backup og meta

မိဘများအတွက် အစာကြေလွယ်ပြီး အာဟာရဖြစ်စေတဲ့အစားအသောက်များ


Aye Thi Mon မှ ရေးသားသည်။ · 02/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိဘများအတွက် အစာကြေလွယ်ပြီး အာဟာရဖြစ်စေတဲ့အစားအသောက်များ

    အသက်အရွယ်ကြီးရင့်လာတဲ့ မိဘတွေကအစားအစာတွေကိုစားဖို့ အကြောင်းအမျိုးမျိုးပြပြီးငြင်းပယ်တတ်ကြပါတယ်။ အဲ့လိုမျိုး အစားအသောက်တွေစားဖို့ငြင်းပယ်တာကနေ တစ်ခါတလေမှာ အစာချေစနစ်က ပုံမှန်အလုပ်လုပ်မလုပ်နိုင်တာမျိုးကိုဖြစ်သွားစေနိုင်ပါတယ်။ ပထမဆုံးစဉ်းစားရမယ့်အချက်က မိဘတွေမှာရောဂါအခံတစ်ခုခုရှိနေတာလား၊သောက်သုံးနေတဲ့ဆေးဝါးတွေရဲ့ ဆိုးကျိုးတစ်ခုခုခံစားနေရတာလားဆိုတာနဲ့ ခံတွင်းနဲ့သွားမှာပြဿနာတစ်ခုခုရှိနေတာလားဆိုတာပါ။ သင့်မိဘတွေအနေနဲ့ အစာကြေချက်နိုင်မှုအားနည်းရတာက အပေါ်မှာဖော်ပြခဲ့တဲ့ အကြောင်းရင်းတွေကြောင့်မဟုတ်ဘူးလို့သိရပြီဆိုရင် သင့်အနေနဲ့ သင့်မိဘတွေကို အစာကြေလွယ်စေဖို့အတွက် အထောက်အကူပြုပေးနိုင်မယ့် နည်းလမ်းအမျိုးမျိုးကို စတင်စမ်းသပ်ကြည့်ရပါမယ်။

    နည်းနည်းစားရုံနဲ့ အာဟာရများများရနိုင်မယ့်အစားအသောက်တွေကိုပြင်ဆင်ပေးပါ

    အချို့လူကြီးတွေက သူတို့ကို အစားအသောက်တွေအများကြီးပြင်ဆင်ပေးထားရင် စိတ်ဖိစီးပြီး စားချင်စိတ်မရှိတာမျိုးတွေဖြစ်တတ်ပါတယ်။ မိဘတွေကို ပန်းကန်အကြီးကြီးတွေ၊ပန်းကန်လုံးအကြီးကြီးတွေနဲ့ပြင်ဆင်ပေးတာမျိုးကိုမလုပ်ပါနဲ့။ ပန်းကန်သေးသေးလေးတွေနဲ့ စားနိုင်ရုံပမာဏလောက်မျိုးပဲပြင်ဆင်ပေးပါ။ ပန်းကန်အကြီးကြီးနဲ့ ၃ ပွဲစာပြင်ပေးမယ့်အစား ပန်းကန်သေးသေးလေးနဲ့ ၆ ပွဲစာပြင်ဆင်ပေး လိုက်ပါ။ တစ်ကြိမ်ကို အစားအသောက်နည်းနည်းစီပဲစားပေးတာက အစာမကြေတာမျိုးဖြစ်နိုင်ခြေကိုလျော့ကျစေနိုင်သလို လေပွတာ၊ စားချဉ့်ပြန်တာလိုမျိုး အစာချေစနစ်နဲ့ပတ်သက်တဲ့ပြဿနာတွေခံစားရနိုင်ခြေကိုလည်းလျော့ကျစေနိုင်ပါတယ်။ စားချင်စိတ်ဖြစ်လာစေမယ့် အစားအစာတွေကိုလည်းပြင်ဆင်ပေးပါ။

    သင့်အနေနဲ့ လူကြီးမိဘတွေမှာ အစားနည်းနည်းပဲစားတာကြောင့် အာဟာရလုံလုံလောက်လောက်မရမှာကို စိုးရိမ်နေတယ်ဆိုရင်တော့ အစားအသောက်ပြင်ဆင်ပေးတဲ့အခါထောပတ်သီး၊သေသေချာချာနုတ်နုတ်စဉ်းထားတဲ့ အသား၊ ချိစ်၊ဥအမျိုးမျိုး၊ သံလွင်ဆီ၊မြေပဲထောပတ် (သို့မဟုတ်) အခြား အခွံမာသီးနဲ့လုပ်ထားတဲ့ထောပတ်တစ်မျိုးမျိုး၊ricotta (သို့မဟုတ်) mascarpone လိုမျိုးဒိန်ခဲအပျော့စားတို့လို အာဟာရပြည့်ဝတဲ့ ပါဝင်ပစ္စည်းတွေကို ထည့်သွင်းပြင်ဆင်ပေးပါ။

    အစားအသောက်အမယ်တွေအများကြီးချက်ပြုတ်ပေးဖို့ အချိန်မရှိဘူးဆိုရင်၊ တစ်ခါတည်းများများကြီးချက်ပြီး ဗူးသေးသေးလေးတွေနဲ့ ခွဲပြီးထည့်ထားပေးပါ။ ဒီလိုလုပ်တာက အစားအသောက်ပြင်ဆင်ပေးတဲ့အခါ အလွယ်တကူနွေးပေးလို့ရစေမှာဖြစ်ပါတယ်။

    Milkshakes၊smoothies(သို့မဟုတ်) အင်အားပြည့်စေမယ့် အချိုရည်တစ်မျိုးမျိုးပြင်ဆင်ပေးပါ

    တကယ်လို့ သင့်မိဘတွေအနေနဲ့ အစားအသောက်လေးတွေကို အရွယ်တော်လေးတွေဖြစ်အောင်ပြင်ဆင်ပေးတာတောင်မှ ဝါးရခက်နေမယ်ဆိုရင် အရည်များများတိုက်ဖို့စဉ်းစားပါ။ အရွေးချယ်သင့်ဆုံးတွေကတော့ –

    • သံလွင်ဆီ၊အဆီမပါတဲ့အသား၊ ဟင်းသီးဟင်းရွက်တွေနဲ့ ချက်ထားတဲ့ အာဟာရပြည့်ဝတဲ့စွပ်ပြုတ်တွေ
    • သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ဒိန်ချဉ်တွေနဲ့လုပ်ထားတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့smoothieတွေ
    • ချောကလက်ပူပူလေး နဲ့ နို့ပူပူလေး
    • milkshakes

    နောက်ထပ်ရွေးချယ်သင့်တာကတော့ အာဟာရဖြည့်ပေးတဲ့သောက်စရာတွေပါ။ အာဟာရဓါတ်ပြည့်ဝစွာပါဝင်ပြီး ပရိုတင်းဓါတ်မျှတတဲ့ အာဟာရဖြည့်ပေးတဲ့သောက်စရာတွေကိုပဲရွေးချယ်ပေးပါ။ ကာဗိုဟိုက်ဒရိတ်၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီတွေ၊ ဗီတာမင်၊သတ္တုဓါတ်နဲ့ အမျှင်ဓါတ်တွေပါဝင်အောင်ပြင်ဆင်ပေးပါ။ ဒီလိုမျိုးအစားအသောက်တွေအပြင် သင့်မိဘတွေကို အစားအသောက်အမျိုးမျိုးကို စားကြည့်ချင်လာအောင်လုပ်ဆောင်ပေးပါ။

    ဘယ်အစားအသောက်ကို နှစ်သက်လဲဆိုတာကိုစောင့်ကြည့်ပါ

    မိဘတွေရဲ့ စားသောက်မှုပုံစံကိုဂရုစိုက်စောင့်ကြည့်ပါ။ ဘယ်အစားအစာကိုနှစ်သက်လဲ၊ ဘာကိုမကြိုက်ဘူးလဲဆိုတာနဲ့ ဘယ်အစားအစာတွေက အစာမကြေဖြစ်စေလဲဆိုတာတွေကိုရေးမှတ်ထားပါ။ မိဘတွေအရမ်းနှစ်နှစ်ခြိုက်ခြိုက်စားနေတဲ့အခါမျိုးမှာလည်း ဘာအစားအစာကို နှစ်ခြိုက်တာလဲဆိုတာကိုရေးမှတ်ထားပါ။ ဒီလိုရေးမှတ်ထားတာက သင့်မိဘတွေအတွက် ဘယ်လိုအစားအစာတွေပြင်ဆင်ပေးရမလဲဆိုတဲ့နဲ့ ဘာတွေကိုမပြင်ဆင်ပေးသင့်ဘူးလဲဆိုတာကိုသိရှိစေဖို့အတွက်အထောက်အကူရရှိမှာပါ။ အသက်ကြီးတဲ့သူတွေမှာ စားချင်စိတ်နည်းလာတာကလည်း စိန်ခေါ်မှုတစ်ရပ်ပါပဲ။ စိတ်ရှည်ရှည်ထားဖို့ အရေးကြီးပါတယ်။ အစားအစာတွေကို ကြိုးစားပြီးစားချင်စဖွယ်ဖြစ်အောင်ပြင်ဆင်ပေးပါ။ မိဘတွေက သင့်ကိုဆန့်ကျင်တာမျိုးလုပ်မှာမဟုတ်တာကြောင့် သင့်အနေနဲ့ဘာကိုပဲပြင်ဆင်ပေးပေးငြင်းမှာမဟုတ်ဘူးဆိုတာကို သိထားပေးပါ။ ဒါကြောင့် ကိုယ်စားစေချင်တာ၊ ကိုယ်ကြိုက်တာတွေကိုပဲပြင်ဆင်ကျွေးမွေးတာမျိုးမလုပ်ပါနဲ့။နောက်တစ်ခုက လွယ်လွယ်နဲ့ လက်မလျော့လိုက်ပါနဲ့။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 02/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement