ဆေးခြောက်ဟာ ကင်ဆာပျောက်စေတာလား? ကင်ဆာဖြစ်စေတာလား?

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ဆေးခြောက်ရွက်ထဲမှာပါဝင်တဲ့ Tetrahydrocannabinol (THC) ဟာ အဓိကအားဖြင့် စိတ်ကိုတက်ကြွစေတဲ့ ဒြပ်ပေါင်းတစ်ခုဖြစ်ပါတယ်။ ဒီဒြပ်ပေါင်းဟာ လူ့ရဲ့စိတ်ကို မူးယစ်ရှိန်ကြောင့် အထွတ်အထိပ်ရောက်သွားစေရုံ အာနိသင်သက်သက်ပဲ သက်ရောက်တဲ့အရာမဟုတ်ပါဘူး။ နောက်ဆုံးလေ့လာဆန်းစစ်ချက်တွေအရ လူကိုအသက် အန္တရာယ်ပြုနိုင်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိနေတယ်လို့ သိလာရပြီဖြစ်ပါတယ်။ THC ဟာ ကင်ဆာဖြစ်ပေါ်စေတဲ့ အကျိတ်တွေကို ကြီးထွားနှုန်းမြန်ဆန်အောင် တွန်းအားပေးကြောင်း အမေရိကန် ကင်ဆာ သုတေသနအသင်း (American Association for Cancer Research – AACR) က ဖော်ထုတ်လိုက်ပါတယ်။

ဆေးခြောက်ကို Cannabis Sativa ဆိုတဲ့ အပင်တမျိုးကနေ ရရှိပြီး သူ့မှာပါဝင်တဲ့ THC ဒြပ်ပေါင်းနဲ့ အပေါင်းအပါတွေဟာ လူ့ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို အကျိုးသက်ရောက်မှုများစွာ ရှိစေနိုင်ပါတယ်။

ဆေးခြောက်ကို နိုင်ငံတော်တော်များများက အစိုးရတွေက အသုံးပြုခွင့်တားမြစ်ထားပေမယ့်  အချို့တိုင်းပြည်တွေမှာတော့ နာကျင်တဲ့ဝေဒနာ၊ မအီမသာဖြစ်တာ၊ အတွေးလွန်စိတ်ရောဂါမျိုးနဲ့ အခြားသော အာရုံကြောဆိုင်ရာ ရောဂါတွေကို ကုသရာမှာ အသုံးပြုခွင့်ပေးထားပါတယ်။ ဒါ့အပြင် HIV/AIDS ကုထုံးတစ်ချို့မှာလည်း အသုံးပြုတတ်ပါတယ်။

ဆေးဘက်ဆိုင်ရာမှာ အသုံးဝင်မှုတွေရှိနေတဲ့ဆေးခြောက်ကိုဆေးခြောက်ပင်ရဲ့ အရွက်တွေနဲ့အဖူးတွေကို အခြောက်ခံပြီးပြုလုပ်ထားတာဖြစ်ပါတယ်။ ဆရာဝန်ထောက်ခံချက်နဲ့မှ ဝယ်ယူလို့ရမှာဖြစ်ပါတယ်။ ဒါကြောင့် ဆေးခြောက်ဟာ ဆေးဖက်ဝင်တယ်၊ တရားဝင်ဖြစ်သင့်တဲ့ ပစ္စည်းတစ်ခုဖြစ်တယ်ဆိုတဲ့ အပြောမျိုးတွေဟာ ဆေးခြောက်ကို နှစ်သက်သူတွေရဲ့ လက်သုံးစကားတွေဖြစ်ပါတယ်။

မာရီယာနာလို့ ခေါ်ဆိုတဲ့ ဆေးခြောက်ကို နေ့စဉ် အသုံးပြုတာဟာ Human Papilloma Virus (HPV) နဲ့ သက်ဆိုင်တဲ့ ကင်ဆာရောဂါတွေဖြစ်ပွားလာအောင် တွန်းအားပေးပြီးတော့ အထူးသဖြင့်တော့ လည်ချောင်းကင်ဆာ ဖြစ်ပွားနိုင်ချေမြင့်မားတယ်လို့ လက်ရှိထွက်ပေါ်လာတဲ့ သုတေသန ရလဒ်အသစ်က ဆိုထားပါတယ်။ Human Papilloma Virus (HPV) အရေပြား၊ လိင်အင်္ဂါတွေကနေတဆင့် ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပြီးတော့ မျိုးဗီဇအခြေအနေပေါ်မူတည်ပြီး ကင်ဆာဖြစ်နိုင်ချေကို တွန်းအားပေးနိုင်တဲ့ ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းကတော့ မာရီယာနာဟာ ကင်ဆာရောဂါကို တိုက်ဖျက်နိုင်တယ်လို့ ယုံကြည်ခဲ့ကြပေမယ့် ခုချိန်မှာ ထွက်ရှိလာတဲ့ သုတေသနရလဒ်ကတော့ အဆိုပါ ယူဆချက်ကို ပြောင်းပြန်လှန်ပစ်လိုက်တာဖြစ်ပါတယ်။ AACR က ပညာရှင်တွေကတော့ မာရီယာနာကို စိတ်အပန်းဖြေဖို့ စွဲလမ်းနည်းနှစ်ခြိုက်စွာ နေ့စဉ်ရက်ဆက် သုံးပြုမယ်ဆိုရင် ကင်ဆာဖြစ်စေမယ့် လမ်းကြောင်းပေါ် တင်ပေးလိုက်သလိုဖြစ်သွားလိမ့်မယ်လို့ ဆိုကြပါတယ်။ တစ်ခါတစ်ရံအသုံးပြုခြင်းကြောင့် ကင်ဆာဖြစ်နိုင်ချေနည်းပါးပေမယ့် ပုံမှန် အသုံးပြုမှုကတော့ အန္တရာယ်များတယ်လို့ ဆိုပါတယ်။

