backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ဆေးလိပ်သောက်ခြင်းနှင့်ပတ်သက်တဲ့ယုံတမ်းစကားများ


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ယုံတမ်းစကားများ

လူတစ်ယောက်ဆေးလိပ် စသောက်ဖို့ အကြောင်းရင်းများစွာ ရှိပါတယ်။

လူတော်တော်များများဟာ ဆေးလိပ်သောက်တာ ရပ်ချင်ပေမယ့်လည်း ဆေးလိပ်ဖြတ်ခြင်းနဲ့ ပတ်သက်တဲ့ ယုံတမ်းစကား တွေကြောင့် ဆေးလိပ်ဖြတ်ဖို့ တွန့်ဆုတ်နေတတ်ကြပါတယ်။ သင်ဆေးလိပ်ဖြတ်နိုင်ဖို့အတွက် ဒီဆောင်းပါးမှာ လူတွေပြောနေကြတဲ့ ဒဏ္ဍာရီပုံပြင် (၇) ခုနဲ့ တကယ်ရော ဟုတ်ရဲ့လားဆိုတာ ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။

ဆေးလိပ်သောက်ခြင်းရဲ့ ဆိုးကျိုးကို အခြားကျန်းမာရေးနဲ့ ညီညွတ်တဲ့ အပြုအမူတွေက ဖြေဖျောက်နိုင်မှာပဲ။

လူအတော်များများဟာ သူတို့ဆေးလိပ်သောက်ရင်တောင်မှ လေ့ကျင့်ခန်းလုပ်ပြီး ကျန်းမာအောင် စားသောက်တဲ့အတွက် သူတို့ရဲ့ ကျန်းမာရေးကတော့ ကောင်းမွန်နေမှာပဲလို့ ပြောဆိုတတ်ကြပါတယ်။ သုတေသနတွေအရ ကျန်းမာအောင်နေထိုင်စားသောက်ခြင်းနဲ့ အားကစားလုပ်ခြင်းဟာ ဆေးလိပ်ကြောင့်ဖြစ်တဲ့ ဆိုးကျိုးတွေကို မလျော့ပါးစေနိုင်ဘူးလို့ ဆိုပါတယ်။ တကယ်တော့ Winsconsin တက္ကသိုလ်က ဆေးပညာ ပါမောက္ခတစ်ဦးဖြစ်ပြီး Tobacco Research and Intervention ရဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ Michael C. Fiore က ဆေးလိပ်သောက်ခြင်းဆိုတာ ခန္ဓါကိုယ်မှာ ရှိတဲ့ အင်္ဂါအကုန်လုံးကို ဆိုးရွားစွာ အကျိုးသက်ရောက်နိုင်ပြီးတော့ ဘယ်လို ကျန်းမာစွာနေထိုင်ခြင်းကမှ ဆေးလိပ်သောက်ခြင်းရဲ့ ဆိုးကျိုးတွေကို မလျော့နည်းစေပါဘူးလို့ ပြောကြားထားပါတယ်။

ဆေးလိပ်သောက်တာ ရပ်လိုက်ရင် ဝလာတတ်ပါတယ်။

ဆေးလိပ်သောက်တာ ရပ်လိုက်ရင် ဝလာတတ်ပါတယ်။ ဒါပေမယ့် အပိုတက်လာတဲ့ ကိုယ်အလေးချိန်ကို ကျန်းမာတဲ့ အစားအသောက်တွေ စားသုံးခြင်းနဲ့ လေ့ကျင့်ခန်းလုပ်ခြင်းတို့နဲ့ လျှော့ချနိုင်ပါတယ်။ အမျိုးသား ကျန်းမာရေး တက္ကသိုလ် အရ တကယ်လို့ သင်ဟာ ပိုမိုကျန်းမာတဲ့ နေထိုင်မှုပုံစံကို ကျင့်သုံးမယ်ဆိုရင် လအနည်းငယ်အတွင်းမှာ ၂ ကီလိုကနေ ၅ ကီလိုကြား အလေးချိန် ကျနိုင်ပါတယ်။ ဒါ့ကြောင် ဆေးလိပ်ဖြတ်ပြီး ဝလာမှာကို မစိုးရိမ်သင့်ပါဘူး။ အပိုတက်လာတဲ့ ကိုယ်အလေးချိန်ဆိုတာ ဆေးလိပ်ကြောင့် ပျက်စီးသွားတဲ့ သင့် ခန္ဓါကိုယ်ကို ပြန်လည် ပြင်ဆင်ပေးတာမို့လို့ အကျိုးရှိတယ်ဆိုတာကို သတိရပါ။

ဆေးလိပ်ဖြတ်ခြင်းဟာ စိတ်ပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေပါတယ်။

ဆေးလိပ်သောက်ခြင်းကြောင့် သင့် ခန္ဓါကိုယ်သာမက သင့်စိတ်ကိုပါ ထိခိုက်နိုင်ပါတယ်။ ဆေးလိပ်ကို စစဖြတ်ခြင်းမှာ နေလို့ထိုင်လို့မကောင်းတာမျိုး အနည်းငယ်ဖြစ်တတ်ပေမယ့် ဒါဟာ ခဏပဲဖြစ်ပြီး တစ်ပတ် နှစ်ပတ်အတွင်းမှာ ပျောက်ကွယ်သွားမှာပါလိုပါလို့ South Carolina ဆေးတက္ကသိုလ်က ပရော်ဖက်ဆာ Michael Cummings က ပြောပါတယ်။ သူဟာ Hollings Cancer Centre က Tobacco Policy and control program ရဲ့ တွဲဖက် ဒါရိုက်တာလည်း ဖြစ်ပါတယ်။

လိုက်စီးကရက်သောက်ခြင်း (Light cigarette) ဟာ ဆိုးကျိုးနည်းစေလိမ့်မယ်

လိုက်စီးကရက်ဟာ စီးကရက်အပျော့စားတစ်မျိုးဖြစ်ပါတ်။ နီကိုတင်းဓါတ် ပိုမိုနည်းပါးတဲ့အတွက် ဒီစီးကရက် အမျိုးအစား သောက်သူတွေဟာ ပြင်းပြင်းထန်ထန် ကြာရှည်စွာ ရှူသွင်းခြင်းတွေ ပြုလုပ်တတ်ပါတယ်။ ဒါ့ပြင် လိုက်စီးကရက် သောက်တဲ့သူတွေဟာလည်း အဆုတ်ကင်ဆာ၊ လေဖြတ်ခြင်း၊ နှလုံးရောဂါနဲ့ အဆုတ်ရောဂါတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် လိုက်စီးကရက်သောက်ခြင်းဟာလည်း ပုံမှန် စီးကရက်သောက်တာထက် ဆိုးကျိုး ပိုနည်းတယ်ဆိုတာ မဟုတ်ပါဘူး။

ဆေးလိပ်ဖြတ် စိတ်ကျရောဂါ ဖြစ်လိမ့်မယ်။

အပေါ်မှာ ရှင်းပြထားသလိုပဲ ဆေးလိပ်ဖြတ်ခြင်းဟာ စိတ်ပြောင်းလဲ မှုတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လူတစ်ချို့ကတော့ အဲဒီ စိတ်အပြောင်းအလဲတွေဟာ စိတ်ကျရောဂါ ဖြစ်တာလို့ ယုံကြည်နေကြပါတယ်။ ဆေးလိပ်ဖြတ်ပြီးမှ စိတ်ကျရောဂါခံစားရသူတွေဟာ တကယ်တော့ ဟိုအရင်ကတည်းက စိတ်ကျရောဂါ ဖြစ်ဖူးသူ (သို့) စိတ်ကျရောဂါ ပုံမှန်ထက် ပိုမိုဖြစ်ပွားနိုင်သူတွေ ဖြစ်ကြပါတယ်။

ကောင်းတဲ့အချက်ကတော့ စိတ်ကျရောဂါဟာလည်း မှန်ကန်တဲ့ဆေးတွေ ပေါင်းစပ်သောက်သုံးခြင်းနဲ့ နားလည်သိကျွမ်းသူတွေနဲ့ ဆွေးနွေးခြင်းအားဖြင့် ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။ မှန်ကန်တဲ့ ကုသမှုဟာ သင့်အတွက် ဒီအခြေအနေ နှစ်ခုလုံးကို ပြေလည်စေပါတယ်။

ဆေးလိပ်ကို အစိမ်းဖြတ်ဖြတ်ခြင်းဟာ အကောင်းဆုံးလို့ ထင်ခြင်း။

တစ်ချို့သော ဆေးလိပ်သောက်သူတွေက ဆေးလိပ်ကို ရုတ်တရက်ဖြတ်လိုက်တာဟာ အကောင်းဆုံးနည်းလမ်းဖြစ်ပြီး မိမိစိတ်ကို ထိန်းချုပ်နိုင်ခြင်းဟာ ဆေးလိပ်ချဉ်ခြင်းတပ်မှုတွေအတွက် တစ်ခုတည်းသောနည်းလမ်း ဖြစ်တယ်လို့ ထင်ကြပါတယ်။ ဒါပေမယ့် ဆေးလိပ်သောက်သူ အများစုမှာ တတ်ကျွမ်းသူနဲ့ ဆွေးနွေးပြီး ဆေးလိပ်ဖြတ်ဖို့ လိုတဲ့ ဆေးတွေ နီကိုတင်း ပါဝင်တဲ့ ပီကေ၊ ခန္ဓါကိုယ်မှာ ကပ်တဲ့အပြား၊ ငုံဆေး၊ ရှူဆေးနဲ့ နှာခေါင်းတွင်းဖြန်းဆေး နဲ့ ဆရာဝန်ညွှန်ကြားတဲ့ ဆေးတွေဖြစ်တဲ့ Zyban (buuproprion) နဲ့ Chantix (varenicline) ကို သုံးစွဲတဲ့သူတွေကသာ ဆေးလိပ်ကို အောင်အောင်မြင်မြင် ဖြတ်နိုင်ကြတာဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement