backup og meta

အိမ်က ဘိုးဘိုးဘွားဘွားတွေမှာ ဖြစ်တတ်တဲ့ မှတ်ဉာဏ်ပျောက်ဆုံးခြင်း ရောဂါ တစ်မျိုး ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 07/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိမ်က ဘိုးဘိုးဘွားဘွားတွေမှာ ဖြစ်တတ်တဲ့ မှတ်ဉာဏ်ပျောက်ဆုံးခြင်း ရောဂါ တစ်မျိုး ။  ။

    Long Term Memory loss ( ကိုယ့်ငယ်စဉ်က အမှတ်တရ တော်တော်များများကို မေ့သွားခြင်း)

    အတိတ်မေ့တယ်၊ သတိမေ့သွားတယ်။ ကိုယ်နဲ့ အရင်းအနှီးဆုံးသူတွေ၊ နဲ့ ကိုယ့်ငယ်ဘဝကိုတောင် မမှတ်မိတော့တဲ့ ပြဿနာက အယ်ဇိုင်းမား ရောဂါတစ်ခုတည်းရှိတာ မဟုတ်ပါဘူး။ Long term memory loss ကလည်း ဒီပြဿနာတွေကို ဖြစ်စေတဲ့ နောက်ထပ်အကြောင်းအရင်းတစ်ခုပါပဲ။

    Long term memory ( ငယ်စဉ်ကာလ တည်းက သိမ်းထားတဲ့ ကာလကြာ မှတ်ဉာဏ်ဆိုတာဘာလဲ)

    Long term memory ဆိုတာ ငယ်စဉ်တည်းက အဖြစ်အပျက်တော်တော်များများရဲ့ အချက်အလက်တွေကို ဦးနှောက်ရဲ့ တစ်နေရာမှာ သိမ်းဆည်းထားတဲ့ မှတ်ဉာဏ်ဖြစ်ပါတယ်။ ဒီထဲမှာဆို အချက်အလက်တွေ၊ ရင်းနှီးမှုတွေနဲ့ အိမ်ကို ဘယ်လမ်းကပြန်ရမလဲဆိုတာကို မှတ်ထားတဲ့ မှတ်ဉာဏ်တွေပါပါတယ်။

    Long term memory loss ဆိုတာဘာလဲ။ ။

    Long term memory loss ဆိုတာ အပေါ်မှာပြောခဲ့တဲ့ ငယ်ဘဝ မှတ်ဉာဏ်တွေကို သတိမရတော့တာ၊ ပြန်တွေးလို့ မရတော့တာမျိုးပါ။ အသက်ကြီးလာတဲ့ ဖြစ်စဉ်တွေထဲမှာ Long term memory loss က တစ်ခု အပါအဝင်ပါ။ ကိုယ့်အိမ်က ဘယ်မှာရှိတာလဲ၊ ကိုယ့်သူငယ်ချင်းတွေက ဘယ်သူလဲ၊ ကိုယ့်ငယ်ငယ်တုန်းက ကျောင်းဆရာမ နာမည်က ဘယ်လိုခေါ်လဲဆိုတာ မမှတ်တော့တာမျိုးပေါ့

    ကိုယ့်အိမ်က ဘိုးဘွားတွေမှာ Long term memory loss ရှိနေကြောင်း ဘယ်လိုသိနိုင်မှာလဲ ။ ။

    အသိသာဆုံးကတော့ ငယ်ငယ်ကလေးဘဝက ဖြစ်ပျက်ခဲ့တဲ့ အမှတ်တရတွေကို သတိမရတော့တာပဲ ဖြစ်ပါတယ်။

    အခြားလက္ခဏာတွေကတော့

    • ပစ္စည်းတွေကို ကွဲကွဲပြားပြားမသိတော့တာ ( ဥပမာ ခုံကို ကုတင်ဆိုပြီး ပြောနေတာမျိုးပေါ့)
    • ပြောနေကျ၊ သုံးနေကျ စကားတွေကို ဘယ်လိုပြောရမှန်း မသိတော့တာ
    • အရင်သွားဖူးနေကျ နေရာတွေမှာ လမ်းပျောက်နေတာမျိုး
    • စိတ်တိုလွယ် နေတာမျိုး။
    • လုပ်နေကျ အလုပ်တွေလုပ်ရင်တောင် အရင်ထက်ပိုကြာနေတတ်တာမျိုးတွေ ဖြစ်ပါတယ်။

    ကဲ ဒီလောက်တောင် ဘိုးဘိုးဘွားဘွားတွေကို ဂရိဖြစ်စေတဲ့ Long term memory loss က ဘာကြောင်ြ့ဖစ်ရတာလဲ ။ ။

    • အသက်ကြီးခြင်းဟာ Long term memory loss ကိုဖြစ်စေတဲ့ အဓိက အကြောင်းအရင်းတစ်ခုပါ။ အသက်ကြီးလာတာနဲ့ အမျှ ဦးနှောက်ဆဲလ်တွေ ကျုံ့လာတာကြောင့်ဖြစ်ရတာပါ။
    • စိတ်ဖိစီးမှုများတဲ့ အခြေအနေတွေ အများကြီး ကြုံတွေ့ခဲ့ရတာ
    • စိတ်ကျရောဂါ ခံစားခဲ့ဖူးတာ
    • စိုးရိမ်ပူပန်မှုများတာကို လျှော့ချတဲ့ဆေးတွေဖြစ်တဲ့ benzodiazepines သောက်နေရတဲ့သူတွေ
    • ဗီတာမင် B 12 ချို့တဲ့နေတဲ့သူတွေနဲ့
    • ဦးနှောက်အတွင်းပိုင်းမှာ ရေတွေစုပြီး ဦးနှောက်ဆဲလ်ကို ပိနေတဲ့ အကြောင်းအရင်းတွေဟာ Long term memory loss ဖြစ်စေတဲ့ အကြောင်းအရင်းတွေပါ။
    • အခြား Long term memory loss ကိုဖြစ်စေနိုင်တာကတော့ ဦးနှောက်ကို ပြင်းပြင်းထန်ထန်ထိခိုက်မိတာ၊ ဦးနှောက်တွင်းပိုးဝင်တာ၊ ဦးနှောက်မှာ ကင်ဆာကျိတ်ဖြစ်တာ၊ လေဖြတ်တာနဲ့ အတက်ရောဂါတို့ဖြစ်ပါတယ်။

    Long term memory loss ဖြစ်နေကြောင်း သေချာအောင် ဘယ်လိုစမ်းသပ်မှာလဲ ။ ။

    ဆရာဝန်ကနေပြီးတော့

    ခုလိုမျိုး သတိမရတာမျိုး ဖြစ်နေတာ ဘယ်လောက်ကြာပြီလဲ ၊ တစ်ခြား ဘာလက္ခဏာတွေရော ရှိသေးလဲ၊ ပိုပိုပြီး ဆိုးလာလားဆိုတာမျိုးတွေ သင့်ကို မေးပါလိမ့်မယ်။ ဒါ့အပြင်

    • လူနာရဲ့ ဦးနှောက်တွေးခေါ်နိုင်စွမ်းနဲ့ စိတ်အခြေအနေကိုစမ်းသပ်မယ်
    • သွေးစစ်ပြီးတော့ဗီတာမင် B 12ချို့တဲ့မှုနဲ့ သိုင်းရွိုက်ရောဂါတွေ ရှိမရှိစမ်းမယ်
    • ဦးနှောက်ကိုCT စကင်မ်ဖတ်မယ်၊
    • MRI လို့ခေါ်တဲ့ သံလိုက် ပုံရိပ်ဖော်စက်နဲ့ ဦးနှောက်ကို ပုံရိပ်ဖော်မယ်
    • EEG လို့ခေါ်တဲ့ ဦးနှောက်တွင်းစီးနေတဲ့ လျှပ်စစ်လိုင်းတွေကို တိုင်းတာမယ်
    • ပြင်းထန်တဲ့ စိတ်ဒဏ်ရာ တစ်ခုခုရခဲ့လားဆိုတာတွေ မေးကြည့်ပြီးတော့ မှတ်ဉာဏ် ပျောက်ဆုံးရခြင်းအကြောင်းကို ဖော်ထုတ်မှာဖြစ်ပါတယ်။

    Long term memory loss ကို ဘယ်လိုကုသမှာလဲ ။ ။

    Long term memory loss ကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေပေါ် မူတည်ပြီး ကုသမှာဖြစ်ပါတယ်။

    • ကိုယ်သောက်နေတဲ့ ဆေးတွေကြောင့်ဖြစ်တယ်ဆိုရင် ဆရာဝန်ကနေပြီးတော့ ဆေးပြောင်းပေးမယ်။
    • စိတ်ထိခိုက်မှု တစ်စုံတစ်ရာ ကြောင့်ဖြစ်နေတာဆိုရင် စိတ်ရောဂါကု ဆရာဝန်ဖြစ်ဖြစ်၊ နှစ်သိမ့်ဆွေးနွေး ပညာပေးတဲ့ ဆရာဝန်ဆီ ဖြစ်ဖြစ် သွားဖို့ သင့်ကို ညွှန်ကြားပါလိမ့်မယ်။
    • ဦးနှောက်ကင်ဆာ အကျိတ်ဖြစ်နေခဲ့တာဆိုရင် ကင်ဆာ အကျိတ်ကို ခွဲထုတ်ဖို့လိုပါလိမ့်မယ်။
    • Cholinesterase inhibitors နဲ့ partial N-methyl D-aspartate (NMDA) antagonists တို့ဟာ Long term memory loss ကိုကုသတဲ့ ဆေးနှစ်မျိုးဖြစ်ပါတယ်။ ဒီဆေးနှစ်မျိုးဟာ တစ်ချို့လူတွေမှာ Long term memory loss ကိုသက်သာစေပေမယ့် တစ်ချို့လူတွေ အတွက်တော့ ဘာမှ အကျိုးမရှိတာကိုတွေ့ရပါတယ်။ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေလည်းရှိသေးတာကြောင့် ရလာမယ့် အကျိုးနဲ့ ဘေးထွက်ဆိုးကျိုးတွေကိုချိန်ဆပြီးမှ ဆေးကို သုံးစေချင်ပါတယ်

    Long term memory loss က ကာကွယ်လို့ရလား။ ။

    Long term memory loss ကို ကာကွယ်နိုင်တဲ့ အရာတွေကတော့

    • လေ့ကျင့်ခန်းမှန်မှန်လုပ်တာ
    • မှတ်ဉာဏ်ကို အားကောင်းစေမယ့် အစားအသောက်တွေ စားပေးတာ
    • အိပ်ချိန် မှန်အောင် အိပ်ပေးတာနဲ့
    • ဦးနှောက်ကို အအားမထားဘဲ အသစ်အသစ်သော ပညာတွေကို လေ့လာသင်ယူနေဖို့ ပဲဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 07/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement