backup og meta

ဆေးလိပ်သောက်ခြင်းသည် သင့်၏ကျန်းမာရေးကို မည်ကဲ့သို့ထိခိုက်စေသနည်း


Dr.Nyan Linn မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆေးလိပ်သောက်ခြင်းသည် သင့်၏ကျန်းမာရေးကို မည်ကဲ့သို့ထိခိုက်စေသနည်း

    ဆေးလိပ်သောက်ခြင်းသည် သင်၏ကျန်းမာရေးကို ပြင်းထန်စွာ ထိခိုက်စေသည်။ ကိုယ်တွင်းရှိ ကလီစာအားလုံးနီးပါးကို ထိခိုက်စေနိုင်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏လေ့လာချက်အရ ဆေးလိပ်သည် သောက်သုံးသူတစ်ဝက်လောက်ကို သေစေနိုင်သည်။ တစ်နှစ်လျှင် လူ6သန်းနီးပါးသည် ဆေးလိပ်ကြောင့်သေဆုံးနေသည်။5သန်းကျော်သည် ဆေးလိပ်အားတိုက်ရိုက်သောက်သုံးခြင်းကြောင့်သေဆုံးရပြီး 600000 ကျော်မှာ ဆေးလိပ်ငွေ့များ ထိတွေ့ခြင်းခံရသော ဆေးလိပ်မသောက်သူများဖြစ်သည်။

    သွေးလည်ပတ်မှု

    သင်ဆေးလိပ်သောက်သောအခါ စီးကရက်မှ အဆိပ်များသည် သင်၏သွေးကြောထဲသို့ဝင်သည်။ ထိုသွေးထဲမှ အဆိပ်များသည် သင့်နှလုံးအား အလုပ်ပုံမှန်ထက်ပိုလုပ်စေကာသင်၏ သွေးကြောများကို ကျဉ်းစေသည့်အပြင် သွေးများပျစ်၍ သွေးခဲဖြစ်နိုင်ချေကိုလည်း တက်စေသည်။ ထို့အပြင် ဆေးလိပ်သောက်သောအခါ ဖြစ်ပေါ်သောပြောင်းလဲမှုများသည် နှလုံးဖောက်ခြင်း(သို့)လေဖြတ်ခြင်းတို့၏ဖြစ်နိုင်ချေကိုလည်း များစေသည်။

    နှလုံး

    ဆေးလိပ်သည် သင်၏နှလုံးနှင့် သွေးလည်ပတ်မှုကို ထိခိုက်စေကာ နှလုံးသွေးကြောရောဂါများ၊နှလုံးဖောက်ခြင်း၊လေဖြတ်ခြင်း၊ခြေလက်များရှိသွေးကြောရောဂါများနှင့် ဦးနှောက်သွေးကြောရောဂါများ ၏ဖြစ်နိုင်ချေကိုလည်းများစေသည်။ ဆေးလိပ်မှ ကာဗွန်မိုနောက်ဆိုဒ် နှင့် နီကိုတင်းသည် သင်၏နှလုံးအား ပိုမိုလျင်မြန်စွာ အလုပ်လုပ်စေသည်။ သွေးခဲများဖြစ်နိုင်ချေကိုလည်း များစေသည်။ စီးကရက်ငွေ့ထဲမှ အခြားသော ဓါတုပစ္စည်းများသည် သင့်နှလုံးသွေးကြောနံရံများကိုပျက်စီးစေကာ ကျဉ်း၍ပိတ်သွားစေတတ်သည်။

    ဆေးလိပ်သောက်ခြင်းသည် နှလုံးအမောဖောက်နိုင်ချေကို နှစ်ဆမြှင့်ပေးပြီး ဆေးလိပ်မသောက်သူများထက် နှလုံးသွေးကြောရောဂါများကြောင့် သေဆုံးရန် လည်း ဖြစ်နိုင်ချေ နှစ်ဆခန့်များပြားနေကြောင်းသိရှိရသည်။

    အစာအိမ်

    ဆေးလိပ်သောက်သူများသည် အစာအိမ်ကင်ဆာ(သို့)အစာအိမ်အနာ ဖြစ်နိုင်ချေများသည်။ ဆေးလိပ်သောက်ခြင်းသည် အစာမျိုပြွန်အောက်ပိုင်းအား ထိန်းချုပ်ထားသောကြွက်သားအား အားနည်းစေပြီး အစာအိမ်မှ အက်စစ်များအား ပြောင်းပြန်ပြန်တက်လာစေတတ်သည်။ ဆေးလိပ်သောက်ခြင်းသည် ကျောက်ကပ်ကင်ဆာဖြစ်နိုင်ချေနှင့်လည်း တိုက်ရိုက်အချိုးကျနေသည်။ သင်သည် တစ်နေ့လျှင် စီးကရက် 10လိပ်ပုံမှန်သောက်ပါက ဆေးလိပ်မသောက်သူများထက်စာလျှင်ကျောက်ကပ်ကင်ဆာ

    ဖြစ်နိုင်ချေ 1ဆခွဲခန့်ပိုမိုများပြားကြောင်းသိရသည်။ တစ်နေ့လျှင်စီး

    ကရက်20ခန့်သောက်ပါက ထိုကဲ့သို့ဖြစ်နိုင်ချေ နှစ်ဆခန့်ပင်များပြားကြောင်းတွေ့ရှိရသည်။

    အရေပြား

    ဆေးလိပ်သောက်ခြင်းသည် သင်၏အရေပြားထဲသို့ရောက်ရှိသော အောက်ဆီဂျင်ပမာဏကိုလည်း လျှော့ချပစ်ပြီး သင်၏အရေပြားအား လျင်မြန်စွာ အိုမင်းရင့်ရော်၍ ညိုမဲထူထဲလာစေသည်။ သင်၏ကိုယ်ထဲရှိ အဆိပ်များသည်လည်း အရေပြားဆဲလ်ရောင်ရမ်းရောဂါကို ဖြစ်စေတတ်သည်။10နှစ်မှ နှစ်20အတွင်း သင်၏အရေပြားကို ဆေးလိပ်သည် ပိုမိုရင့်ရော်စေပြီး မျက်နှာ တွင် အထူးသဖြင့် မျက်လုံးနှင့် ပါးစပ်နားတွင် အရေးအကြောင်းများပေါ်လာစေသည်။ မွဲခြောက်ခြောက်ဝါညစ်ညစ် အသားအရေနှင့် ပါးများခွက်စေပြီး ပိန်လှီနေသည့် ပုံစံပေါက်စေသည်။

    အရိုးများ

    ဆေးလိပ်သောက်ခြင်းသည် သင်၏အရိုးများကို ကျိုးလွယ်စေနိုင်သည်။ ဆေးလိပ်သောက်သူအမျိုးသမီးများ

    တွင် အရိုးပွခြင်းသည် ဆေးလိပ်မသောက်သူအမျိုးသမီးများထက် ဖြစ်နိုင်ချေများသည်။

    ဦးနှောက်

    ဆေးလိပ်သောက်ခြင်းသည် လေဖြတ်နိုင်ချေကို အနည်းဆုံး 50ရာခိုင်နှုန်းခန့်များစေသည့်အပြင် လေဖြတ်ရာမှ သေဆုံးမှုကိုလည်း နှစ်ဆပိုမိုများပြားစေနိုင်သည်။

    ဆေးလိပ်သောက်ခြင်း၏ လေဖြတ်စေနိုင်သောအကြောင်းအရင်းတစ်ခုမှာ ဦးနှောက်သွေးကြောများကို ဖောင်းစေသောရောဂါ၏ဖြစ်နိုင်ချေကို မြှင့်တင်ပေးနေခြင်းကြောင့်လည်းဖြစ်သည်။ ထိုရောဂါဖြစ်ပွားရသည်မှာ သွေးကြောနံရံအားနည်းမှုကြောင့် သွေးကြောတစ်နေရာတွင် သွေးများစုပုံဖောင်းကားနေခြင်းကြောင့် ဖြစ်သည်။ ထိုမှတစ်ဆင့် သွေးကြောအားပေါက်သွားစေပြီး လေဖြတ်စေကာ ပြင်းထန်သော ဦးနှောက်ထိခိုက်မှုနှင့် သေဆုံးမှုတို့ကိုဖြစ်ပွားစေသည်။

    အဆုတ်

    သင်၏အဆုတ်များသည်လည်း ဆေးလိပ်ကြောင့် ဆိုးဝါးပြင်းထန်စွာ ထိခိုက်ခံရနိုင်သည်။ အစပိုင်းတွင် ချောင်းဆိုးခြင်း၊အအေးမိခြင်း၊အချွဲကျပ်ကာ တဝှီဝှီမြည်ခြင်းနှင့် ရင်ကျပ်ရောဂါတို့ကိုဖြစ်ပွားစေတတ်သည်။ ထို့ပြင် အဆုတ်ရောင်သည့် နမိုးနီးယား၊အဆုတ်ပွရောဂါနှင့် အဆုတ်ကင်ဆာတို့ကဲ့သို့သော သေစေနိုင်သည့် ရောဂါများကိုလည်း ဖြစ်ပွားစေနိုင်သည်။ ဆေးလိပ်ကြောင့်သေဆုံးမှုတွင် 84ရာခိုင်နှုန်းမှာ အဆုတ်ကင်ဆာမှ ဖြစ်ပြီး 83ရာခိုင်နှုန်းမှာ စီအိုပီဒီဟုခေါ်သော နာတာရှည်အဆုတ်လမ်းကြောင်းကျဉ်းရောဂါကြောင့်ဖြစ်သည်။ ထိုရောဂါမှာ တဖြည်းဖြည်းပိုဆိုးလာတတ်သောရောဂါဖြစ်ပြီး နာတာရှည်အဆုတ်ရောင်ရောဂါနှင့် အဆုတ်ပွရောဂါအပါအဝင် အခြားသောရောဂါများအားစုပေါင်းထားသော ရောဂါနာမည်ဖြစ်သည်။ စီအိုပီဒီဝေဒနာရှင်များသည် အသက်ရှူလမ်းကြောင်းကျဉ်းခြင်းနှင့် အဆုတ်တစ်ရှူးများပျက်စီးခြင်းတို့ကြောင့် အသက်ရှူရန်ခက်ခဲကြသည်။ ဖြစ်လေ့ရှိသောလက္ခဏာများမှာ တက်တက်ကြွကြွနေစဉ်တွင်မောခြင်း၊သလိပ်ချောင်းဆိုးနေခြင်း၊အသက်ရှူလမ်းကြောင်းထဲသို့မကြာခဏပိုးဝင်ခြင်းတို့ဖြစ်သည်။

    ပါးစပ်နှင့်လည်ချောင်း

    ဆေးလိပ်သောက်ခြင်းသည် ခံတွင်းနံ့မကောင်းခြင်းနှင့် သွားနှင့်သွားဖုံးပျက်စီးခြင်း၊အရသာပျက်ခြင်းတို့ကိုလည်းဖြစ်စေ

    တတ်သည်။ ခံတွင်းနှင့် လည်ချောင်းတွင် အဆိုးဝါးဆုံးဖြစ်စေသည့် ဆေးလိပ်၏ဆိုးကျိုးများမှာ နှုတ်ခမ်း၊လျှာ၊လည်ချောင်း၊အသံအိုးနှင့် အစာမျိုပြွန်ကင်ဆာများဖြစ်နိုင်ချေများခြင်းဖြစ်သည်။93ရာခိုင်နှုန်း

    ကျော်သော အာခံတွင်း ကင်ဆာများသည် ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ပွားစေကြောင်းသိရသည်။

    မျိုးပွားခြင်းနှင့် မျိုးအောင်ခြင်း

    ဆေးလိပ်သောက်ခြင်းသည် အမျိုးသားလိင်အဂါအား ထောက်ပံ့ပေးသော သွေးကြောများအားပျက်စီးစေခြင်းဖြင့် ပန်းသေစေတတ်သည်။ သုက်ပိုးများကိုလည်း ပျက်စီးစေကာ သုက်ပိုးအရေအတွက်များကိုလျော့ကျစေကာ ဝှေးစေ့ကင်ဆာကိုဖြစ်စေနိုင်သည်။ အမျိုးသမီးများတွင်လည်း ဆေးလိပ်သောက်ခြင်းသည် မျိုးအောင်နိုင်စွမ်းကိုလျှော့ချပစ်သည်။

    လေ့လာမှုတစ်ခုအရ ဆေးလိပ်သောက်သူများသည် ဆေးလိပ်မသောက်သူများထက် တစ်နှစ်ထက်ပို၍ ကိုယ်ဝန်ရှိရန်ကြိုးစားရမှုမှာ သုံးဆပိုနေကြောင်းသိရသည်။ ဆေးလိပ်သောက်သောအမျိုးသမီး

    များ၏ မျိုးအောင်နိုင်စွမ်းမှာ ဆေးလိပ်မသောက်သောအမျိုးသမီးများအတွက်မျိုးအောင်နိုင်စွမ်း၏ 72ရာခိုင်နှုန်းသာရှိသည်။ ဆေးလိပ်သောက်ခြင်းသည် လည်ပင်းရိုးကင်ဆာဖြစ်နိုင်ချေကိုလည်းများစေပြီး သားအိမ်ခေါင်းကင်ဆာဖြစ်စေသည့် သားအိမ်ခေါင်းကင်ဆာပိုးအား ကုသနိုင်ရန်လည်း ခဲယဉ်းတတ်သည်။

    ကိုယ်ဝန်ရှိနေစဉ်တွင် ဆေးလိပ်သောက်ခြင်းသည် ကိုယ်ဝန်ပျက်ခြင်း၊ကလေးစောမွေးခြင်း၊အသေမွေးခြင်း၊ဖျားနာခြင်းတို့ဖြစ်စေပြီး မွေးကင်းစကလေးများရုတ်တရက် သေဆုံးနိုင်ချေအား 25ရာခိုင်နှုန်းခန့်တိုးမြှင့်များပြားစေသည်။

    သတင်းကောင်းမှာ ဆေးလိပ်ဖြတ်ပြီးပါက သင်၏ကျန်းမာရေးသည် နှင့် သင်၏ခန္ဓါကိုယ်သည်လည်းတိုးတက်ကောင်းမွန်လာလိမ့်မည်။

    ဆေးလိပ်တစ်နှစ်ဖြတ်ပြီး၍ကုသ၍အရှင်းမပျောက်နိုင်သည့် စီအိုပီဒီရောဂါတိုးတက်မှုသည် နှေးကွေးသွားသောအခါ အန္တာရယ်ရှိသည့်ရောဂါဖြစ်နိုင်ချေများသည်လည်း လွန်စွာ လျော့ကျသွားနိုင်သည်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr.Nyan Linn မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement