backup og meta

ကိုလက်စရော မြင့်တက်စေတဲ့ အစားအသောက်များ ။ ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုလက်စရော မြင့်တက်စေတဲ့ အစားအသောက်များ ။ ။

    သွေးတွင်း အဆီ ဘာကြောင့်များရတာလဲ ။ ။

    သွေးတွင်း အဆီဓာတ်များရခြင်းရဲ့ အဓိကအကြောင်းအရင်းကတော့ ကိုလက်စရော မြင့်တက်စေတဲ့ အစားအသောက်တွေကို မဆင်မခြင်စားမိတာကြောင့်ဖြစ်ရတာပါ။ ဒီလိုနဲ့ အဆီတွေ အနည်ကျလာလို့ သွေးကြောတွေ ကျဉ်းလာပါတော့တယ်။

    ဒီလို သွေးကြောကျဉ်းရောဂါကိုဖြစ်စေတဲ့ ကိုလက်စရောတွေ သွေးထဲမှာ များမနေချင်ဘူးဆိုရင်တော့ ကိုလက်စရော တက်စေတဲ့ အစားအသောက်တွေက ဘာလဲဆိုတာ သင်သိထားဖို့လိုပါတယ်။

    ကိုလက်စရော မြင့်တက်စေတဲ့ အစားအသောက်များ ။ ။

    ကော်ဖီ။ ။

    Expresso တို့၊ အသင့်ဖျော်ကော်ဖီတို့မှာပါတဲ့ cafestol ဟာ မကောင်းတဲ့ အဆီဓာတ်ဖြစ်တဲ့ LDL ကိုလက်စရောကို မြင့်တက်စေပါတယ်။ ဒါပေမယ့် ခွက်သေးသေးနဲ့ တစ်နေ့ တစ်ခွက်လောက်ပဲ ကော်ဖီ သောက်တတ်ရင်တော့ ကိစ္စမရှိပါဘူး။ နှပ်ကော်ဖီဟာ သွေးတွင်း ကိုလက်စရောကို မြင့်တက်စေခြင်း မရှိတာကြောင့် နှပ်ကော်ဖီကြိုက်တဲ့ သူတွေအတွက်ကတော့ ဝမ်းသာစရာပါပဲ ။

    ဆီပြန်အစပ်ဟင်းတွေ ။ ။

    ဟင်းဆိုလည်း ဆီပြန်ဟင်းမှ အသားဆိုလည်း ဝက်သားသုံးထပ်သားမှ ကြိုက်တဲ့သူတွေဆီမှာ ကိုလက်စရောတို့ အလွန်ပျော်ပါတယ်။

    ပုစွန်ထုတ် ။ ။

    ဈေးကြီးလွန်းပြီး စားလိုက်ရင် စိမ့်အိမ့်နေတဲ့ ပုစွန်ထုတ်ကလည်းသွေးတွင်း ကိုလက်စရော ကိုမြင့်တက်စေတဲ့ အစားအသောက်တစ်ခုပါ။

    ကလီစာတွေ။ ။

    ဝက်ကလီစာ၊ ဆိတ်ကလီစာ၊ အမဲအူစုံသဲစုံ တို့ဟာ လူတိုင်းနီးပါး ကြိုက်နှစ်သက်ကြတဲ့ အစားအသောက်တွေပါ။ နာမည်အကြီးဆုံးကတော့ ဝက်သားတုတ်ထိုးပေါ့။ ဒီလို ကလီစာတွေထဲမှာ အသည်းတို့၊ ကျောက်ကပ်တို့၊ ဟာ ကိုလက်စရော ကို အများဆုံးတက်စေတဲ့အရာတွေပါ။

    ဒိန်ခဲ၊ ထောပတ် ။ ။

    ဒီလို နို့ကနေထုတ်ထားတဲ့ ဒိန်ခဲတို့၊ ထောပတ်တို့မှာအဆီ အစိမ့်တွေ အများကြီးပါပြီး စားလိုက်တဲ့သူတိုင်းကို သွေးတွင်း အဆီဓာတ်များစေပါတယ်။

    ခေါက်ဆွဲခြောက်တွေ ။ ။

    ခေါက်ဆွဲခြောက်တွေမှာ ပြည့်ဝဆီ တွေ အများကြီးပါပြီး ဖယောင်းတွေ ထည့်ထားတဲ့အပြင် တာရှည်ခံအောင်လုပ်ထားတဲ့ ဓါတုပစ္စည်းတွေ ထည့်ထားတာကြောင့် သွေးတွင်း ကိုလက်စရောကိုလည်း မြင့်တက်စေ၊ ကျန်းမာရေးကိုလည်း ထိခိုက်စေတဲ့ အစားအစာတစ်ခုပါ။

    ဘဲသား ။ ။

    ကြက်သားနဲ့ ယှဉ်ရင် ဘဲက အသားပိုနည်းတယ်ဆိုပေမယ့် ကိုလက်စရော ပိုများတဲ့ အစားအသောက်တစ်ခုပါ။

    ကြက်ဥ၊ ဘဲဥ အနှစ် ။ ။

    ကြက်ဥ အကာမှာသာ ပရိုတင်းဓာတ်တွေပြည့်ဝနေတာပါ။ အနှစ်ကတော့ ကိုလက်စရော အပြည့်နဲ့ဖြစ်ပါတယ်။

    ဆီကြော်မုန့် ။ ။

    စားချင်စိတ်ကို ဆွပေးတဲ့ ၊ စားလို့လည်းကောင်း အပျင်းလည်းပြေတဲ့ ဆီကြော်မုန့်တွေဟာ ကိုလက်စရောတက်စေတဲ့ အစားအသောက်တွေပါ။

    ရေခဲမုန့် ။ ။

    အားလုံးရဲ့ သည်းခြေကြိုက်ဖြစ်တဲ့ ရေခဲမုန့်ဟာ ကိုလက်စရော မြင့်တက်စေတဲ့ ထိပ်ဆုံး အစားအသောက်တွေထဲက တစ်ခုပါ။ ။

    သွေးတွင်း အဆီဓာတ်များတယ်ဆိုတာ ပိန်တာ၊ ဝတာ ၊ ကလေးဖြစ်လို့ လူကြီးဖြစ်လို့နဲ့ မဆိုင်ပါဘူး။ လူတိုင်း အရွယ်မရွေး သွေးတွင်းအဆီဓာတ် ကိုလက်စရော များတာ ဖြစ်နိုင်ပါတယ်။ သွေးတွင်းမှာ ကိုလက်စရောတွေ များလာပြီး နောက်ပိုင်းစုလာတဲ့ အဆီတွေကြောင့် သွေးကြောတွေ ကျဉ်းသွားလို့ ကိုယ်ခန္ဓာတစ်ခုလုံးဆီ သွားနေတဲ့ သွေးလည်ပတ်မှုတွေ မကောင်းတော့ဘဲ မလိုလားအပ်တဲ့ ရောဂါဝေဒနာတွေ တစ်ပုံကြီးစတင်ဖြစ်လာပါတယ်။ ဒါကြောင့် သွေးကြောကျဉ်း ရောဂါတွေ မဖြစ်ချင်ဘူးဆိုရင် ကိုလက်စရော မြင့်တက်စေတဲ့ အစားအစာတွေကို ရှောင်စားရမှာ ဖြစ်ပါတယ်။ ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement