backup og meta

လက်သည်းခြေသည်းတွေ က ပြောပြနေတဲ့ သင့်ကျန်းမာရေး ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 11/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လက်သည်းခြေသည်းတွေ က ပြောပြနေတဲ့ သင့်ကျန်းမာရေး ။ ။

    လက်သည်းခြေသည်းတွေ ဆိုတာ ကိုယ့်ကျန်းမာရေး အခြေအနေကို ပြန်ထင်ဟပ်စေနိုင်တဲ့ ကြေးမုံပြင်လေးတွေပါ။ သူ့တို့ရဲ့ အရောင်၊ ပုံပန်း သဏ္ဍန်ကို ကြည့်ပြီး သင့်ကျန်းမာရေး အခြေအနေကို အကြမ်းဖျင်းသိနိုင်ပါတယ်။ ဘယ်လိုမျိုးလဲ ဆိုတာ ဆက်ကြည့်ရအောင်။ ။

    ပုံမှန် လက်သည်းဆိုတာ ဘယ်လိုမျိုးလဲ ။ ။

    လက်သည်းအရောင်ကကြည်နေသင့်ပြီး ပန်းရောင်သန်းနေရပါမယ်။ မျက်နှာပြင်မှာလည်း အစင်းရာလေးတွေ ၊ ဖုထစ်နေတာမျိုးတွေ ရှိမနေသင့်ဘဲ ပြောင်ချော ဖြစ်နေရပါမယ် ။ ။

    လက်သည်းက ကိုယ့်ကျန်းမာရေးကို ဘယ်လိုပြောပြနိုင်မှာလဲ ။ ။

    လက်သည်း အရောင်

    • ဖျော့နေတဲ့ လက်သည်းရောင် ။ ။ ပုံမှန် ပန်းရောင် မဟုတ်ဘဲ ဖျော့နေတယ်ဆိုရင် သွေးအားနည်းတာ၊ အသည်းရောဂါ နှလုံးရောဂါနဲ့ အာဟာရ ချို့တဲ့တာကြောင့် ဖြစ်နိုင်ပါတယ်။
    • လက်သည်းဖြူနေတာ ။ ။ လက်သည်းကို ကြည့်လိုက်ရင် ကြည်ကြည်လေးဖြစ်မနေဘဲ ထုံးတွေ တို့ထားသလို ဖြူဖြူကြီးဖြစ်နေမယ်ဆိုရင် ဒါ သင့်အသည်းမှာ ပြဿနာရှိနေပြီဆိုတာကို ပြတာပါ။
    • လက်သည်းဝါတာ ။ ။ လက်သည်းတွေက တအားကို ဝါနေမယ်ဆိုရင် ဒါ လက်သည်းမှိုစွဲနေတာဖြစ်နိုင်ပါတယ်။ တစ်ခြား ဖြစ်တတ်တာတွေကတော့ အသည်းရောင် အသားဝါကြောင့် လက်သည်းတွေဝါတာ၊ အဆုတ်ရောဂါ နဲ့ သိုင်းရွိုက် ဂလင်းရောဂါတွေ ကြောင့်လည်း လက်သည်း ဝါတတ်ပါသေးတယ်။
    • ပြာနေတဲ့ လက်သည်းခွံ။ ။ သင့်ကိုယ်ခန္ဓါ အောက်ဆီဂျင် လုံလောက်အောင် မရဘူးဆိုတာကို အရင်ဆုံး ပြောပြမှာကတော့ ပြာနေတဲ့ လက်သည်းခွံလေးတွေပဲ ဖြစ်ပါတယ်။ အဆုတ်ရောဂါတွေနဲ့ အခြား မွေးရာပါ နှလုံးရောဂါတွေကြောင့် လက်သည်းပြာနိုင်ပါသေးတယ်။
    • လက်သည်းပေါ်က အဖြူစက်လေးတွေ ။ ။ ငယ်ငယ်ကဆော့လေ့ရှိတဲ့ မုန်း၊ညှိုး၊ချစ်၊ ခင်၊ သနားတို့ရဲ့ ဇာတ်လိုက်ဖြစ်တဲ့ ဒီ လက်သည်းပေါ်က အဖြူစက်လေးတွေက သင် ဇင့်ဓါတ်ချို့တဲ့နေတာကိုပြချင်တာပါ။

    လက်သည်း မျက်နှာပြင်

    • လက်သည်း မျက်နှာပြင်ဟာ မချောမွတ်ဘဲ အပ်ပေါက်ရာလေးတွေ ဖောက်ထားသလို အထစ်ထစ်ဖြစ်နေမယ်ဆိုရင် psoriasis လို့ခေါ်တဲ့ အရေပြားရောဂါတစ်မျိုးနဲ့ အဆစ်အမြစ်ရောင် ရောဂါ တို့ကြောင့်ဖြစ်ရတာပါ။
    • လက်သည်း ခြေသည်းထိပ်တွေမှာ ခြောက်ပြီး အဖြူဖတ်တွေကပ်နေသလိုမျိုးဖြစ်ဖူးပါသလား။ အဲဒီနေရာက လက်သည်းက ပျော့နေပြီး အလွယ်တကူ ချိုးလို့ရတယ်လေ။ တစ်ရံတစ်ခါလည် းဝါဝါ ကြီးတွေ ဖြစ်နေတတ်ပါတယ်။ ဒါတွေ အားလုံးရဲ့ တရားခံကတော့ လက်သည်း၊ခြေသည်း မှိှုစွဲတာကြောင့်ဖြစ်ပါတယ်။
    • လက်သည်းမှာ ကန့်လန့်ဖြတ် အစင်းရာတွေ များနေရင် ဒါဟာ စိတ်ဖိစီးမှု များနေတယ်ဆိုတာကို ပြောချင်တာပါ။
    • ဒေါင်လိုက်က အစင်းတွေ ။ ။ အစာအိမ်နဲ့ ပက်သက်တဲ့ ရောဂါ၊ အသည်း ၊ ေကျာက်ကပ်ဝေဒနာတွေ ခံစားရတဲ့သူမှာ တွေ့ရများပါတယ်။
    • လက်သည်း အောက်က အမဲစင်းတွေ ။ ။ လက်သည်းအောက်က အမဲအစင်းကြောင်းကတော့ melanoma လို့ခေါ်တဲ့ အရေပြားကင်ဆြာဖစ်စေတတ်တဲ့ ဓါတ်တစ်မျိုးကြောင့်ဖြစ်ရတာပါ။ ။
    • လက်သည်းထိပ်တွေ မညီမညာဖြစ်နေတာ ။ ။ လက်သည်းထိပ်က ဝိုက်ဝိုက်လေးမဟုတ်ဘဲ အထစ်အထစ်တွေနဲ့ ဖြစ်နေပြီဆိုရင် သင့်မှာ လက်သည်းကိုက်တတ်တဲ့အကျင့်ရှိနေရပါမယ်။ လက်သည်းကိုက်တတ်တယ်ဆိုတာ ပုံမှန် မဟုတ်ပါဘူး။ စိုးရိမ်ပူပန်မှုများတဲ့ စိတ်ရောဂါ ရဲ့ လက္ခဏာတစ်ခုပါ။

    လက်သည်းခြေသည်းတွေ က ဖော်ပြနေတဲ့ သင့်ကျန်းမာရေး အခြေအနေများပဲ ဖြစ်ပါတယ်။ ဒါတွေ ရှိလို့ ကျန်းမာရေး ချို့ယွင်းနေပြီလို့ တထစ်ချပြောလို့မရပါဘူး။ ပုံမှန် လူတွေ တော်တော်များများမှာလည်း ဒီလို လက်သည်း ပြဿနာလေးတွေ ရှိတတ်တာကြောင့် သင့်စိတ်ထဲ စနိုးစနောင်ြ့ဖစ်နေရင်တော့ ဆရာဝန်၊ အရေပြား ဆရာဝန်တွေ ဆီမှာ သွားပြတာ အကောင်းဆုံးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 11/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement