပ်ဖို့ မဖြစ်မနေလိုအပ်လား။

အခုလို ကမ္ဘာ့တစ်ဝှမ်းလုံး ပျံ့နှံ့နေပြီး ကုသနိုင်တဲ့ဆေးဝါး လုံးဝမရှိသေးတဲ့ ရောဂါပိုးမျိုးစိတ်အသစ်ကို ထိန်းချုပ်ဖို့အတွက် Quarantine လုပ်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ဒီလို Quarantine လုပ်ပြီးလို့ ရောဂါပိုးမတွေ့ရှိဘူး၊ နေကောင်းတယ်၊ စိတ်ချရတယ်ဆိုတော့မှ အလည်အပတ်ရောက်လာတဲ့သူတွေ၊ တခြားနိုင်ငံသားတွေ၊ နိုင်ငံခြားမှာ ကျောင်းလာတက်နေရတဲ့ ကျောင်းသားကျောင်းသားသူတွေကို သူတို့ရဲ့ မွေးရပ်နိုင်ငံဆီသို့ ပြန်လွှတ်ခွင့်ပေးပါတယ်။

လက်ရှိ တရုတ်နိုင်ငံရဲ့ COVID-19 ဗိုင်းရပ်စ်ပိုး ထိန်းချုပ်ခြင်းအခြေအနေ

ရောဂါပိုးကြောင့် သေဆုံးသူပေါင်း ၈၀ ကျော်ရှိပြီး ကူးစက်ခံရတယ်လို့ သံသယရှိသူဦးရေ ၃၀၀၀ နဲ့အထက် ရှိနေပါပြီ။ ပြီးခဲ့တဲ့အပတ် ကြာသပတေးနေ့ကနေ စတင်ပြီး ဝူဟန်မြို့တင်သာမက တရုတ်နိုင်ငံ တစ်ဝှမ်းလုံးမှာ ဘတ်စ်ကား၊ ရထားလမ်းကြောင်းများ ပြေးဆွဲခြင်းကို တားမြစ်ထားပြီး ပြည်ပသို့ထွက်တဲ့ လေယာဉ်ခရီးစဉ်တွေကိုလည်း ဖျက်သိမ်းထားပါတယ်။ ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံအတွင်းမှာ ရှိနေတဲ့သူတိုင်းကိုလည်း အိမ်ပြင်မထွက်ဘဲ အခန်းထဲမှာသာနေဖို့၊ Surgical Mask ကို အချိန်ပြည့်တပ်ထားဖို့၊ ကိုယ်ခံအားကောင်းအောင်နေထိုင်ဖို့၊ လက်အမြဲဆေးဖို့ မှာကြားလျက်ရှိပါတယ်။

တခြားနိုင်ငံမှ ပညာရှင်တွေကတော့ ဒီလိုထိန်းချုပ်ဖို့အတွက် အရမ်းခက်ခဲလိမ့်မယ်လို့ တွက်ဆထားကြပါတယ်။ ဘာကြောင့်လဲဆိုတော့

၁။ ဝူဟန်မြို့သည် တစ်ကမ္ဘာလုံးမှာ ၄၂ ခုမြောက် အကြီးဆုံးမြို့ဖြစ်ပြီး တရုတ်နိုင်ငံသည်လည်း ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံဖြစ်ပါတယ်။ ဒီအချက်ကြောင့် သန်းပေါင်းများစွာသော လူတွေကို ထိန်းချုပ်ဖို့ရန်အတွက် အစိုးရရဲ့ထုတ်ပြန်ချက်တစ်ခုတည်းနဲ့ဆိုရင် မဖြစ်နိုင်ဘဲ စစ်တပ်အင်အားအလုံအလောက် ရှိနေဖို့ လိုပါတယ်။

၂။ နောက်တစ်ချက်ကတော့ ပြည်ပထွက်ခွင့် အားလုံးပိတ်လိုက်ရင်တောင် အကြောင်းအမျိုးမျိုးနဲ့ နိုင်ငံအတွင်းမှာ နေထိုင်သူတွေဟာ တခြားနိုင်ငံ သို့မဟုတ် ပြည်တွင်းဒေသတွေကို လှည့်ပတ်သွားနိုင်ခြေ ရှိပါတယ်။

၃။ တရုတ်နိုင်ငံအတွင်း မြို့တွေ၊ တိုက်တွေနဲ့ လမ်းတံတားတွေရဲ့ ဖွဲ့စည်းတည်ဆောက်ထားပုံဟာ လုပ်နေကျသမားရိုးကျ ပုံစံတွေမဟုတ်ဘဲ ထူးခြားတဲ့ ဖွဲ့စည်းပုံမျိုး ဖြစ်နေတာကြောင့် ကုန်းလမ်းကြောင်းကို ထောင့်ပေါင်းစုံကနေ စနစ်တကျ ပိတ်ဆို့ထားဖို့ဆိုတာ သိပ်ဖြစ်နိုင်ခြေ မရှိပါဘူး။

ဒီအချက်တွေကြောင့် ပညာရှင်အများစုက တရုတ်နိုင်ငံရဲ့ ရောဂါထိန်းချုပ်တဲ့အခြေအနေကို သိပ်ပြီးအားရကျေနပ်မှုမရှိဘူးလို့ ပြောဆိုထားကြပါတယ်။ ဒါ့အပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ရဲ့ ထုတ်ပြန်ချက်အရ ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကို စတင်တွေ့ရှိတာ ၂၀၁၉ ဒီဇင်ဘာလ ၃၁ရက်နေ့မှာဖြစ်ပြီး တရုတ်နိုင်ငံရဲ့ ပြောရေးဆိုခွင့်ရှိသူတွေဟာ ဒီအရေးအခင်းကို ဇန်နဝါရီလ ၂၀ ရက်နေ့မှသာ ဖွင့်ပြောခဲ့ပါတယ်။ COVID-19 ဗိုင်းရပ်စ်ရဲ့ လက်ရှိအခြေအနေဟာ ပိုးကူးစက်ခံရရင်တောင် ရောဂါလက္ခဏာ မပြသေးတာကြောင့် ဒီ့မတိုင်ခင်က ကူးစက်ခံရသူတွေဟာ ထိန်းသိမ်းခြင်းမခံရသေးတဲ့ အခြေအနေမှာ တခြားနိုင်ငံဆီသို့ ကူးစက်ပျံ့နှံ့နေပြီးသားလည်း ဖြစ်နိုင်ပါတယ်။

လက်ရှိတရုတ်နိုင်ငံအပြင် အမေရိကန်နိုင်ငံ၊ ပြင်သစ်နိုင်ငံအပြင် အရှေ့တောင်အာရှမှာ ရှိတဲ့နိုင်ငံ ၇နိုင်ငံမှာ COVID-19 ဗိုင်းရပ်စ်ပိုး ရှိတယ်လို့ သံသယရှိသူတချို့ကို ထိန်းသိမ်းထားလျက်ရှိပါတယ်။ ရောဂါပိုးတွေ့ရှိတဲ့ ပမာဏက အရမ်းနည်းသေးတယ်ဆိုပေမယ့် ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင်တော့ အခုထက်ပိုပြီး ကူးစက်ခံရသူတွေ များလာဖို့သာ ကျန်ပါတယ်။

မြန်မာနိုင်ငံမှာရော COVID-19 ဗိုင်းရပ်စ် ဝင်လာနိုင်လား။

လက်ရှိအခြေအနေထိတော့ ဒီရောဂါပိုး ဝင်လာတဲ့ အခြေအနေမျိုး မတွေ့ရသေးပါဘူး။ ဟိုတလောက ရောဂါပိုးကူးစက်ခံရပြီလို့ သံသယရှိသူတွေ တွေ့ရတယ်လို့ တချို့သတင်းဌာနက ဖော်ပြထားတယ်ဆိုပေမယ့် တကယ်တမ်းမှာ ရိုးရိုးဖျားတာ၊ တုပ်ကွေးဖြစ်နေတယ်လို့သာ ဆေးစစ်ချက်အဖြေထွက်ခဲ့ပါတယ်။ ဒါပေမယ့် အရမ်းကြီး စိတ်အေးလက်အေးမနေဘဲ ကြိုတင်ကာကွယ်စရာရှိတာ၊ ပြင်ဆင်ထားသင့်တာတွေ အကုန်ပြင်ထားဖို့ ထပ်မံ မှာကြားလိုပါတယ်။

အဓိက ကိုယ်ခံအားကောင်းအောင်လုပ်ဖို့၊ လူထူထပ်တဲ့ နေရာတွေ သွားတဲ့အခါ Mask ကို စနစ်တကျတပ်သွားဖို့ (အစိမ်းနဲ့ အဖြူ နှစ်ဖက်ရှိရာမှာ အဖြူရှိတဲ့ဘက်ကို အတွင်းမှာ ထားရမှာဖြစ်ပြီး အစိမ်းရှိတဲ့ဘက်ကို အမြဲအပြင်မှာ ထားရပါမယ်) ၊ ရေများများသောက်ဖို့၊ ဗီတာမင် စီ အားဆေးတွေကို တစ်နေ့တစ်လုံးသောက်ဖို့၊ တာရှည်ခံရိက္ခာတွေကို ဝယ်ခြမ်းသိမ်းဆည်းထားဖို့ အရေးကြီးပါတယ်။

Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

COVID-19 Outbreak updates
Country: Myanmar
Data

117,946

Confirmed

97,819

Recovered

2,484

Death
Distribution Map

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အဖြစ်များတဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း

အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း က မြန်မာနိုင်ငံမှာ အဖြစ်များပါတယ်။ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ကာကွယ်နိုင်မယ့် နည်းးလမ်းတွေကို သိထားသင့်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

COVID-19 ကာကွယ်ဆေးက တတိယလှိုင်းကို တားဆီးနိုင်ပါ့မလား

လေ့လာချက်အရ ကာကွယ်ဆေးတွေဟာ တတိယလှိုင်းဖြစ်လာမှာကို ကာကွယ်ပေးနိုင်မှာမဟုတ်ဘူးလို့ ဆိုခဲ့ပြီး အကြောင်းအရင်းကိုလဲ ထောက်ပြခဲ့ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ဘေဘီလေးကို ငုံးဥ ကျွေးလို့ရလား…………..

ဘေဘီလေးကို ကြက်ဥကျွေးလို့ရတယ်တော့ ပြောတယ်။ ငုံးဥရော ကျွေးလို့မရဘူးလားဆိုတော့ ရပါတယ်။ ဘေဘီလေး အသက် ၉ လလောက်ရောက်ပြီဆိုရင် ဘေဘီလေးကို ငုံးဥ စကျွေးလို့ ရပါပြီ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဘေဘီလေးအတွက် လွယ်ကူတဲ့ ဗီတာမင် C စားစရာလေးတွေ ပြင်ဆင်ပေးကြမယ်။

ဗီတာမင် C က ဓာတ်တိုးပစ္စည်းတစ်ရပ် ဖြစ်တာကြောင့် ခန္ဓာကိုယ်ကို ဓာတ်တိုးပစ္စည်းတွေ အန္တရာယ်ကနေ ကာကွယ်ပေးပြီး ကျန်းမာစေတယ်။ ကိုယ်ခံအားဆဲလ်တွေကို အားဖြည့်ပေးတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဘေဘီလေးက ချင်း (ဂျင်း) စားလို့ဖြစ်ရဲ့လား

ဘေဘီလေးကို ချင်း (ဂျင်း) ကျွေးလို့ရရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2021 . 2 mins read
ဘေဘီလေး နဲ့ ကြက်သွန်နီ

ဘေဘီလေးက ကြက်သွန်နီ (Onions) စားလို့ရရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2021 . 2 mins read
ဘေဘီလေးက ကြက်သွန်ဖြူစားလို့ရလား..............

ဘေဘီလေးက ကြက်သွန်ဖြူ စားလို့ရလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 18, 2021 . 2 mins read
ကိုယ်ခံအားစနစ်ကို အားဖြည့်မယ့် ဇာတ်လိုက် (သို့မဟုတ်) ဖြည့်စွက်အာဟာရ

ကိုယ်ခံအားစနစ်ကို အားဖြည့်မယ့် ဇာတ်လိုက် (သို့မဟုတ်) ဖြည့်စွက်အာဟာရ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 16, 2021 . 3 mins read