backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ဖိုးဖိုးဖွားဖွားတို့မှာ အဖြစ်များတဲ့ ရောဂါများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 05/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဖိုးဖိုးဖွားဖွားတို့မှာ အဖြစ်များတဲ့ ရောဂါများ

ဇရာက ရှောင်လွှဲလို့ မရပါဘူး။ ကိုယ်တွေ အသက်ကြီးလာတာနဲ့အမျှ ကိုယ်တွေကို ကျွေးမွေးပြုစု စောင့်ရှောက်ခဲ့တဲ့ ဖေဖေမေမေဖိုးဖိုးဖွားဖွားတွေလည်း အသက်အရွယ် ကြီးရင့်လာခဲ့ပါပြီ။

အသက်ကြီးလာတဲ့အခါ ကိုယ်ခံအား နည်းလာသလို သန်မာမှု အားနည်းလာပြီး ရောဂါတွေကို ခံစားရနိုင်ခြေကလည်း များလာပါတယ်။ ဒီတော့ ချစ်ရတဲ့ မေမေဖေဖေ၊ ဖိုးဖိုးဖွားဖွားတို့ ကျန်းမာနေစေဖို့ အသက်အရွယ်ရတဲ့အခါ ဘယ်လိုရောဂါတွေ ဖြစ်တတ်လဲဆိုတာကို ဖိုးဖိုးဖွားဖွားတို့မှာ အဖြစ်များတဲ့ ရောဂါများ အကြောင်း ပြောပြပေးထားတဲ့ ဒီဆောင်းပါးလေးမှာ ဖတ်ကြည့်လိုက်ပါ။

ဖိုးဖိုးဖွားဖွားတို့မှာ အဖြစ်များတဲ့ ရောဂါများ

အသက်ကြီးရင့်လာတဲ့သူတွေမှာ ဒါတွေ ခံစားရနိုင်ပါတယ်။ အသက်ကြီးတဲ့ ဖြစ်စဉ်က ဆံဖြူရုံ သွားကျိုးရုံ၊ အသားအရေတွေ တွန့်ရုံနဲ့ ပြီးမသွားပါဘူး။ ဒီလို ဝေဒနာတွေပါ ခံစားရနိုင်ပါသေးတယ်။

ဖိုးဖိုးဖွားဖွားတို့မှာ အဖြစ်များတဲ့ ရောဂါများ ကတော့

အာဟာရ ချို့တဲ့မယ်

အာဟာရချို့တဲ့တာက သက်ကြီးပိုင်းတွေမှာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ပေါ့။ သွားတွေက အရင်ကလောက် မသန်မာတဲ့အခါ အစားသိပ်မစားဖြစ်တော့တာမျိုး ရှိနိုင်ပါတယ်။ ဒီတော့ လုံလောက်တဲ့ အာဟာရကို မရရှိရာကနေ အာဟာရချို့တဲ့လာပါတော့တယ်။

အာဟာရချို့တဲ့တဲ့အခါ ကိုယ်ခံအား နည်းတာ။ ကြွက်သားတွေ အားနည်းတာမျိုး ဖြစ်လာပါတော့တယ်။ နောက်ထပ် ဖြစ်နိုင်သေးတာက စိတ်ဓာတ်ကျတာ၊ အရက်စွဲနေတာ၊ အစားရွေးတာ၊ အထီးကျန်တာ နဲ့ ဝင်ငွေ ကန့်သတ်ချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ချစ်ရတဲ့ သက်​ကြီးရွယ်အိုတွေ ကျန်းမာစေဖို့ အစားအသောက်ကို သေချာ ပြင်ဆင်ပေးစေချင်ပါတယ်။

သိမြင်မှုဆိုင်ရာ ကျန်းမာရေး ပြဿနာ

သိမြင်မှုဆိုတဲ့ နေရာမှာ တွေးတောနိုင်စွမ်း၊ သင်ယူနိုင်စွမ်း၊ မှတ်မိနိုင်စွမ်းတွေပါ ပါဝင်နေတာပါ။ လူကြီးတွေ အဖြစ်များတာကတော့ အသက်အရွယ်ရလာတာ​ကြောင့် သတိမေ့လျော့တဲ့ dementia ရောဂါပါ။

dementia ရောဂါက လူ​ကြီးတွေမှာ ခံစားရနိုင်တဲ့ အခြား နာတာရှည်ရောဂါတွေဖြစ်ကြတဲ့ ဆေးဝါးအလွဲသုံးတာ၊ ဆီးချို၊ သွေးတိုး၊ စိတ်ဓာတ်ကျတာတွေ နည်းတူ အဖြစ်များလာတဲ့ ကျန်းမာရေး ပြဿနာတစ်ရပ်ပေါ့။

