ကိုယ်အလေးချိန် ကျချင်တဲ့ ပျိုမေတွေအတွက် Detox Water

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 15, 2020 . 2 mins read
Share now

ပိန်မှ လှတယ်လို့ ထင်ကြတဲ့ ခေတ်ကြီးထဲမှာ မိန်းကလေးတွေအပြင် ယောက်ျားလေးတွေကပါ ပိန်ဖို့ ကြိုးစားနေကြပါတယ်။ ဒါဟာလည်း ခေတ်ရဲ့ ရေစီးကြောင်းမှာ လိုက်ပါစီးမျောနေကြတဲ့ လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ အရာတွေထဲက တစ်ခုပါပဲ။

အလှအပအနေနဲ့ မကြည့်ပဲ ကျန်းမာရေးအနေနဲ့ ကြည့်မယ်ဆိုရင်လည်း အဝလွန်ခြင်းဟာ နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးတွေ အလွယ်တကူဖြစ်လာစေနိုင်တဲ့ အကြောင်းရင်းတွေထဲက တစ်ခုပါပဲ။ အဝလွန်ခြင်းရဲ့ နောက်ကွယ်မှာ နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါ၊ ဆီးချို သွေးတိုးအပြင် ကင်ဆာရောဂါ တစ်ချို့ပါ ဖြစ်နိုင်ခြေ မြင့်တက်လာပါတယ်။ အလှအပရေးရာအတွက်ဆိုရင်လည်း ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု၊ ယုံကြည်မှု နည်းလာနိုင်တယ်။ သိမ်ငယ်စိတ်တွေ၊ အားငယ်စိတ်တွေ ဖြစ်လာနိုင်တယ်။

နောက်ပိုင်း ကိုယ်အလေးချိန် ကျလိုသူတွေကြားမှာ ရေပန်းစားလာတဲ့ အရာကတော့ Detox Water လို့ ခေါ်တဲ့ ရေတစ်မျိုးပါပဲ။ မိန်းကလေးတွေကတော့ ကိုယ်အလေးချိန်ကျဖို့ သက်သက်နဲ့ သောက်သုံးကြပေမယ့် တကယ်တမ်းမှာတော့ လူတွေ ထင်မထားမိတော့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေ များစွာ ရှိနေတာကို သုတေသီများက လေ့လာတွေ့ရှိခဲ့ပါတယ်။

Detox Water ဆိုတာ ဘာလဲ။

သဘာဝရေသန့်ကို လတ်လတ်ဆတ်ဆတ် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ ဆေးမြစ်တွေနဲ့ ရောပြီးစိမ်ထားတဲ့ ရေဖြစ်ပါတယ်။ သစ်သီးစိမ်ထားတဲ့ ရေ၊ သစ်သီးအရသာနဲ့ ရေလို့လည်း ခေါ်ကြပါတယ်။

အိမ်မှာ အလွယ်တကူ ပြုလုပ်လို့ ရပြီး ကိုယ်ကြိုက်နှစ်သက်ရာ အသီးအနှံ၊ ဟင်းသီးဟင်းရွက် မျိုးစုံနဲ့ ရောပြီး စိမ်ထားလို့ ရပါတယ်။ ပုံမှန် သစ်သီးဝလံကို ကြိတ်ပြီး ရလာတဲ့ ဖျော်ရည်မျိုး မဟုတ်ပဲ စိမ်ထားတာ ဖြစ်တဲ့အတွက် ကယ်လိုရီ ပါဝင်မှု ပိုနည်းပြီး အဆိပ်အတောက်တွေ ပြေစေပါတယ်။

စတိုးဆိုင်တွေမှာ အလွယ်တကူ ဝယ်လို့ရတဲ့ အအေး၊ အချိုရည်တွေအစား သစ်သီးစိမ်ထားတဲ့ Detox Water ကို အစားထိုးပြီး သောက်ပေးခြင်းဖြင့် ကျန်းမာရေးအတွက် ပိုကောင်းတဲ့ အာနိသင်ကို ရရှိနိုင်ပါတယ်။

Detox Water ကို ဘယ်လို လုပ်မလဲ။

အိမ်မှာ အလွယ်တကူ လုပ်လို့ ရပြီး ကိုယ်ကြိုက်နှစ်သက်ရာ သစ်သီးမျိုးစုံကို လှီးစိတ်ကာ ရေပူ သို့မဟုတ် ရေအေးထဲ ထည့်စိမ်ထားပါ။ ပါဝင်တဲ့ အမယ်ပစ္စည်းများလေ အရသာ ပိုရှိမှာ ဖြစ်ပါတယ်။

အေးအေးလေး သောက်ချင်ရင် ရေခဲသေတ္တာထဲမှာ ၁နာရီကနေ ၁၂နာရီထိ ထားပေးလို့ ရပြီး စိမ်ထားတဲ့ သစ်သီးနဲ့ ရေရဲ့ အရသာကို ပိုကောင်းစေနိုင်ပါတယ်။ ရေခဲသေတ္တာထဲက ထုတ်ပြီးသွားရင် သစ်သီး၊ ဟင်းသီးဟင်းရွက်တွေကို ဖယ်ထုတ်ပေးပါ။ ပျော့ပြီး အရည်ပျော်သွားနိုင်တာကြောင့်ပါ။

အချိန်သိပ်မပေးနိုင်ရင် သစ်သီးတွေကို အရင် ကြိတ်ချေပြီး ရေထဲ ထည့်စိမ်ပေးပါ။

Detox Water ထဲ အများဆုံး ထည့်စိမ်တတ်ကြတဲ့ သစ်သီးတွေက ဘာတွေလဲ။

၁။ သခွားသီး နှင့် ပူစီနံ

၂။ သံပရိုသီး နှင့် ချင်း

၃။ ဘလက်ဘယ်ရီသီး နှင့် လိမ္မော်သီး

၄။ ဖရဲသီး နှင့် ပူစီနံ

၅။ လိမ္မော်သီး နှင့် သံပရိုသီး

၆။ သံပရိုသီး နှင့် သံပရာသီး

၇။ စတော်ဘယ်ရီသီး နှင့် ပင်စိမ်း

၈။ ပန်းသီး နှင့် သစ်ကြံပိုးခေါက် တွေဟာ လူတွေ အများဆုံး တွဲဖက် စိမ်တတ်ကြတဲ့ သစ်သီးတွေပဲ ဖြစ်ပါတယ်။

Detox Water ရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ

၁။ ကိုယ်အလေးချိန်ကို ကျစေတယ်။

၂။ ခန္ဓါကိုယ်ထဲမှာ ရှိတဲ့ အဆိပ်အတောက်တွေ ပြေစေတယ်။

၃။ အစာခြေစနစ်ကို ကောင်းမွန်စေတယ်။

၄။ pH level ကို ထိန်းညှိပေးနိုင်တယ်။

၅။ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတယ်။

၆။ စိတ်ကြည်လင်လန်းဆန်းစေတယ်။

၇။ ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးတယ်။

၈။ အသားအရေ ကြည်လင်ဝင်းပစေတယ်။

၉။ ရေဓါတ်မခမ်းခြောက်စေဖို့ ကူညီပေးတယ်။

Detox Water ဟာ ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ရေဖြစ်ပေမယ့်ရေအစားထိုးအနေနဲ့တော့ မသောက်သုံးသင့်ပါဘူး။ တစ်နေ့ ပုံမှန် ရိုးရိုးရေသန့် အနည်းဆုံး ၂ လီတာခန့်သောက်ပေးဖို့တော့ လိုအပ်ပါတယ်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကျောက်ကပ် နဲ့ ဆီးလမ်းကြောင်းအကြောင်း တစေ့တစောင်း

ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်း ကျန်းမာရေးက လူတစ်ယောက် ကျန်းမာဖို့အတွက် အတော်လေး ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

စိုးရိမ်စရာကောင်းတဲ့ မိန်းမကိုယ် အဖြူဆင်း ခြင်းများ

အမျိုးသမီးများအနေနဲ့ သာမန်အဖြူဆင်းတာနဲ့ ရောဂါကြောင့် ဆင်းတာကို အကြမ်းဖျင်း ခွဲတတ်ဖို့ လိုပါတယ်။ ဘယ်လိုတွေ ကွာခြားသလဲဆိုတာ သိထားသင့်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အသားအရေကို ဂရုစိုက်ပါ။

အရေပြားက လူတစ်ယောက်ရဲ့ သွင်ပြင်ပေါ်မှာတင် သက်ရောက်နေတာ မဟုတ်ပါဘူး။ ကျန်းမာရေး အပေါ်မှာပါ သက်ရောက်နေတာပါ။  အရေပြားကို စောင့်ရှောက်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အမျိုးသမီး များ အသက်အရွယ်တိုင်းမှာ ကျန်းမာနေစေဖို့

အမျိုးသမီး တွေအနေနဲ့ အသက်အရွယ်အလိုက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ နည်းလမ်းကောင်းလေးတွေ သိထားသင့်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

အစားအသောက် မှီဝဲမှုနဲ့ Lupus ကို ထိမ်းချုပ်လို့တော့ ရပါတယ်။ လေ့လာချက်တွေအရဆိုရင် ချင်းဟာ Lupus ကို ထိမ်းချုပ်ကုသရာမှာ အလွန်အသုံးတည့်တယ်လို့ဆိုပါတယ်။ မစ်ချီဂန်တက္ကသိုလ်ရဲ့ လေ့လာချက်အရ ချင်းမှာပါဝင်တဲ့ 6-gingerol လို့ခေါ်တဲ့ bioactive compound တစ်မျိုးဟာ Lupus ရဲ့ ရောဂါလက္ခဏာတွေကို လျှော့ချပေးရာမှာ အလွန်ထိရောက်တယ်လို့ ဆိုပါတယ်။

Lupus ရှိရင် ချင်း (ဂျင်း) စားပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 16, 2021 . 2 mins read
လေဒီတို့ ခံစားရနိုင်တဲ့ တင်ပါးဆုံပြဿနာ အဖုံဖုံ

လေဒီတို့ ခံစားရနိုင်တဲ့ တင်ပါးဆုံပြဿနာ အဖုံဖုံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 14, 2021 . 2 mins read
ဖွားဘက်တော်လေး ထွားဖို့ သန်ဖို့ P-Shot ဆေးထိုးသင့်သလား

ဖွားဘက်တော်လေး ထွားဖို့ သန်ဖို့ P-Shot ဆေးထိုးသင့်သလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 9, 2021 . 2 mins read
ကြောက်ခြင်းရယ်တဲ့ အဖုံဖုံ

ကြောက်ခြင်းရယ်တဲ့ အဖုံဖုံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 17, 2020 . 3 mins read