တစ်နေ့တာလုံး အနံ့အသက်ကင်းကင်းနဲ့ စမတ်ကျနေစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020
Share now

တစ်နေ့တာလုံးခန္ဓါကိုယ်ကချွေးနံ့ကင်းတာကလည်း ကိုယ့်ကိုကိုယ်ယုံကြည်မှုတိုးစေတဲ့အချက်တစ်ခုပါပဲနော်။ ကိုယ့်ကိုယ်က အနံ့ဆိုးတွေထွက်နေလို့ စိတ်ညစ်ပြီး အလုပ်တွေကို ကောင်းကောင်းမလုပ်နိုင်တဲ့အခိုက်အတန့်မျိုးများကြုံဖူးလား။ ခန္ဓါကိုယ်ကမွှေးမနေရင်တောင် အနံ့ဆိုးထွက်မနေမှ အဆင်ပြေတာပါနော်။ ခန္ဓါကိုယ်က အနံ့ဆိုးတွေရှိနေမယ်ဆိုရင် ကိုယ်တိုင်အတွက် အဆင်မပြေနိုင်သလို အခြားသူတွေအတွက်လည်း စိတ်အနှောင့်အယှက်ဖြစ်နေနိုင်ပါတယ်။ ဒီတော့ ဘယ်လိုလုပ်ရမလဲလို့များ သိချင်နေပြီလား။ ကဲ ဆက်ကြည့်လိုက်ရအောင်နော်။

တစ်နေ့တာလုံး အနံ့ဆိုးကင်းစင်လန်းဆန်းနေစေဖို့

ရေပုံမှန်ချိုးပါ

ရေချိုးပျင်းတယ်ဆိုရင်တောင် တစ်နေ့ကို တစ်ခေါက်လောက်တော့ရေချိုးဖို့ပြောပါရစေ။ ဒါမှခန္ဓါကိုယ်ပေါ်ကချွေးတွေနဲ့ ဘက်တီးရီးယားတွေကို ရှင်းလင်းနိုင်မှာပါ။ချွေးကသူ့အတိုင်းဆို အနံ့မရှိပေမယ့် အရေပြားေပါ်ကဘက်တီးရီးယားတွေနဲ့ ပေါင်းမိသွားတဲ့အခါ အနံ့ဆိုးတွေဖြစ်လာရပါတယ်။ ဒါကြောင့် အနည်းဆုံးတစ်နေ့ကို တစ်ကြိမ်တော့ရေပုံမှန်ချိုးပေးပါ။

Antibacterial ဆပ်ပြာသုံးပါ

ရေချိုးတဲ့အခါ ခန္ဓါကိုယ်ပေါ်က မျက်စိနဲ့မမြင်နိုင်တဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားနိုင်ဖို့အတွက် Antibacterial ဆပ်ပြာကိုသုံးပြီးရေချိုးပေးပါ။

ရေသေချာသုတ်ပါ

ရေချိုးပြီးတဲ့အခါ ခန္ဓါကိုယ်ပေါ်ကရေတွေကို တဘက်အသုံးပြုပြီးသေချာခြောက်အောင်သုတ်ပါ။ချွေးထွက်နိုင်တဲ့နေရာတွေကိုသေချာလေးဂရုစိုက်လို့ရေမကျန်နေအောင်သုတ်ပေးဖို့မမေ့ပါနဲ့။

အဝတ်အစားတွေ သန့်ရှင်းမှုရှိပါစေ

အဝတ်တွေကိုလျှော်တဲ့အခါမှာဖြစ်ဖြစ်၊ သိမ်းဆည်းတဲ့အခါမှာဖြစ်ဖြစ်သေသေချာချာသပ်သပ်ရပ်ရပ်လေးဖြစ်အောင်ဂရုစိုက်ပါ။ပြောင်စင်အောင်လျှော်ဖို့လည်းသတိရပါ။ ဒါမှ ခန္ဓါကိုယ်မှာ အနံ့ဆိုးကင်းမှာပါ။ အဝတ်အစားသန့်ရှင်းမှုအားနည်းတဲ့အခါမှာလည်း ခန္ဓါကိုယ်က အနံ့ဆိုးထွက်တတ်ပါတယ်နော်။ချွေးအရမ်းထွက်တဲ့အခါ အင်္ကျီလဲပေးပါ။

ဒါတွေလျှော့စားပါ

ကိုယ်နံ့ကိုပြင်းစေနိုင်တဲ့ အစားအစာတွေဖြစ်ကြတဲ့ ကြက်သွန်နီ၊ ငရုတ်သီး၊ အစပ်ကဲတဲ့အစားအစာတွေကို တတ်နိုင်သမျှလျှော့စားပါ။ဆေးလိပ်နဲ့ အရက်ကိုလည်းရှောင်ပေးပါ။ ကဖင်းကိုလည်းလျှော့ပါနော်။

ချိုင်းမွှေးရိတ်ပါ

ချိုင်းမွှေးတွေရှိနေတာကလည်း ခန္ဓါကိုယ်နံ့ကိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် တစ်ပတ်တစ်ကြိမ်လောက်တော့ ချိုင်းမွှေးတွေကို ရိတ်ပစ်ပေးပါ။ ချိုင်းချွေးထွက်နည်းစေပြီး အနံ့ဆိုးကင်းစေမှာပါ။

ချည်သားပွပွချောင်ချောင်တွေဝတ်ပါ

နိုင်လွန်ပါနေတဲ့ အထည်တွေနဲ့ အဝတ်အစားကျပ်ကျပ်တွေဝတ်ဆင်မှုကလည်းချွေးထွက်များစေပြီး ကိုယ်နံ့ဆိုးစေနိုင်ပါတယ်။ ဒါကြောင့်တစ်နေ့တာလုံး အနံ့အသက်ကင်းကင်းနဲ့ လန်းဆန်းတက်ကြွနေချင်တယ်ဆိုရင်တော့ ချည်သားပွပွချောင်ချောင်လေးတွေကိုပဲရွေးချယ်သင့်ပါတယ်။

ဒီနည်းလေးတွေက တစ်နေ့တလုံး အနံ့အသက်ကင်းကင်းနဲ့ စမတ်ကျကျလှချင်တဲ့ Hello ဆရာဝန်ပရိသတ်ကြီးအတွက် အထောက်အပံ့ဖြစ်စေနိုင်မယ်ထင်ပါတယ်နော်။နေ့ရက်တိုင်းကို အနံအသက်ကင်းကင်းနဲ့ဖြတ်သန်းလိုက်ပါ။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Read also:

ရင်းမြစ်များ

6 Tips for Reducing Body Odorhttps://www.webmd.com/skin-problems-and-treatments/reduce-body-odor Accessed Date 8 February 2019

Natural Body Odor Remedies: 4 Ways To Eliminate Body Odor For Good Hygienehttps://www.medicaldaily.com/natural-body-odor-remedies-4-ways-eliminate-body-odor-good-hygiene-300446 Accessed Date 8 February 2019

How to Prevent Body Odour: 8 Tips That Will Help Keep You Freshhttps://food.ndtv.com/beauty/how-to-prevent-body-odour-8-tips-that-will-help-keep-you-fresh-1413511 Accessed Date 8 February 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကွမ်းသီး နဲ့ ကျန်းမာရေး

ကွမ်းယာ ကွမ်းသီး ကျန်းမာရေး ကျန်းမာရေးဆိုးကျိုး ကျန်းမာရေးအကျိုးကျေးဇူး လေဖြတ် ကြွက်သား ခံတွင်း သွားချေး သွေးတွင်းသကြားဓာတ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

အာလူး နဲ့ ကျန်းမာရေး

ကျန်းမာရေး ကယ်လ်လိုရီ သစ်သီး နဲ့ ဟင်းသီးဟင်းရွက် အမျှင်ဓာတ် အာလူး အရိုး အရိုးပွ ကော်လာဂျင် ကျန်းမာရေး ပြဿနာ သွေးပေါင် သွေးစီးဆင်းမှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

အိပ်နေစဉ် သွားကြိတ် ခြင်း

သွားကြိတ် Bruxism စိတ်ခံစားချက် စိတ်ဖိစီးမှု ဆေးလိပ် အရက် ကဖင်း ပါကင်ဆန်ရောဂါ GERD ADHD အိပ်ဟောက်ရှူရပ်ရောဂါ သွားနဲ့မေးရိုးတွေပျက်စီး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

လက်သည်းအရှည်ထားတာ ကြိုက်သူတိုင်း ဖတ်ဖို့

လက်သည်း ခြေသည်း အလှအပ ကျန်းမာရေး တစ်ကိုယ်ရေသန့်ရှင်းမှု လက်သည်းကိုက် အညစ်အကြေး လက်ချောင်း အနာ ဒဏ်ရာ ရောဂါပိုး ဝမ်းလျှော မှိုစွဲ အရေပြား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

ယုဇနပန်း လှလှလေး ကပေးတဲ့ ကျန်းမာရေး

ယုဇနပန်း လှလှလေး ကပေးတဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 28, 2020
ပန်းသစ်ခွ နဲ့ ကျန်းမာရေး

ပန်းသစ်ခွ နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 28, 2020
ခန္ဓာကိုယ်ရဲ့ ရှေ့တန်း ခုခံအား တပ်များ အကြောင်း နှင့် ရှေ့တန်း ခုခံအား ကောင်းအောင် ဘယ်လိုလုပ်မလဲ။

ခန္ဓာကိုယ်ရဲ့ ရှေ့တန်း ခုခံအား တပ်များ အကြောင်း နှင့် ရှေ့တန်း ခုခံအား ကောင်းအောင် ဘယ်လိုလုပ်မလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် မေ 27, 2020
ရင်တုန် နေတာ ဘာကြောင့်လဲ။

ရင်တုန် နေတာ ဘာကြောင့်လဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် မေ 26, 2020