ဆေးခြောက်ကို နေ့စဉ် အသုံးပြုတဲ့အခါ THC ဒြပ်ပေါင်းပမာဏ မြင့်မားလာပြီး ကင်ဆာဆဲလ်အရေအတွက်ကို တိုးပွားစေနိုင်ကာ ဦးခေါင်း၊ လည်ပင်းတို့နဲ့ သက်ဆိုင်တဲ့ ကင်ဆာရောဂါဖြစ်ပွားနိုင်ချေကို တိုးတက်စေမှာဖြစ်ပါတယ်။

ကမ္ဘာပေါ်က တိုင်းပြည်တစ်ချို့မှာ မာရီယာနာကို အသုံးပြုခွင့်ပြုနေပြီဖြစ်ပေမယ့် THC ကို ထိမ်းချုပ်ကန့်သတ်ထားပြီး အဓိကအားဖြင့် ဆေးဝါးအဖြစ်သာ အသုံးပြုခွင့်ပြုနေတာဖြစ်ပါတယ်။

ဆေးခြောက်ဟာ စွဲလမ်းစေတတ်တဲ့ မူးယစ်ဆေးဝါး ဟုတ်မဟုတ်၊ လူ့ခန္ဓာကိုယ်ကို ထိခိုက်နိုင်ခြင်းရှိမရှိ ဒါတွေဟာ ငြင်းခုန်နေကြဆဲအရာတွေ ဖြစ်ပါတယ်။ ဆေးခြောက်ကို မူးယစ်ဆေးအနေနဲ့ပဲမြင်မြင် ဆေးဝါးဓာတ်စာအနေနဲ့ပဲ အသုံးပြုပြု ၎င်းအရာဟာ လက်ခံမှု၊ လက်မခံမှုတွေကြားက အငြင်းပွားဖွယ်ရာ ပစ္စည်းတစ်ခုအနေနဲ့ ဆက်လက်ရှိနေဆဲဖြစ်ပြီး ကျန်းမာရေးဆိုင်ရာ သက်သေပြချက်တွေဟာလည်း အများအပြားထွက်ပေါ်နေဆဲဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

မူးယစ်ဆေးတွေ လူ့ခန္ဓာကိုယ်ထဲမှာ အချိန် ဘယ်လောက်ကြာကြာ ရှိနေနိုင်သလဲ

မူးယစ်ဆေးဝါး ၊ ဘေးထွက်ဆိုးကျိုးတွေ၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး ၊ ထိခိုက်နစ်နာမှုတွေ ၊ အန်ဖက်တမင်း ၊ ကိုကိန်း ၊ ဆေးခြောက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

သွေးတိုး တတ်ရင် ဒါတွေရှောင်………..

သွေးတိုး အားဖြည့်အချိုရည် သွေးပေါင်ချိန် အစားအစာ နေထိုင်မှုပုံစံ ပီဇာ ခရမ်းချဉ်သီးဆော့စ် ပြုပြင်ထားတဲ့အသားတွေ ခေါက်ဆွဲပြုတ် အရက် ဆီသွတ်ဗူးတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
သွေးတိုးရောဂါ, ကျန်းမာရေးစင်တာ ဖေ‌ဖော်ဝါရီ 4, 2020 . 3 mins read

Kratom (ဘိန်းစာပင်) ဟာ မူးယစ်ဆေးလား? ဆေးဝါးဓာတ်စာလား?

Kratom၊ ဘိန်း၊ မအီမသာဖြစ်တာ၊ အော့အံတာ၊ အစာစားချင်စိတ်ပျောက်တာ၊ ကိုယ်အလေးချိန် အလွန်အမင်းကျဆင်းတာ၊ ဝမ်းချုပ်တာ၊ မာရီယာနာ၊ စိတ်ကြွစေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

သားအိမ်ခေါင်းကင်ဆာ ဘာကြောင့်ဖြစ်တာ

သားအိမ်ခေါင်းကင်ဆာ, သွေးဆင်း, သွေးဆုံး, အဖြူဆင်း, HPVဗိုင်းရပ်စ်, ဆစ်ဖလစ်, ဆီးပူညောင်းကျ, HIV/AIDS, HPVကာကွယ်ဆေး, သားအိမ်ခေါင်းအချွဲစစ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

Cannabis နဲ့ COVID-19

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဧပြီ 28, 2020 . 3 mins read
တီဘီရောဂါ ကြောက်စရာကောင်းသလား။

တီဘီရောဂါ ကြောက်စရာကောင်းသလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် မတ် 24, 2020 . 2 mins read

ကော်ရှူခြင်းနဲ့ ဘေးထွက်ဆိုးကျိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် မတ် 6, 2020 . 2 mins read
မနက်စောစော ဂျင်း ထည့်ခံသင့်တဲ့ အကြောင်းအရင်း

မနက်စောစော ဂျင်း ထည့်ခံသင့်တဲ့ အကြောင်းအရင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 4, 2020 . 2 mins read