ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်သောက်တဲ့ အကျင့်ကို ဖျောက်ရတာက စိတ်ခေါ်မှု တစ်ရပ်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သင် လုပ်နိုင်ပါတယ်။ ကျွမ်းကျင်သူတွေ အတည်ပြုပေးထားတဲ့ ဆေးလိပ်ဖြတ်တဲ့အခါ လွယ်ကူစေမယ့် နည်းလမ်းတွေကို ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆေးလိပ်ဖြတ်ခြင်း

နီကိုတင်းကပ်ခွာ သုံးပြီး ဆေးလိပ်ဖြတ်ကြမယ်

ဆေးလိပ်ဖြတ်တဲ့အခါ တိခနဲ ဖြတ်ဖို့ ခက်နေရင် Nicotine replacement therapy (NRT)လို့ခေါ်တဲ့ နီကိုတင်း အစားထိုး ကုထုံးတွေရဲ့ အကူအညီကို ယူနိုင်ပါတယ်။ နီကိုတင်း အစားထိုး ကုထုံးမှာ နီကိုတင်းကပ်ခွာ ၊ ရှူဆေး၊ ငုံဆေး စသဖြင့် အစားစား ရှိပါတယ်။ ဒီတစ်ခေါက်တော့ နီကိုတင်းကပ်ခွာကို သုံးပြီး ဆေးလိပ်ဖြတ်နည်းအကြောင်း ပြောပြပေးချင်ပါတယ်။ နီကိုတင်းကပ်ခွာဆိုတာ ဆေးလိပ်သောက်တဲ့သူတွေရဲ့ ၇၀ရာခိုင်နှုန်းက ဆေးလိပ်ဖြတ်ချင်စိတ် ရှိကြပါတယ်။ ဒါပေမဲ့ စွဲလမ်းစေတဲ့ နီကိုတင်းကြောင့် မပြတ်နိုင်ဘဲ ပြန်ပြန်ပြီး သောက်မိနေကြတာ ဖြစ်ပါတယ်။ နီကိုတင်းသက်သက်က ကျန်းမာရေးအရ ဆေးလိပ်လောက် မထိခိုက်ပါဘူး။ ဒါကြောင့်လည်း နီကိုတင်းကို သုံးပြီး ဆေးလိပ်ဖြတ်ကြတာပါ။ ဒါပေမဲ့ နီကိုတင်းကို စွဲပြီး ဆေးလိပ်သောက်မိတဲ့အခါ အန္တရာယ်ရှိပစ္စည်းတွေ ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာတာ၊ မသောက်ရ မနေနိုင်ဖြစ်ပြီး ဆက်ကာ […]

ဆေးလိပ်ဖြတ်ခြင်း ကို ရှာဖွေမည်။

ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်ဖြတ်နေတဲ့ သူငယ်ချင်းကို ဘယ်လိုကူညီနိုင်မလဲ

ဆေးလိပ်ကို ကာလကြာရှည်စွာ သောက်နေသူတစ်ယောက်အတွက် ဆေးလိပ်ဖြတ်ဖို့ဆိုတာ လွယ်ကူလှတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဆေးလိပ်သောက်ခြင်းဟာ အင်မတန်မှ စွဲလမ်းစေပြီး ဖြတ်ရခက်ပါတယ်။ ဆေးလိပ်ဖြတ်မယ်လို့ စဉ်းစားလိုက်တာနဲ့ တိခနဲ ချက်ချင်းပြတ်သွားမှာ မဟုတ်ပါဘူး။ ခက်ခဲတဲ့ အဆင့်တွေကို ကျော်ဖြတ်ရပါဦးမယ်။ ဆေးလိပ်ကို ကြိုးစားပြီးဖြတ်နေချိန်မှာ မိသားစုနဲ့ မိတ်ဆွေ သူငယ်ချင်းတွေရဲ့ အကူအညီကို လိုအပ်လှပါတယ်။ သင့်မိသားစုနဲ့ မိတ်ဆွေအပေါင်းအသင်းတွေထဲမှာ  ဆေးလိပ်ဖြတ်ဖို့ ကြိုးစားနေသူတွေရှိနေရင် ဒီလိုနည်းလမ်းလေးတွေနဲ့ ကူညီအားပေးလိုက်ပါ။ (၁) နှုတ်ဖြင့်အားပေးပါ။ ဒီနည်းလမ်းဟာ အင်မတန်မှ လွယ်ကူရိုးရှင်းလှပါတယ်။ နှုတ်၏စောင်မခြင်း ဆိုပါတော့။ ဆေးလိပ်သောက်သုံးသူ တစ်ယောက်က ဆေးလိပ်ဖြတ်ဖို့ စကားစလာတဲ့အခါ အောက်ပါစကားလုံးလေးတွေနဲ့ တုံ့ပြန် နိုင်ပါတယ်။ “ ငါမင်းအတွက် ဂုဏ်ယူလိုက်တာ၊ ဆေးလိပ်ဖြတ်ဖို့ စိတ်ကူးရှိတာ မင်းအရမ်းတော်တာပဲ” “ဆေးလိပ်ဖြတ်ချိန်မှာ အခက်အခဲတွေတော့ရှိမှာပဲ။ ဒါပေမယ့် မင်းသေချာပေါက် လုပ်နိုင်မှာပါ။    မင်းအောင်မြင်မယ်ဆိုတာ ငါယုံကြည်တယ်။” “ အကူအညီလိုတာရှိရင် ပြောနော်၊ […]


ဆေးလိပ်ဖြတ်ခြင်း

Vape ရောင်းချမှုပိုမိုတွယ်ကျယ်လာတဲ့ မြန်မာပြည်စျေးကွက်

Vape ဆိုတာဘာလဲ။ ယနေ့ခေတ်မှာ ဆေးလိပ်အစားထိုးအဖြစ် လူငယ်တွေကြားမှာ ရေပန်းစားလာတဲ့ စီးကရက် (E-Cigarette) ဖြစ်ပါတယ်။ အရင်က ကျွန်တော်တို့သောက်နေကျ ဆေးလိပ်၊ ဆေးရွက်ကြီးတွေမှာလို အဆုတ်နဲ့ နှလုံးကို ထိခိုက်ပျက်စီးစေတဲ့ နီကိုတင်းဓာတ် (Nicotine) တွေ မပါဝင်ဘူးလို့ ဈေးကွက်ထဲမှာ ဆိုထားပေမယ့် တကယ်တမ်းလုံးဝမပါဘူးလို့ သင်ထင်ပါသလား။ ဒါဆိုရင်တော့ အခုတဖြည်းဖြည်း မြင့်တက်လာတဲ့ သေဆုံးမှုဦးရေက သင်ထင်ထားတာတွေ မှားနေတယ်ဆိုတာ သက်သေပြနေပါပြီ။ Vape သောက်တဲ့အခါ အပူပေးလျှပ်စစ်ရှော့တိုက်ရတဲ့ အရည်တွေထဲမှာ နီကိုတင်းတွေသာမက တခြားလူကိုစွဲလမ်းစေတဲ့ ဓာတုဗေဒပစ္စည်းပေါင်းများစွာ ပါဝင်နေပါတယ်။ အခုနောက်ပိုင်းလေ့လာတွေ့ရှိချက်အရ ဗီတာမင် အီး အက်စီတိတ် (Vitamin E acetate) ဆိုတဲ့ ဓာတ်လည်း ပါဝင်နေတယ်ဆိုတာ သိရပါတယ်။ ဗီတာမင် အီး အက်စီတိတ် က လူတွေကို ဒုက္ခဖြစ်စေသလား။ အမှန်တကယ်က ဗီတာမင် အီးသည် […]


ဆေးလိပ်ဖြတ်ခြင်း

ဘာလို့ ဆေးလိပ် ဖြတ်မရတာလဲ

ဆေးလိပ် ကို စိတ်ထွက်ပေါက် အနေနဲ့ သောက်တာ ရှိတယ်၊ အဖော်ကောင်းလို့ သောက်တာ ရှိတယ်၊ ကြိုက်လွန်းလို့ကို သောက်တာ ရှိတယ်၊ ကိုယ့်ကို ဆေးလိပ်သောက်ဖြစ်စေတဲ့ အကြောင်းရင်းက တစ်ယောက်တစ်မျိုးနဲ့ပါ။ ဒါပေမယ့် တကယ်တမ်း ဆေးလိပ်ဖြတ်တော့မယ် ဆိုရင်တော့ ဒီအကြောင်းပြချက်တွေက အရေးပါလာပါပြီ။ ဘာကြောင့် သောက်ဖြစ်နေတာလဲ ဆိုတာကို ကိုယ့်ဘာသာ အဖြေရှာနိုင်မှ ဆေးလိပ်ဖြတ်ဖို့ ကြိုးစားရတာ အောင်မြင်မှာ ဖြစ်ပါတယ်။ ဆေးလိပ် ဘာလို့ သောက်ဖြစ်တာလဲ ယေဘုယျကျကျ ကြည့်မယ်ဆိုရင်တော့ လူတစ်ဦး ကို ဆေးလိပ်သောက်သုံးဖြစ်စေတဲ့ အကြောင်းရင်းတွေထဲမှာ အဓိကအားဖြင့် ဒီ ၄ မျိုး ပါဝင်နေပါတယ် - (၁) ခံစားချက် ကြောင့် သောက်ဖြစ်တာ စိတ်ရှုပ်စရာတွေ ကြုံလာရင် ဆေးလိပ်ထသောက်တတ်တယ်။ ဆေးလိပ်လေး သောက်ရင် တွေးလို့ ကောင်းတယ်၊ အတွေးနယ်ချဲ့ကြတယ်။ အလုပ်တွေ လုပ်နေရင်း ရုံးခန်းအပြင် […]


ဆေးလိပ်ဖြတ်ခြင်း

ဆေးပေါ့လိပ် သောက်ခြင်းက ကျန်းမာရေးကို ဘယ်လို ထိခိုက်စေနိုင်သလဲ

ဆေးလိပ်လို့ ဆိုလိုက်ရင် စီးကရက်တင်မကဘဲ ဆေးပေါ့လိပ် ၊ ဆေးပြင်းလိပ် ဆိုပြီး အမျိုးမျိုး ရှိပါတယ်။ တော်တော်များများက အလွယ်တကူ ဝယ်လို့ရနိုင်တဲ့ စီးကရက်ကို သောက်ကြပေမယ့် ဆေးပြင်းလိပ်မှ သောက်တာ၊ ဆေးပေါ့လိပ်မှ သောက်တယ်။ ဒါက စီးကရက်လောက် ကျန်းမာရေးကို မထိခိုက်စေလောက်ဘူးလို့ ယူဆသူတွေရှိနိုင်ပါတယ်။ ဒီတော့ လက်ကနေ မချတမ်း အပြတ်ခဲနေတဲ့ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်တွေက ကျန်းမာရေးကို တကယ်ပဲ စီးကရက်လောက် မထိခိုက်ဘူးလားဆိုတာကို သိနိုင်ဖို့ ဒီဆောင်းပါးလေး ဖတ်ကြည့်စေချင်ပါတယ်။ ဆေးပေါ့လိပ်ကို အရင်းစစ်ကြည့်သော် ဆေးပေါ့လိပ်က ကျန်းမာရေးကို ဘယ်လို ထိခိုက်စေတယ်လို့ မပြောခင်မှာ ဆေးပေါ့လိပ်ရဲ့ ဇစ်မြစ်ကို အရင်စစ်ကြည့်စေချင်ပါတယ်။ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်တွေမှာ ပါတဲ့အမယ်တွေ ကွာပေမယ့် မကွဲမပြား အတူတူ ပါဝင်နေနိုင်တဲ့ အရာကတော့ ဆေးရွက်ကြီးပါ။ ဆေးရွက်ကြီး ပါဝင်နေမှတော့ […]


ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ် ငွေ့ ရှူနေရတဲ့ ကိုယ့်ဘေးကလူတွေ ဘာထိခိုက်လာမလဲ

တစ်ဆင့်ခံဆေးလိပ်ငွေ့ ဆိုတာက မီးညှိထားတဲ့ စီးကရက်ကနေ ထွက်လာတဲ့ မီးခိုးငွေ့နဲ့ ဆေးလိပ် သောက်သုံးသူက မှုတ်ထုတ်လိုက်တဲ့ ဆေးလိပ်ငွေ့တွေကို ဆိုလိုတာဖြစ်ပါတယ်။ တစ်ခုတော့ မေးပါရစေ။ ကိုယ်က ဆေးလိပ်သောက်တတ်တယ် ဆိုဦးတော့ ကိုယ့်အနီးဆုံးက လူတွေကို ထိခိုက်စေမှာကို မစိုးရိမ်မိဘူးလား။ တစ်ဆင့်ခံဆေးလိပ်ငွေ့မှာလည်း ဆေးလိပ်သောက်သုံးသူ ရှူရှိုက်လိုက်တဲ့ အန္တရာယ်ရှိ ဓာတုပစ္စည်းတွေ ပါဝင်တာချင်း အတူတူပါပဲ။ တစ်ဆင့်ခံ ဆေးလိပ်ငွေ့မှာ ဓာတုပစ္စည်း ၇,၀၀၀ ကျော် ပါဝင်ပါတယ်။ ကိုယ့်အရင်းနှီးဆုံးသူတွေကို အန္တရာယ် အဖြစ်ခံမှာလား အရက်သောက်ရင်တောင် သောက်တဲ့သူရဲ့ ကိုယ်တွင်းမှာပဲ ရောဂါဖြစ်စေနိုင်ပေမယ့် ဆေးလိပ် ကတော့ ဒီလို မဟုတ်ပါဘူး။ ကိုယ်သောက်လိုက်တဲ့ ဆေးလိပ်ငွေ့က လေထုထဲ ရောက်သွားပြီးရင် ကိုယ်နဲ့ အနီးအနားမှာ ရှိနေသူတွေရဲ့ အသက်ရှူလမ်းကြောင်းထဲ ပျံ့နှံ့ရောက်ရှိ စေနိုင်တာပါ။ ကိုယ့်ရဲ့ချစ်ခင်ရသူတွေ၊ မိသားစုဝင်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေ အပါအဝင် အနီးဆုံးက […]


ဆေးလိပ်ဖြတ်ခြင်း

စီးကရက် အမြဲ ခဲနေတတ်တာ ဂုဏ်ယူစရာလား

အလုပ်တွေက များ၊ စိတ်ဖိစီးစရာတွေ များနေတယ် ဆို အဖော်လေး ခေါ်ပြီး ဝရံတာ မှာဖြစ်ဖြစ်၊ လှေကားနားမှာ ဖြစ်ဖြစ် စီးကရက် သွားသောက်ကြတာ အလုပ်ခွင်က ယောကျာ်းလေးတွေရဲ့ ထုံးစံ ပါပဲ။ ဘီယာဆိုင် ထိုင်တာက လွဲရင် စီးကရက်ခဲကြတာလည်း သူတို့တွေရဲ့ စိတ်ဖိစီးမှု ဖြေလျှော့တဲ့နည်း တစ်မျိုး ဖြစ်နေသတဲ့လေ။ လူမှုဆက်ဆံရေးမှာလည်း အပေါင်းအသင်းတွေ၊ အလုပ်ပါတနာတွေ နဲ့ ပြင်ပတွေ့ဆုံပွဲတွေမှာ စီးကရက်လေး စတိုင်ကျကျ မီးညှိရတာ အထာကျတယ် ထင်ကြပါသေးတယ်။ ဒါပေမယ့် … နီကိုတင်း ရဲ့ လှည့်စားမှု ဆေးလိပ် သောက်လိုက်ရင် ခေါင်းကြည်သွားတယ်၊ စိတ်ရှုပ်စရာတွေ ပေါ့ပါးသွားတယ် လို့ ခံစားရတတ်တာ နီကိုတင်းရဲ့ လှည့်စားမှုအာနိသင် ဖြစ်ပါတယ်။ ဆေးလိပ်က ကျန်းမာရေး အတွက် ကောင်းကျိုးပေးတယ် ဆိုတာ ရှာမှရှားတဲ့ သတင်းခေါင်းစဉ် တစ်ခုပဲလေ။ စီးကရက်မှာ […]


ဆေးလိပ်ဖြတ်ခြင်း

တကယ်ဆေးလိပ်ဖြတ်နိုင်အောင် ကူညီပေးမယ့် လမ်းညွှန်ချက် ၁၀ ချက်

ဆေးလိပ်သောက်တယ်ဆိုတာက မကောင်းတဲ့ ကိစ္စတစ်ခုပါ။ ကိုယ့်ရဲ့ ကျန်းမာရေးကို ထိခိုက်စေသလို ကိုယ့်ရဲ့ ဆေးလိပ်ငွေ့ကြောင့်လည်း သူတစ်ပါးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ ဆေးလိပ်သောက်သုံးသူ သန်း ၁၀၀၀ နီးပါးရှိနေပြီးတော့ တစ်နှစ်ကို လူ ၈ သန်းလောက်က ဆေးလိပ်ကြောင့် သေဆုံးနေကြတာပါ။ ဝမ်းနည်းစရာကောင်းတာက အဲ့ဒီထဲက ၁ ဒဿမ ၂ သန်းလောက်က ဆေးလိပ်မသောက်သုံးတဲ့လူတွေဖြစ်နေတာပါပဲ။ ကိုယ့်ကိုရော ကိုယ့်ပတ်ဝန်းကျင်က လူတွေကိုရော ထိခိုက်မှာကို မလိုလားတဲ့ လူတစ်ချို့က ဆေးလိပ်ဖြတ်ဖို့ ကြိုးစားကြပါတယ်။ တကယ်တော့ ဆေးလိပ်ဖြတ်တယ်ဆိုတာက လွယ်ကူတဲ့ ကိစ္စတော့မဟုတ်ပါဘူး။ ခက်ခဲသလို လူတိုင်းလည်း မအောင်မြင်တတ်ကြပါဘူး။ ဒါကြောင့် လမ်းတစ်ဝက်မှာတင် လက်လျှော့သွားကြရသူ အမြောက်အများရှိခဲ့ပါတယ်။ ကိုယ်တိုင်ကလည်း ဆေးလိပ်ဖြတ်ချင်တဲ့ စိတ်ဆန္ဒရှိပြီး လမ်းတစ်ဝက်မှာ မအောင်မမြင်ဖြစ်သွားမှာလည်း စိုးရိမ်နေသူတွေအတွက် အမေရိကန်က အမျိုးသားကျန်းမာရေးဝန်ဆောင်မှုဌာန (NHS) ရဲ့ လမ်းညွှန်ချက်လေးတွေကို ပြောပြပေးချင်ပါတယ်။ ဒီနည်းလမ်းတွေက […]


ဆေးလိပ်ဖြတ်ခြင်း

နှုတ်ခမ်း၊ သွားဖုံး ညိုမည်းပြာ ဆေးလိပ်သောက်တဲ့ခါ

ဆေးလိပ်သောက် သူရဲ့ နှုတ်ခမ်းဟာ ဒေါင်လိုက် အရေးအကြောင်းတွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။ ဒါ့အပြင် နှုတ်ခမ်းနဲ့ သွားဖုံးဟာလည်း ဆေးလိပ်သောက်တဲ့ခါ ပုံမှန်ထက် အရောင်ရင့်ကာ ညိုမည်းနေတတ်ပါတယ်။ ဒါကတော့ နှစ်ကာလကြာရှည်စွာ စီးကရက်၊ ဆေးရွက်ကြီးစတဲ့ ထုတ်ကုန်တွေကို သောက်သုံးရာက ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ အကျိုးဆက်ပဲ ဖြစ်ပါတယ်။ နှုတ်ခမ်းညိုမည်းတာ ပျောက်ချင်ရင်တော့ ဆေးလိပ်ဖြတ် လိုက်တာဟာ အကောင်းဆုံးပါပဲ။ အကူအညီ ဖြစ်စေမယ့် နည်လမ်း အချို့ရှိပေမယ့် ဆေးလိပ်ဖြတ် လိုက်တာကတော့ သိသာတဲ့ ရလဒ်ကို ပေးနိုင်ပါတယ်။ နှုတ်ခမ်း၊ သွားဖုံး ညိုမည်းပြာ ဆေးလိပ်သောက်တဲ့ခါ ဆေးလိပ်သောက်တဲ့ခါ ဆေးလိပ်ဟာ သွားနဲ့ ခံတွင်းရောဂါတွေ ဖြစ်စေရုံသာမက ခံတွင်းကင်ဆာ အမျိုးအစားပေါင်း များစွာကိုလည်း ဖြစ်ပွားစေပါတယ်။ ဒီလို ကျန်းမာရေး အခြေအနေတွေတင် မကပါဘူး။ သင့်ရုပ်ရည်ကိုလည်း ထိခိုက်စေနိုင်ပါ တယ်။ နှုတ်ခမ်း၊ သွားဖုံး […]


ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်သောက် သူတွေ စားသင့်တဲ့ အစားအစာများ

ဆေးလိပ်ဆိုတာ  စသောက်သောက်တုန်းကတော့ ဒီလောက်ကြီး စွဲမယ်လို့ မထင်ထားပါဘူး။ လွယ်လွယ်နဲ့ ဖြတ်လို့ရမယ်လို့ ထင်ခဲ့တယ်မလား။ ဒါပေမယ့် သောက်တာ ကြာလေလေ စွဲလေလေဖြစ်ပြီး ဖြတ်ရခက်လာပါတယ်။ ဒါက သူ့မှာ ပါဝင်တဲ့ နီကိုတင်းကြောင့်ပါ။ နီကိုတင်းက စွဲလမ်းစေတတ်တဲ့ သတ္တိရှိပါတယ်။ ဒါကြောင့် ကြာလေလေ ဖြတ်ရခက်လာလေလေပါ။ ဒါပေမယ့် ဆေးလိပ်ဆိုတာ အဆုတ်ကစလို့ တစ်ကိုယ်လုံး ဘယ်နေရာမှာမှ ကောင်းကျိုးမပေးပါဘူး။ ဒါကြောင့် ဖြတ်ဖို့ကြိုးစားသင့်ပါတယ်။ ဒီလို ကြိုးစားနေတဲ့ စပ်ကြားမှာ စွဲလမ်းတတ်တဲ့ နီကိုတင်းကို ကိုယ်ထဲက အမြန်ထွက်သွားအောင် ကူညီပေးတဲ့ အစားအစာကို စားပေးသင့်ပါတယ်။ ဆေးလိပ်ဖြတ်တာကို အထောက်အကူ ဖြစ်ဖို့ အပါအဝင် နီကိုတင်းကြောင့် ကျန်းမာရေးထိခိုက်တာကို လျော့ကျစေချင်လို့ပါ။ ဆေးလိပ်သောက် သူတွေ စားသင့်တဲ့ အစားအစာများ က ဘာတွေ ဖြစ်မလဲဆိုတာကို […]


ဆေးလိပ်ဖြတ်ခြင်း

တစ်ဆင့်ခံ ဆေးလိပ်ငွေ့၏ နောက်ဆက်တွဲပြဿနာများ

ကိုယ်တိုင်ဆေးလိပ်မသောက်ဘဲ ဆေးလိပ်သောက်သုံးနေသူတွေ အနားမှာ နေမိတဲ့အခါ ဘာတွေ ဖြစ်လာနိုင်မလဲ။ တစ်ဆင့်ခံဆေးလိပ်ငွေ့တွေမှာ ဓာတုပစ္စည်းအမျိုးပေါင်း (၇၀၀၀) ကျော်ပါဝင်ပါတယ်။ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ဆိုတာ ဘာကိုခေါ်သလဲဆိုရင်တော့ မိမိကိုယ်တိုင်ဆေးလိပ်မသောက်ပါဘဲ ဆေးလိပ်သောက်သုံးတဲ့လူတွေ ရှူရှိုက်ပြီးမှုတ်ထုတ်လိုက်တဲ့ အငွေ့တွေကို ဆိုလိုတာပါ။ ဆေးလိပ်သောက်သုံးသူ တစ်ယောက်အနားမှာ နေမိရင်တော့ သူရှူရှိုက်လိုက်တဲ့ အငွေ့တွေတင်မကပဲ လောက်ကျွမ်းနေဆဲဖြစ်တဲ့ စီးကရက်ကနေထွက်လာတဲ့ အငွေ့တွေကိုပါ ရှူရှိုက်မိတော့မှာပါ။ တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူရှိုက်သူ (Passive Smoker/ Second Hand Smoker) တစ်ယောက် အတွက် ပြဿနာကဘာလဲ။ တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူရှိုက်သူတွေအတွက် ကျန်းမာရေးရလဒ်ဆိုးကျိုးတွေကတော့ ဆေးလိပ် သောက်သုံးသူတွေနဲ့ အတူတူပါပဲ။ ကင်ဆာရောဂါဖြစ်ပွားစေပါတယ်။ ဆေးလိပ်ငွေ့မှာပါဝင်တဲ့ ဓာတုအဆိပ်အတောက် (၇,၀၀၀) ထဲက အမျိုးပေါင်း (၇၀) ဟာ ကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်းတွေပါ။ ကိုယ်တိုင်ကိုယ်ကျဆေးလိပ်ကို တစ်ခါမှ မသောက်ဖူးတဲ့သူ ဖြစ်သည့်တိုင် တစ်ဆင့်ခံဆေးလိပ်ငွေ့ကြောင့် အဆုတ်ကင်ဆာကို ဖြစ်ပွားစေပါတယ်။ အဆုတ်ကင်ဆာတင်မဟုတ်ပါဘူး ခန္ဓာကိုယ်တစ်ကိုယ် […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်