စိတ်ကျန်းမာရေး

စိတ်ကျန်းမာရေးကတော့ အရွယ်မျိုးစုံ ခံစားရနိုင်ပေမယ့် အသက်အရွယ်ကြီးရင့်လာတာကြောင့် စိတ်သွားတိုင်း ကိုယ်မပါနိုင်တဲ့ လူကြီးတွေမှာ ပိုအဖြစ်များပါတယ်။ အရင်ကလောက် ငွေမရှာနိုင်လို့ အရင်ကလို မကျန်းမာလို့ဆိုတဲ့ အကြောင်းပြချက် အမျိုးမျိုးနဲ့ စိတ်ဓာတ်ကျတာကို ခံစားရနိုင်ပါတယ်။

လူကြီးတွေ တော်တော်များများက စိတ်ကျန်းမာရေး ခံစားနေရပေမယ့် သတိမပြုမိတာ။ မကုသဘဲထားတာတွေကြောင့် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတာမျိုးတွေအထိ ဖြစ်ရပါတယ်။ ဒါကြောင့် ချစ်ရတဲ့သူတွေကို သေချာလေး စောင့်ကြည့်လို့ အထီးမကျန်စေဖို့လည်း အဖော်ပြုပေးပါ။

ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှု

အသက်ကြီးလာတဲ့အခါ ကြွက်သားတွေ အရိုးတွေက အရင်လောက် မသန်စွမ်းတာကြောင့် ချော်လဲတာ အပါအဝင် မတော်တဆ ထိခိုက်နိုင်ခြေက တော်တော်လေး များလာပါတယ်။ အရိုးပွနေတာကြောင့် အရိုးကျိုးလွယ်တာမျိုးလည်း ခံစားရနိုင်ပါသေးတယ်

ဒါကြောင့် အိမ်မှာ လူကြီးတွေ ရှိမယ်ဆိုရင်ထိခိုက်မိနိုင်ခြေ နည်းစေဖို့ သေချာလေး ဂရုစိုက်ပေးပါ။

အာရုံခံနိုင်စွမ်း ကျလာတယ်

အသက်ကြီးလာတဲ့ အခါ မျက်စိမှုန်လာတယ်၊ နားလေးလာတယ်ဆိုတာက အာရုံခံနိုင်စွမ်း ကျလာတာပါ။ ဒါကြောင့် ပုံမှန် အမြင်အာရုံ စစ်ဆေးတာ၊ အကြားအာရုံ စစ်ဆေးတာတွေ လုပ်ပေးပါ။ လိုအပ်ရင် မျက်မှန်လုပ်ပေးတာ၊ နားကြားကိရိယာ တပ်တာမျိုးတွေ လုပ်ပေးပါ။

ခံတွင်းကျန်းမာရေး

အသက် ၆၅ နှစ်ထက်ကျော်ပြီး သဘာဝ သွားတွေကို ပိုင်ဆိုင်ဖို့ မဖြစ်နိုင်ပါဘူး။ အသက်ရလာတာနဲ့အမျှ သွားတွေက ပျက်စီးလာတတ်ပါတယ်။ သွားပျက်စီးတာက နောက်ဆက်တွဲ အနေနဲ့ အာဟာရ ချို့တဲ့တာကို ဖြစ်စေနိုင်တာကြောင့် ပုံမှန် သွားနဲ့ခံတွင်း စစ်ဆေးမှု လုပ်ပေးပါ။

ဆီးမထိန်းနိုင်ခြင်း၊ ဝမ်းချုပ်ခြင်း

အသက်အရွယ်ရလာတဲ့အခါ အာဟာရမျှတအောင် မစားမိတာ ရေသောက်နည်းတာတွေကြောင့် ဝမ်းချုပ်တာကို ခံစားရနိုင်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို မထိန်းသိမ်းမိတာ၊ ကျန်းမာတဲ့ စားသောက်မှု ပုံစံကို မကျင့်သုံးတာ၊ လေ့ကျင့်ခန်း မလုပ်တာတွေကြောင့် ဆီးအိမ်ကြွက်သားလျော့ပြီး ဆီးမထိန်းနိုင်တာနဲ့ ဝမ်းချုပ်တာတွေကို ခံစားရနိုင်ပါတယ်။

ဒီလို ကျန်းမာရေး ပြဿနာတွေ ရှိမယ်ဆိုရင် လိုအပ်တဲ့ ကုသမှုကို ချက်ချင်း ခံယူဖို့ ပြောပါရစေ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 05/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement