backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ဆေးလိပ်ဖြတ်ပြီးလျှင် သင့်ခန္ဓါတွင်ပြောင်းလဲသွားမည့်ဖြစ်စဉ်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Ye Pyae Hein မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဆေးလိပ်ဖြတ်ပြီးလျှင် သင့်ခန္ဓါတွင်ပြောင်းလဲသွားမည့်ဖြစ်စဉ်များ

ဖြစ်စဉ်များ

လူအများစုက ဆေးလိပ်ဖြတ်ပြီးသော်လည်း နှစ်များစွာ နီကိုတင်းကို သောက်သုံးခဲ့ခြင်းကြောင့် ကျန်းမာရေး ထိခိုက်မှုသည် ပြန်မကောင်းနိုင်တော့ဟု ယုံကြည်သည့်အတွက် ဆေးလိပ်ဖြတ်ရန် လွယ်လွယ်လက်လျှော့ တတ်ကြသည်။

သို့သော်လည်းအမှန်မှာ ထိုသို့မဟုတ်ပါ။ မည်မျှအချိန်ကြာကြာ သင်ဆေးလိပ်သောက်သုံးခဲ့ပါစေ၊ ဆေးလိပ်ဖြတ်လိုက်သည်နှင့် တပြိုင်နက် အနည်းဆုံး အတိုင်းအတာတစ်ခုအထိ ပြန်လည် ကောင်းမွန်အောင် ခန္ဓါကိုယ်က ပြုလုပ်သည်သာဖြစ်သည်။

အောက်ပါတို့သည် ဆေးလိပ်ဖြတ်လိုက်သည့် မိနစ် အချိန်မှစ၍ သင့်ခန္ဓါကိုယ်တွင်း ပြောင်းလဲမှုများ ဖြစ်ပါသည်။

(၁)မိနစ် ၂၀ အကြာ

နီကိုတင်းဓါတ်သည် ခန္ဓါကိုယ်၏ စနစ်အတွင်းသို့ ဝင်ရောက်သောအခါ သွေးပေါင်ချိန် နှင့် နှလုံးခုန်နှုန်း မြင့်တက်လာစေသည်။ ဆေးလိပ်ဖြတ်လိုက်သောအခါ သွေးပေါင်ချိန်နှင့် နှလုံးခုန်နှုန်း ပုံမှန်ပြန်ဖြစ်သွားသည်။

(၂) ၈ နာရီအကြာ

သင်ရှုထုတ်လိုက်သော ဆေးလိပ်မီးခိုးငွေ့သည် ကြည့်ကောင်းသလို ရှိသော်လည်း အဆိပ်ဖြစ်စေသော ဓါတ်ပစ္စည်းပေါင်း ၄၀၀၀ ကျော်ပါဝင်ပြီး ဆိုးရွားသော ဓါတ်တစ်ခုမှာ ကာဗွန်မိုနောက်ဆိုဒ် ဖြစ်သည်။ သင်နောက်ဆုံး ဆေးလိပ်သောက်ခဲ့ချိန်မှ ၈ နာရီခန့်ကြာမြင့်သောအခါ ခန္ဓါကိုယ်မှ နီကိုတင်းနှင့် ကာဗွန်မိုနောက်ဆိုဒ် ကိုစွန့်ထုတ်ပြီး ဖြစ်သည့်အတွက် သွေးတွင်းရှိ အောက်ဆီဂျင် ပမာဏသည်လည်း ပုံမှန်ပြန်ဖြစ်သွားသည်။

(၃)၂၄ နာရီအကြာ

၁ရက်ခန့်ကြာပြီးသောအခါ သင်၏ အဆုတ်က သန့်ရှင်းရေး ပြုလုပ်သည့်အတွက် ချွဲနှင့် စွန့်ပစ်အပိုင်းအစများကို အပြင်သို့ရှင်းလင်း ဖယ်ထုတ်ပေးသည်။

(၄)၄၈ နာရီအကြာ

နီကိုတင်းသည် သင်၏ အနံ့ နှင့် အရသာ အာရုံခံခြင်းတို့ အပေါ်လည်း သက်ရောက်မှုရှိသည့်အတွက် ဆေးလိပ်ဖြတ်ပြီး သောအခါ နီကိုတင်းမရှိတော့သဖြင့် အာရုံခံစားမှုလည်း ပိုမိုကောင်းမွန်လာသည်။

(၅)ရက်သတ္တပတ် ၂ ပတ်မှ ၁၂ ပတ်ခန့်အကြာ

ဆေးလိပ်သောက်ခြင်းက ခန္ဓါကိုယ်သွေးလှည့်စနစ်ကို ထိခိုက်သည့်အတွက် ကိုယ်လက်လှုပ်ရှားမှု မပြုနိုင်ခြင်းမျိုး ကြုံရတတ်သည်။ ဆေးလိပ်ဖြတ်ပြီးသောအခါ ထိုပြဿနာ မရှိတော့သည့်အတွက် ကိုယ်လက်လေ့ကျင့်ခန်း လုပ်သောအခါ အမောခံနိုင်လာသည်။

(၆)၃ လမှ ၉ လ အကြာ

နီကိုတင်းနှင့်ဝေးလေလေ သင့်ကျန်းမာရေးသည်လည်း ဆက်လက်တိုးတက်လေလေဖြစ်သည်။ သင်၏ အဆုတ်သည် ပြန်လည်ကောင်းမွန်ရှင်သန်ရန် အချိန်ကောင်းစွာ ရပြီးသောအခါ ချောင်းဆိုးခြင်း၊လေပြွန်ကျဉ်းခြင်း နှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများလည်း တစ်စ တစ်စ သက်သာလာသည်။

(၇)၁ နှစ်အကြာ

သိပ္ပံပညာရှင်များက ဆေးလိပ်သောက်ခြင်းသည် သွေးကြောများကို ကျဉ်းစေသော အဆီခဲများကို ဖြစ်တည်စေနိုင်ကြောင်း ယုံကြည်ကြသည်။ သွေးကြောကျဉ်းရာ မှတစ်ဆင့် နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် ရင်ဘတ်အောင့်ခြင်းတို့ကို ခံစားရစေနိုင်သည်။ ဆေးလိပ်ဖြတ်ပြီး ၁ နှစ်ခန့်အကြာတွင် သင့်အနေဖြင့် နှလုံးရောဂါ ဖြစ်နိုင်ချေကိုပါ ရပ်တန့်ပြီးဖြစ်သည်။

(၈)နီကိုတင်းဖြတ်ခြင်း၏ ဘေးထွက်ဆိုးကျိုးများ

နီကိုတင်းသည် စွဲလန်းစေတတ်သောကြောင့် နီကိုတင်းဖြတ်လိုက်လျှင် အောက်ပါလက္ခဏာတို့ကို ခံစားရနိုင်သည်။

  • အစာချေစနစ်ဆိုင်ရာပြဿနာများ
  • အစာမကြေခြင်း၊မူးဝေပျို့တက်ခြင်း၊ဝမ်းလျှောခြင်း။
  • နှာခေါင်းပိတ်ခြင်း၊ချောင်းဆိုးခြင်း၊အသံဝင်ခြင်း။
  • ခေါင်းမူးခြင်း။
  • ခြေချောင်း လက်ချောင်း ထိပ်များ ထုံကျဉ်ခြင်း။
  • အိပ်စက်မှု ပုံစံပြောင်းလဲလာခြင်း၊အိပ်မပျော်ခြင်း။

ထိုလက္ခဏာများသည် အလွန်အခံရခက်သည် မှန်သော်လည်း သင်ဆေးလိပ်ဖြတ်ပြီးသောအခါ ခန္ဓါကိုယ်က ပြန်လည် ကောင်းမွန်အောင် ပြုပြင်နေကြောင်း ပြသည့်ကောင်းသော လက္ခဏာ ဖြစ်ပါသည်။ ဆေးလိပ်ဖြတ်ရန် ပျက်ကွက်ပြီး ဆေးလိပ်ပြန်သောက်ပါက ယခင်အခြေအနေသို့ ပြန်ရောက်သွားလိမ့်မည်။ ဆေးလိပ်ဖြတ်ပြီး ထိုလက္ခဏာများသည် တစ်လခန့်အထိ ကြာတတ်သည်။ သင်ကိုယ်တိုင်အတွက် ထိုအချိန်ကို အကောင်းဆုံး ကြိုးစား ကျော်ဖြတ်သင့်သည်။ နီကိုတင်းဖြတ်ခြင်း ကာလကို ကျော်လွှားအောင်မြင်နိုင်ပါက သင့်ကျန်းမာရေး အတွက် သိသာသော တိုးတက်မှုများကို မြင်တွေ့ရတော့မည် ဖြစ်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Ye Pyae Hein မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement