မိုဘိုင်းဖုန်းတာဝါတွေဟာ လူတွေကို ကျန်းမာရေး ထိခိုက်စေသလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020
Share now

ဒီခေတ်မှာ လျှပ်စစ်သံလိုက်လှိုင်း ပမာဏဟာ ကျွန်တော်တို့ အဘိုးအဘွားတွေခေတ်ကထက် အဆ ၁၀၀ လောက်ပိုများလာနေပါတယ်။ အကြောင်းကတော့ မိုဘိုင်းဆက်သွယ်ရေး တာဝါတိုင်တွေနဲ့ မိုက်ခရိုဝေ့ဗ် အန်တင်နာတွေကြောင့်ပါပဲ။ ဒီလို တာဝါတိုင်တွေနဲ့ သူတို့က ထုတ်လွှတ်တဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေကြောင့် လူတွေရဲ့ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သလားဆိုတဲ့ မေးခွန်းက လူအတော်များများစိတ်ဝင်စားကြတဲ့ မေးခွန်းတစ်ခုဖြစ်ပါတယ်။

လျှပ်စစ်သံလိုက်လှိုင်းတွေဟာ လူတွေကိုသာမက ငှက်တွေ၊ ပျားပိတုန်းတွေနဲ့ တစ်ချို့သော တိရိစ္ဆာန်ငယ်လေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ အထူးသဖြင့် လူ့ဇီဝကမ္မလုပ်ငန်းစဉ်ကို နှောင့်ယှက်နိုင်ပြီးတော့ ကျန်းမာရေးဆိုင်ရာ အကျိုးသက်ရောက်မှုတစ်ချို့ ဖြစ်ပေါ်လာနိုင်ပါတယ်။ အဆိုပါ သံလိုက်လှိုင်းတွေကြောင့် အောက်ဖော်ပြပါ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေ ဖြစ်နိုင်ချေရှိပါတယ်။

၁။ ခေါင်းကိုက်တာ
၂။ မှတ်ဉာဏ်ချို့ယွင်းတာ
၃။ နှလုံးဖောက်ပြန်တာ
၄။ သုတ်လွှတ်နှုန်းနည်းပါးတာ
၅။ ခန္တာကိုယ်ချို့ယွင်းချက်ရှိတဲ့ ကလေးမွေးဖွားမှုနှုန်းမြင့်မားတာ
၆။ ကင်ဆာဖြစ်ပွားနိုင်ချေရှိတာ
၇။ ပင်ပန်းနွမ်းနယ်တာ
၈။ အိပ်မပျော်တာ
၉။ အမြင်အာရုံချို့ယွင်းတာ
၁၀။ မူးဝေတာမျိုးတွေဖြစ်ပါတယ်။

ဒီလို ဆက်သွယ်ရေးလှိုင်းတွေကြောင့်ဖြစ်တဲ့ ကျန်းမာရေးထိခိုက်မှုတွေကို Microwave Sickness Syndrome လို့ ခေါ်ဆိုပါတယ်။ ဒါပေမယ့်လည်း လျှပ်စစ်သံလိုက်လှိုင်းတွေဟာ လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်စေတယ်ဆိုတဲ့ ယူချက်ဟာ သီအိုရီသဘောအရသာဖြစ်ပြီး အမှန်တကယ်ထိခိုက်တယ်ဆိုတဲ့ သက်သေအထောက်အထား အနည်းငယ်သာရှိတယ်လို့ အမေရိကန် ကင်ဆာအသင်းက ဆိုထားပါတယ်။

ကမ္ဘာ့လူဦးရေ ၇.၇ ဘီလီယံထဲမှာ ၆၈% လောက်က မိုဘိုင်းဖုန်းတွေ အသုံးပြုနေကြပါတယ်။ ဒါပေမယ့် အထက်မှာဖော်ပြခဲ့သလို ဘေးထွက်ဆိုးကျိုးတွေကို ခံစားရသူအရေအတွက်ကတော့ အင်မတန်ကို နည်းပါးလှပါတယ်။ ဘာကြောင့် ခုလိုထိခိုက်မှုတွေ နည်းပါးနေရတာလဲ။

ပထမဆုံး လျှပ်စစ်သံလိုက်လှိုင်းတွေဟာ လူ့အရေပြားကို စတင်ထိတွေ့ပါတယ်။ တာဝါတိုင်တွေကနေ လွှင့်ထုတ်တဲ့ ရေဒီယို လှိုင်းတွေဟာ 300 MHz ကနေ 3 GHz အကြားဖြစ်တာမို့ ပမာဏဟာ အရေပြားက ခံနိုင်ရည်ရှိတဲ့ ပမာဏထက် များစွာနည်းပါးတာမို့ ဘေးအန္တရာယ်ဖြစ်နိုင်ချေ နည်းပါးပါတယ်။

လက်ရှိမှာဖြစ်ပွားနိုင်ချေရှိတယ်လို့ ယူဆခံထားရတဲ့ ဝေဒနာ လက္ခဏာတွေဟာ တိရိစ္ဆာန်တွေနဲ့ ဓာတ်ခွဲခန်းမှာ စမ်းသပ်ထားတဲ့ ရလဒ်တွေသာဖြစ်ပြီးတော့ လူတွေမှာ ဒီလိုဝေဒနာမျိုးတွေ ခံစားရတယ်ဆိုတဲ့ သက်သေအထောက်အထား မတွေ့ရသေးပါဘူး။

ဒါကြောင့် မိုဘိုင်းဆက်သွယ်ရေး တာဝါတိုင်တွေနဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေကြောင့် ကျန်းမာရေးထိခိုက်နိုင်တယ်ဆိုတဲ့ အချက်ဟာ မှားယွင်းတယ်လို့ ဆိုလို့မရပေမယ့် စိုးရိမ်ပူပန်ရလောက်တဲ့ ပြဿနာကြီးတစ်ခု မဟုတ်ဘူးဆိုတာကို ပြောပြချင်ပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အမျိုးသားများအတွက် နွေရာသီ တစ်ကိုယ်ရေသန့်ရှင်းရေးလမ်းညွှန်

အမျိုးသား နွေရာသီ တစ်ကိုယ်ရေသန့်ရှင်းရေး ကျန်းမာရေး ချွေးထွက် ကိုယ်နံ့ ဘက်တီးရီးယား ချွေးပေါက် အရေပြားရောဂါ မှိုပိုး ရေချိုး အဝတ်အစား အတွင်းခံ အမွေးအမျှင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

တစ်နေ့လုံး ကွန်ပျူတာကြည့်နေသူတွေအတွက် အသုံးဝင်မယ့်နည်းလမ်းတချို့

ကွန်ပျူတာ မျက်စိ မျက်လုံး ကျန်းမာရေး အမြင်အာရုံ မျက်စိမှုန် မျက်ရိုးကိုက် ဖုန်း အလင်းရောင် ညအိပ်ချိန် အဝလွန် အထိုင်များ မျက်မှန် မျက်စဉ်း ရေဓာတ် အစာအာဟာရ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

တော်ရုံ အအေးဒဏ် ကို မခံနိုင်ရတဲ့ အကြောင်းရင်း (၇) ခု

အအေးဒဏ် အအေး အအေးမိ ချမ်းတုန်ခြင်း ကိုယ်အပူချိန် အကြောင်းရင်း အားနည်းခြင်း ကိုယ်ခံအားစနစ် ဗီတာမင် ချို့တဲ့ခြင်း အာဟာရ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

အရာဝတ္ထုတွေကို ထိကိုင်မိရင် ကျဉ်ခနဲ ခံစားရတာ ဘာကြောင့်လဲ

မော်တော်ယာဉ် ဓာတ်လိုက် ကျန်းမာရေး ဓာတ်လိုက်မှု ထိခိုက်ဒဏ်ရာ အရာဝတ္ထု အဝတ်အစား ဘေးထွက်ဆိုးကျိုး မီးလောင်တာ ခြေဗလာ လျှပ်စစ်ဓာတ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

ကိုယ့်ကလေး အမြဲအသားခြောက်လို့ စိတ်ညစ်နေရပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် မေ 31, 2020

ကျားလိင်အင်္ဂါကို ကြီးဆေးထိုးခြင်းရဲ့ ကြောက်စရာဆိုးကျိုးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် မေ 30, 2020

ပိန်ပြီးညှက်လွန်းနေတဲ့ ကလေးတွေမှာ ဘာများ မှားယွင်းနေလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် မေ 30, 2020

အစားရွေးတဲ့ ကလေးတွေအတွက် မိဘများ ဘယ်လိုပြင်ဆင်ကြမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် မေ 30, 2020