backup og meta

စီးကရက် အမြဲ ခဲနေတတ်တာ ဂုဏ်ယူစရာလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 22/01/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စီးကရက် အမြဲ ခဲနေတတ်တာ ဂုဏ်ယူစရာလား

    အလုပ်တွေက များ၊ စိတ်ဖိစီးစရာတွေ များနေတယ် ဆို အဖော်လေး ခေါ်ပြီး ဝရံတာ မှာဖြစ်ဖြစ်၊ လှေကားနားမှာ ဖြစ်ဖြစ် စီးကရက် သွားသောက်ကြတာ အလုပ်ခွင်က ယောကျာ်းလေးတွေရဲ့ ထုံးစံ ပါပဲ။ ဘီယာဆိုင် ထိုင်တာက လွဲရင် စီးကရက်ခဲကြတာလည်း သူတို့တွေရဲ့ စိတ်ဖိစီးမှု ဖြေလျှော့တဲ့နည်း တစ်မျိုး ဖြစ်နေသတဲ့လေ။

    လူမှုဆက်ဆံရေးမှာလည်း အပေါင်းအသင်းတွေ၊ အလုပ်ပါတနာတွေ နဲ့ ပြင်ပတွေ့ဆုံပွဲတွေမှာ စီးကရက်လေး စတိုင်ကျကျ မီးညှိရတာ အထာကျတယ် ထင်ကြပါသေးတယ်။ ဒါပေမယ့် …

    နီကိုတင်း ရဲ့ လှည့်စားမှု

    ဆေးလိပ် သောက်လိုက်ရင် ခေါင်းကြည်သွားတယ်၊ စိတ်ရှုပ်စရာတွေ ပေါ့ပါးသွားတယ် လို့ ခံစားရတတ်တာ နီကိုတင်းရဲ့ လှည့်စားမှုအာနိသင် ဖြစ်ပါတယ်။ ဆေးလိပ်က ကျန်းမာရေး အတွက် ကောင်းကျိုးပေးတယ် ဆိုတာ ရှာမှရှားတဲ့ သတင်းခေါင်းစဉ် တစ်ခုပဲလေ။

    စီးကရက်မှာ ပါတဲ့ နီကိုတင်းဟာ ဦးနှောက်ရဲ့ စိတ်ပျော်ရွှင်မှုနဲ့ဆိုင်တဲ့ အဓိကအပိုင်းတွေကို နှိုးဆွပေးတယ်၊ dopamine ဟော်မုန်းရဲ့ လုပ်ဆောင်ချက်ကို တုပပြီးတော့ပေါ့။ အဲဒီလို နှိုးဆွလိုက်တဲ့ အခါ ကောင်းတဲ့ ခံစားချက်တွေကို ဦးနှောက်က စပြီး ခံစားမိလာသလို ဖြစ်ရော။ နီကိုတင်းက ဦးနှောက်ကို အပြောင်းအလဲ ဖြစ်စေနိုင်တာကြောင့် နောက်ပိုင်း ဆေးလိပ်ဖြတ်တဲ့အခါ ခံစားရတဲ့ လက္ခဏာတွေကို ပိုဆိုးစေနိုင်ပါတယ်။

    စီးကရက် က ဘာဆိုးကျိုးတွေ ဖိတ်ခေါ်လာမလဲ

    ဆေးပေါ့လိပ် ဖြစ်ဖြစ် စီးကရက် ဖြစ်ဖြစ် စိတ်နဲ့ ခန္ဓာကို အဆိပ်အတောက် ဖြစ်စေနိုင်တာချင်း အတူတူပါပဲ။ ဆေးလိပ် ကြောင့် နောက်ဆက်တွဲ ဆိုးကျိုးတွေ အများကြီးရှိလာနိုင်တာ အရေးမစိုက်ရင်သာ နေမယ် လူတိုင်းလိုလိုတော့ သိထားကြပြီးသားပါ။

    ဒီဆိုးကျိုးတွေကို သိရဲ့သားနဲ့ ဂုဏ်ယူဝင့်ကြွားစွာ စီးကရက် ခဲနေမယ် ဆိုရင်တော့ ဖြစ်လာနိုင်တဲ့ ကျန်းမာရေး ဆိုးကျိုးအန္တရာယ်တွေက –

  • နှလုံးရောဂါ
  • လေဖြတ်ခြင်း
  • နာတာရှည်အဆုတ်ရောဂါ
  • ဆီးချိုသွေးချိုရောဂါ
  • သွေးတိုးရောဂါ
  • အရိုးပွရောဂါ
  • လေးဖက်နာ
  • သွေးခဲပိတ်ဆို့ခြင်း
  • ကင်ဆာရောဂါ
  • ပန်းနာရင်ကြပ်ရောဂါပိုဆိုးစေခြင်း တို့ ပါဝင်ပါတယ်။
  • ဒီထဲမှာ မပါဝင်တဲ့ ဆေးလိပ်သောက်ခြင်း ရဲ့ ကြောက်စရာ ဆိုးကျိုးတွေ အများကြီး ရှိနေပါသေးတယ်နော်။

    ဆေးလိပ် မဖြတ်ခင် ဒီမေးခွန်းတွေ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ

    • ဘာကြောင့် ဆေးလိပ်ဖြတ်တာလဲ။
    • ဆေးလိပ် သောက်ခဲ့တာ ဘယ်လောက်ကြာပြီလဲ။
    • ဆေးလိပ်မသောက်တာ ဘယ်လောက်ကြာပြီလဲ။
    • ဆေးလိပ် စွဲလမ်းမှုက ကင်းလွတ်နိုင်ဖို့ အချိန် ဘယ်လောက်ယူသင့်တယ်ထင်ပါသလဲ။
    • ဆေးလိပ်ပြန်သောက်မယ်ဆိုရင် ပြန်ဖြတ်ချင်စိတ်ရှိ ပါ့မလား။
    • အဲလိုပြန်မဖြတ်ခင် ဘယ်လောက် ကြာနိုင်မလဲ၊ ဘယ်နှပတ်လဲ..ဘယ်နှလလဲ…ဘယ်နှနှစ်လဲ…၊ ရောဂါတွေ ဖြစ်လာတဲ့အချိန်မှလား…
    • နောက်တစ်ကြိမ် ဆေးလိပ်ဖြတ်တဲ့အခါ လွယ်ပါ့မလား။
    • ဆေးလိပ်ဖြတ်ခြင်းက ဘာအကျိုးကျေးဇူးတွေ ရလာမယ် ထင်သလဲ။

    ဒါပေမယ့် သင်က ပျော်ရွှင်တဲ့ ဘဝ၊ ကောင်းမွန်တဲ့ဘဝ ရရှိဖို့ တွေးထားတယ် ဆိုရင် ကိုယ့်ဘာသာ ကြိုးစားပြီး အရိုးသားဆုံး ဖြေပေးသင့်ပါတယ်။

    ဒီအဖြေတွေကို ပြန်ဖတ်တဲ့အခါ စိတ်ကျေနပ်မှု ရှိတဲ့ အဖြေတွေ ဖြစ်နေရင်တော့ သင့်ရဲ့ ဆေးလိပ်ဖြတ်ခြင်း ခရီးစဉ်က အောင်မြင်နိုင်ခြေ ရှိပါတယ်။ အဖြေတွေက အားရလောက်စရာ မရှိဘူးဆိုရင်တော့ စိတ်ကို အရင်ဆုံးပြန်ပြင်ဆင်တာ အကောင်းဆုံးပါပဲ။

    စိတ်က အဆင်သင့် မဖြစ်ဘဲ ဆေးလိပ်ဖြတ်တဲ့အခါ စိတ်မနိုင်ဘဲ ပြန်သောက်မိတတ်ပါတယ်။ အတင်း ချုပ်တည်းထားရတဲ့ စိတ်ကို လွှတ်ပေးလိုက်တဲ့အခါ အရင်ထက်တောင် ပိုသောက်မိပါလိမ့်မယ်နော်။

    ဒါ့ကြောင့် ခဏတာ စိတ်ပေါ့ပါးစေတဲ့ စီးကရက် ရဲ့ လှည့်စားမှုကို မခံပါနဲ့။ ဆေးလိပ် ဖြတ်မယ်ဆို ကိုယ့်ကြိုးစားမှုကို စိတ်ရှည်ရှည် ထားပါ၊ အချိန်က စကားပြောလာပါလိမ့်မယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 22/01/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement