backup og meta

ဆေးလိပ်သောက်ခြင်းကို ဖြတ်ရန် နည်းလမ်းများ


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 15/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆေးလိပ်သောက်ခြင်းကို ဖြတ်ရန် နည်းလမ်းများ

    အသည်းကင်ဆာ။ ဆေးလိပ်သောက်ခြင်းကို ဖြတ်ရန် နည်း လမ်းများ

    လေ့လာချက်အရ အသည်းကင်ဆာ ဖြစ်ပွားမှု ၁၂၅ ခု တွင် တစ်ဝက်နီးပါးသည် ဆေးလိပ်သောက်ခြင်းနှင့် ဆက်စပ် စေသည်။ ဆေးလိပ်သောက်ခြင်းသည် အသည်းကင်ဆာ ဖြစ်နိုင်ချေကို မြင့်တက်စေသည်။

    သင်သည် ထိုအချက်ကို နားလည်သော်လည်း ဆေးလိပ်ဖြတ်ရန်မှာ စိန်ခေါ်မှုတစ်ခု ဖြစ်သည်။ စိတ်မပူပါနှင့်။ အောက်ပါ နည်းလမ်းများကို လိုက် နာခြင်းသည် ဆေးလိပ်ဖြတ်ရန် တတ်နိုင်သလောက် ကူညီ ပေးနိုင်သည်။

    သင့်အကြောင်းပြချက်ကို ရှာပါ။

    တွန်းအားရရန် သင်သည် ဆေးလိပ်ဖြတ်ရန် အားကောင်းသော ကိုယ်ရေးကိုယ်တာ အကြောင်းပြချက် တခု ချရေးရန် လိုအပ်သည်။ သင်သည် ဘာကြောင့် ဆေး လိပ်ဖြတ်လိုသည်ကို စာရင်းတစ်ခုပြုလုပ်ပြီး သင်လိုအပ်တိုင်း ဖတ်ပါ။ ဘာကြောင့် ဆေးလိပ်ဖြတ်လိုသည်ကို သင့်ကိုယ် သင် သတိပေးပါ။

    မိသားစုကို ကာကွယ်ခြင်း၊ သင်ချစ်သော သူကို တဆင့်ခံ ဆေးလိပ်သောက်မှု ဖြစ်စေခြင်း၊ အသည်း ကင်ဆာ၊ နှလုံး ရောဂါ သို့မဟုတ် အခြား အခြေအနေများ ဖြစ်နိုင်မှုကို လျော့ချခြင်း၊ နုပျို ပြီး သန်မာလိုခြင်း၊ သင့် ကလေးများအတွက် ဥပမာကောင်း ဖြစ်လိုခြင်း အစရှိသည် တို့ ဖြစ်သည်။ ထို လက်တွေ့ကျသော အကြောင်းပြချက် များ သည် သင့်အား ဆေးလိပ်ဖြတ်ရန် ကူညီနိုင်သည်။

    သောက်သုံးခြင်းကို ပြောင်းလဲခြင်း

    အရက်သောက်ခြင်းသည် ဆေးလိပ်မသောက်ရန် ရည် ရွယ်ချက်ကို ပိုခက်ခဲစေသည်။ ကိုကာကိုလာ စသော အမြှုပ် ထွက်သော အရည်များသောက်ခြင်းသည် လည်း တူညီ သော သက်ရောက်မှုကို ဖြစ်စေသည်။ လက်ဖက်ရည်နှင့် ကော်ဖီသည် စီးကရက် အရသာကို ပိုကောင်းစေသည်။ ၎င်း တို့အစား ရေနှင့် သစ်သီးဖျော်ရည်များကို ပိုသောက်သင့် သည်။

    ထိုအရည်များသည် သင့်ကျန်းမာရေးအတွက် ကောင်း မွန်ပြီး အရက်သောက်ချင်စိတ်ကို လျော့ချပေးနိုင်သည်။ အစာစားပြီးနောက် ဆေးလိပ်သောက်လေ့ရှိပါက သွားတိုက် ခြင်း၊ လမ်းလျှောက်ခြင်း၊ သူငယ်ချင်းအား စာတိုပို့ခြင်း သို့ မဟုတ် ပီကေဝါးခြင်း စသော အခြားအရာများကို ပြောင်းလုပ် သင့်သည်။

    သင်ဆေးလိပ်ဖြတ်မည့် အစီအစဉ်ကို မိသားစု၊ သူငယ်ချင်း များနှင့် လုပ်ဖော်ကိုင်ဖက်များကို ပြောပြပါ။

    ဆေးလိပ်ဖြတ်မည့်အစီအစဉ်အတွက် သူငယ်ချင်းများ၊ မိသားစုများမှ အကူအညီနှင့် အားပေးမှုများ တောင်းခြင်း သည် အကြံညဏ်ကောင်းတစ်ခု ဖြစ်သည်။ ဆေးလိပ်ဖြတ် ချင်သော သူငယ်ချင်းတစ်ယောက်နှင့် ပူးပေါင်း၍ စွဲလန်းခြင်း ကို တိုက်ထုတ်ရန် အချင်းချင်း ကူညီနိုင်သည်။

    လှုပ်ရှားပါ။

    သိပ္ပံနည်းကျ လေ့လာမှုများ အရ လေ့ကျင့်ခန်း သည် အာသာ ပြင်းပြခြင်းကို လျော့ချနိုင်ပြီး သင့်ဦးနှောက်ကို ဆန္ဒ ပြင်းပြခြင်းကို တိုက်ထုတ်သော ဓါတ်ပစ္စည်းများ ထုတ်ရန် နိုး ဆော်ပေးနိုင်သည်။ ငါးမိနစ်လောက် လမ်းလျှောက်ခြင်း၊ အကြောဆန့်ခြင်း တို့ဖြင့် စတင်နိုင်သည်။

    စီးကရက် သောက် ချင်လာပါက လမ်းပတ်လျှောက်ခြင်း ဖြင့် မေ့ပစ်ပါ။ ခွေးဖြင့် လမ်းလျှောက်ခြင်း သို့မဟုတ် ဥယျာဉ်အတွင်းမှ ပေါင်းပင်များ ဖယ်ခြင်း စသော မပြင်းထန်သော လေ့ကျင့်ခန်းများ လုပ်ရုံ ဖြင့် ဆေးလိပ်သောက်လိုမှုကို လျော့ချနိုင်သည်။ ၎င်းသည် ဆေးလိပ်ဖြတ်ခြင်းကြောင့် ကိုယ်အလေးချိန်တက်ခြင်းကို လည်း ကာကွယ်ပေးသည်။

    သင်၏ အိမ်၊ ကားနှင့် အလုပ်မှ စီးကရက် နှင့် အခြား ဆေးပြင်းလိပ် ထုတ်ကုန်များကို ဖယ်ရှားပါ။

    စီးကရက်များ၊ မီးခြစ်၊ ပြာခွက် နှင့် မီးခြစ်ဆံများ အားလုံး ကို လွှတ်ပစ်သင့်သည်။ စိတ်မှပျောက်အောင် ထုတ်ပစ်ပါ။ ၎င်းတို့ကို မမြင်ခြင်း သို့မဟုတ် မစဉ်းစားခြင်းသည် အမှန် တကယ် အကူအညီဖြစ်သည်။

    အဝတ် လျှော်ခြင်း၊ ရေမွေးဖျန်းခြင်း စသည်ဖြင့် ဆေးလိပ်ငွေ့ကဲ့သို့ အနံ့ထွက် သော အရာများကို ဖယ်ရှားခြင်းသည် ဆေးလိပ်ဖြတ်ရာတွင် အသုံးဝင်သည်။

    သင့်လက်နှင့် ပါးစပ်ကို အလုပ်ရှုပ်နေအောင် ထားပါ။

    နီကိုတင်း အစားထိုးကုထုံးသည် ဆေးလိပ်ဖြတ်နိုင်မှု အခွင့်အရေးကို နှစ်ဆဖြစ်စေသည်။ အရေပြားကပ်သော နီကိုတင်း အပြားများ၊ ဆေးလုံးများ၊ သကြားခဲဆေးလုံး၊ gum နှင့် နှာခေါင်းမှသုံးသော စပရေး စသည်တို့ ဖြစ်သည်။ ရှုဆေး ဘူး သို့မဟုတ် လျှပ်စစ် စီးကရက် စသည့် လက်ကိုင်ပစ္စည်း များကိုလည်း သုံးနိုင်သည်။

    လက်တွင် စီးကရက် ညှပ်ထား မည့်အစား သောက်စရာ တစ်ခု ကိုင်ခြင်း၊ ပိုက်ဖြင့် သောက် ကာ ပါးစပ်ကို အလုပ်ရှုပ်အောင်ထားခြင်း စသည်တို့ ပြုလုပ် ပါ။

    ဆေးလိပ်ဖြတ်ရန်မှာ အသည်းကင်ဆာကို ကာကွယ်ရန် ကျန်းမာရေး အခြေအနေ တိုးတက်စေရန် အရေးကြီးသည်။ ဆေးလိပ်ဖြတ်ရန် အခက်အခဲရှိနေပါက အကြံညဏ်များ ရယူ ရန် ဆရာဝန်နှင့် တိုင်ပင်ပါ။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 15/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement