ကျန်းမာစေမည့်အလေ့အကျင့်များ

ကျန်းမာတဲ့ အလေ့အကျင့်တွေဆိုတာ သင့်ကျန်းမာရေးကို အကျိုးပြုစမြဲပါပဲ။ သင့်ရဲ့ နေထိုင်စားသောက်မှု ပုံစံကို ပြောင်းလဲမယ်ဆိုရင် အရေးကြီးဆုံးက ကောင်းတဲ့ အကျင့်နဲ့ မကောင်းတဲ့ အကျင့်ကို ခွဲခြားသိဖို့ပါပဲ။ ဒီစာမျက်နှာမှာ ကောင်းတဲ့ အလေ့အကျင့်တွေနဲ့ သူတို့ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစေမည့်အလေ့အကျင့်များ

မတော်တဆ ဓာတ်ဆီပါးစပ်ထဲ ဝင်တဲ့အခါ

ဓာတ်ဆီအပါအဝင် ဒီဇယ်ဆီ၊ ရေနံဆီ စတာတွေက ဟိုက်ဒရိုကာဗွန်ပါတဲ့ အရည်တွေဖြစ်ပြီး မီးလောင်လွယ်၊ လောင်စားလွယ်ပါတယ်။ ဒီအရည်တွေက ခန္ဓာကိုယ်ထဲကို မတော်တဆ ဝင်လာတဲ့အခါ အဆိပ်သင့်တတ်ပါတယ်။ ဒါကြောင့် မတော်တဆ ဓာတ်ဆီပါးစပ်ထဲ ဝင်တဲ့အခါ ဒါမှမဟုတ် အငွေ့တွေကို ရှူမိတဲ့အခါ ဘယ်လိုရှေးဦးသူနာပြုစုနည်းနဲ့ ကူညီပေးရမလဲဆိုတာကို ပြောပြပေးပါမယ်။ မတော်တဆ ဓာတ်ဆီ အဆိပ်သင့်နိုင်တဲ့ အကြောင်းအရင်းများ ဓာတ်ဆီက ခန္ဓာကိုယ်ထဲကို ဝင်နိုင်တဲ့ နည်း ၃ခုရှိပါတယ်။ ရှူမိတာရယ်၊ သောက်မိတာရယ်၊ အရေပြားနဲ့ ထိတွေ့မိတာရယ်ပါ။ ဓာတ်ဆီဆိုင်မှာ အကြာကြီး တန်းစီနေရင်း ဒါမှမဟုတ် ဓာတ်ဆီဆိုင်မှာ အလုပ်လုပ်ရင်း အချိန်ကြာကြာနဲ့ အများကြီး ရှူမိတာမျိုး ရှိနိုင်သလို အရေပြားပေါ်မှာ အများကြီး ပေကျံသွားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကလေးတွေမှာ မတော်တဆ အိမ်မှာ ဓာတ်ဆီပုလင်းကို ယူပြီး သောက်မိတာမျိုး ရှိနိုင်သလို လူကြီးတွေမှာလည်း မတော်တဆ […]

ကျန်းမာစေမည့်အလေ့အကျင့်များ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစေမည့်အလေ့အကျင့်များ ကို ရှာဖွေမည်။

ရှေးဦးသူနာပြုစုခြင်း

ဘာမှန်းမသိတဲ့ အကောင်ကိုက် ခံရတဲ့အခါ

အရေပြားမှာ ဆစ်ခနဲ အကိုက်ခံလိုက်ရပေမယ့် ဘာ အကောင်ကိုက် မှန်း မသိလိုက်တဲ့အခါ ဘာဆက်လုပ်ရမှာလဲ။ ရုပ်ရှင်ထဲကလို အဆိပ်တွေ တက်လာတော့မှာလားလို့ ထင်တတ်ကြပါတယ်။ အင်းဆက်အများစုက လူကို သေလောက်တဲ့အထိ အဆိပ်တက်စေတာမျိုးတော့ မဖြစ်စေပါဘူး။ ဒါပေမယ့်လည်း နည်းမှန်လမ်းမှန်နဲ့ ပြုစုဖို့တော့ လိုပါတယ်။ ဘာမှန်းမသိတဲ့ အကောင်ကိုက် ခံရတဲ့အခါ ဘာမှန်းမသိတဲ့ အကောင်ကိုက် ခံရတဲ့အခါ ဒီအဆင့်တွေကို လိုက်နာပါ။ စိတ်အေးအေးထားပါ။ အများစုက လူသေလောက်အောင် အဆိပ်တက်တာမျိုး မရှိတဲ့အတွက် စိတ်အေးအေးထားပါ။ မဟုတ်ရင် ရင်တုန်လာသလိုလို၊ မောလာသလိုလို၊ အသက်ရှူရခက်လာသလိုလို ဖြစ်ပြီး ဓာတ်မတည့်တာနဲ့ မှားတတ်ပါတယ်။ ဒဏ်ရာကို စစ်ဆေးပါ။ ဒဏ်ရာက သာမန်အဖုအပိမ့်ထွက်တာပဲ ဖြစ်နိုင်သလို၊ ကိုက်ရာလေးလည်း ကျန်ခဲ့တတ်ပါတယ်။ အထူးသဖြင့် ကိုက်ရာနှစ်ပေါက်ဆိုရင် သတိထားပါ။ မြွေလည်း ဖြစ်နေနိုင်ပါတယ်။ တစ်ခါတလေ တစ်ပေါက်တည်း ရှိနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီလို […]


ဆေးလိပ်ဖြတ်ခြင်း

ကွမ်းစွဲ တာကို ဘယ်လိုဖြတ်ကြမလဲ

ကွမ်းယာက ဆေးလိပ်တို့၊ အရက်တို့လိုပဲ စွဲတတ်ပါတယ်။ ဒါပေမယ့် ကွမ်းယာကို ဆေးလိပ်တို့၊ အရက်တို့လောက်တော့ ဂရုတစိုက်နဲ့ ဖြတ်တာရှားပါတယ်။ ကွမ်းစွဲ တာက ရေရှည်မှာ ကျန်းမာရေး ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ အဆိုးဆုံးကတော့ ခံတွင်းကင်ဆာအထိ ဖြစ်လာတာပဲ ဖြစ်ပါတယ်။ ဘာကြောင့် ကွမ်းစွဲ ရတာလဲ။ ကွမ်းစွဲတယ်ဆိုတာ အဓိကကတော့ ကွမ်းသီးကြောင့်ပါ။ ကွမ်းသီးက စိတ်တက်ကြွစေတဲ့ ပစ္စည်းတွေထဲမှာ နံပါတ်၄ချိတ်ပါတယ်။ သူရှေ့က ၃ခုက အရက်၊ နီကိုတင်းနဲ့ ကဖင်းပါ။ ကွမ်းစားလိုက်ရင် စိတ်ထဲမှာ လန်းပြီး ငြိမ်လာတယ်လို့ ခံစားရပါတယ်။ ဒါ့ပြင် ခန္ဓာကိုယ်တလျှောက် နွေးထွေးသွားပြီး ချွေးထွက်လာတာ၊ ရင်တုန်လာတာ၊ ခေါင်းကြည်ပြီး ပေါ့လာတာ၊ အဆာခံနိုင်တာ စတာတွေလည်း ခံစားရပါတယ်။ ဒါ့ပြင် စွဲလည်း စွဲတတ်ပါတယ်။ စားတာကြာလာတဲ့အခါ ခေါင်းကြည်ပြီး လန်းဖို့ အရင်ကထက် ပိုပြီး […]


ရှေးဦးသူနာပြုစုခြင်း

လက်သည်းကြား ဆူးစူးခြင်းအတွက် အိမ်တွင်းနည်း

လက်သည်းကြား ထဲမှာ သစ်သားစ၊ နှင်းဆီဆူး၊ ဖန်စ၊ ပလတ်စတစ်စ၊ အသီးအရွက်စ စသဖြင့် စူးတတ်ပါတယ်။ တစ်ခါတလေ ခပ်နက်နက်လေး စူးသွားတဲ့အတွက် သာမန်အတိုင်း လက်နဲ့ ဖယ်ထုတ်လို့ မရတာတွေ ရှိပါတယ်။ ဒီလိုဆိုရင် အိမ်မှာ ဘယ်လိုမျိုး အလွယ်တကူ ထုတ်လို့ရနိုင်မလဲ။ ဘယ်လိုအခြေအနေမှာ ကိုယ်တိုင် မထုတ်ဘဲ ဆေးခန်းသွားဖို့ သင့်သလဲ။ လက်သည်းကြား ဆူးစူးခြင်းရဲ့ လက္ခဏာများ လက်သည်းကြား ဆူးစူးတာကို စူးတာနဲ့ ချက်ချင်းသိလိုက်တာ ရှိသလို နောက်ဆက်တွဲတွေ ဖြစ်မှ သိကြတာမျိုးလည်း ရှိပါတယ်။ ခံစားရတဲ့ လက္ခဏာတွေကတော့ -လက်သည်းကြားမှာ တစ်ခုခု ဝင်နေသလို ခံစားရတာ -တစ်ချက် တစ်ချက် ဆူးခနဲ နာသွားတာ -လက်သည်းမှာ အမည်းကြောင်း ထင်နေတာ -ပြည်တည်လာတာ -လက်က တဆစ်ဆစ်ကိုက်နေတာ စတာတွေပဲ ဖြစ်ပါတယ်။ ဆေးခန်းသွားမလား၊ အိမ်မှာပဲ ဖယ်မလား။ ဆူးစူးတိုင်း ဆေးခန်းသွားဖို့ လိုတာတော့ မဟုတ်ပါဘူး။ […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

ချက်ပြည်ယို ရတဲ့ အကြောင်းရင်း

ချက်ဆိုတာက အတွင်းထဲကို ချိုင့်ဝင်နေတာကြောင့် ချေးတွေ၊ ဆဲလ်သေတွေ အလွယ်တကူ စုဝေးနိုင်ပါတယ်။ ဒါ့ပြင် ဘက်တီးရီးယားပေါင်း များစွာကလည်း ခိုအောင်းနေတတ်ပါတယ်။ ဒါကြောင့်လည်း ချက်က အနံ့တစ်မျိုး ထွက်နေတာပါ။ ဒီလို မသန့်တဲ့နေရာ ဖြစ်တဲ့အတွက် ပိုးဝင်ဖို့လည်း လွယ်ကူပါတယ်။ ဒီလိုနဲ့ ချက်ပြည်ယို တဲ့ ပြဿနာ ဖြစ်လာပါတယ်။ ချက်ပြည်ယို ရတဲ့ အကြောင်းရင်း ချက်ပြည်ယိုစေတဲ့ အကြောင်းရင်းက အဓိက ၃ခုရှိပါတယ်။ ပိုးဝင်တာ လေ့လာချက်တစ်ခုအရ ချက်မှာ ဘက်တီးရီးယားပေါင်း ၆၇မျိုးလောက် ရှိနေပါတယ်တဲ့။ ဒီထဲမှာ ကောင်းကျိုးပြု ဘက်တီးရီးယားတွေရော၊ တခြားဘက်တီးရီးယားတွေရော ပါပါတယ်။ ချက်မှာ ပိုးဝင်တဲ့အခါ ဘက်တီးရီးယား ဒါမှမဟုတ် မှိုပိုးဆိုပြီး ၂မျိုး ဖြစ်နိုင်ပါတယ်။ သာမန်လူကောင်းတစ်ယောက်အနေနဲ့ ပိုးဝင်ဖို့ ဆိုရင်တော့ ချက်မှာ တစ်ခုခု ဖောက်ထားလို့ ဖြစ်နိုင်ပါတယ်။ နားကပ်ဝတ်သလိုမျိုး တချို့က […]


ရှေးဦးသူနာပြုစုခြင်း

ကျွတ်တွယ် ခဲ့ရင်

အပြင်ထွက်ပြီး လုပ်ဆောင်ရတဲ့ လေ့ကျင့်ခန်းတွေ ဖြစ်တဲ့ ရေကူးတာ၊ ခြေလျင်တောင်တက်တာတွေက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နည်းလမ်းတွေပါ။ ဒီနည်းလမ်းတွေက ကျန်းမာရေးနဲ့ ညီညွတ်ပေမယ့် ဒီနည်းလမ်းတွေ လုပ်ဆောင်တဲ့အခါ တောတွင်းက အကောင်ပလောင်တွေကြောင့် အရေပြားမှာ အင်ပျဉ် ထွက်တာ၊ နေလောက်တာ၊ ပိုးကောင်တွေကိုက်တာ၊ ကပ်ပါးကောင်တွေ၊ ကျွတ်တွယ် တာမျိုး ရင်ဆိုင်ရနိုင်ပါတယ်။ ကျွတ်တွယ် တာ၊ မျှော့တွယ်တာ၊ ခြင်ကိုက်တာ၊ ပျားတုပ်တာလိုမျိုးပေါ့။ ဒီတစ်ခေါက်တော့ ကျန်းမာရေး လိုက်စားရင်း ကျွတ်တွယ်ခံရရင် ဘယ်လို ဖြေရှင်းရမလဲဆိုတဲ့ နည်းလမ်းလေးကို ပြောပြပေးချင်ပါတယ်။ ကျွတ်တွယ်တယ် ဆိုတာ ကျွတ်ဆိုတာက သေချာ သတိထား မကြည့်မိရင် သာမန် မျက်စိထဲမှာ သိပ်ပြီး အရိပ်မထင်လောက်အောင်ကို သေးတဲ့ သတ္တဝါလေးပါ။ အရေပြားမှာ တွယ်ကပ်ရင်း သွေးတွေကို စုပ်ယူတာပါ။ ခပ်ပြားပြား သဏ္ဍာန်ရှိပြီး ရေချိုတွေ၊ မြက်ပင်တွေ၊ […]


ကျန်းမာစေမည့်အလေ့အကျင့်များ

ကျန်းမာစေမယ့် အလေ့အကျင့်များ

သက်ရှိတွေ အထူးသဖြင့် လူတွေမှာ ကျန်းမာကြတယ်ဆိုတာက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှု အလေ့အထတွေ ရှိလို့ပါ။ ကျန်းမာရေးဆိုတာက သဘာဝအတိုင်း ရထားတဲ့ လက်ဆောင်ဆိုပေမယ့် သေချာစောင့်ရှောက်ဖို့က ကိုယ်တိုင်မှာ တာဝန်အရှိဆုံးပါ။ ဒီတစ်ခေါက်တော့ လူတိုင်း ကျန်းမာဖို့အတွက် သိထားဖို့ လိုမယ့် ကျန်းမာစေမယ့် အလေ့အကျင့်များ အကြောင်း ပြောပြပေးသွားချင်ပါတယ်။ ကျန်းမာစေမယ့် အလေ့အကျင့်များဆိုတာ ဘာလဲ ........ ကျန်းမာစေမယ့်  အလေ့အကျင့် ဆိုတာက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ ကောင်းကျိုးတွေကို ခံစားရရှိစေနိုင်တဲ့ လှုပ်ရှားလုပ်ဆောင်မှုတွေပါ။ စလုပ်ခါစမှာတော့ ပြောင်းလဲမှု သေးသေးလေးတွေက  ထိရောက်မြင်သာတဲ့ ကောင်းကျိုးတွေကို ခံစားရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အချိန်ကြာလာတဲ့အခါ သေးငယ်တဲ့ အလေ့အကျင့် ပြောင်းလဲမှုတွေက ကျန်းမာတဲ့ ဘဝနေထိုင်မှုကို ပုံဖော်ပေးနိုင်မှာပါ။ ဒီနေရာမှာ သတိထားရမယ့် အရေးကြီးတဲ့ အချက်တစ်ခုက တစ်ဆင့်ချင်း […]


ရှေးဦးသူနာပြုစုခြင်း

ဘေးအန္တရာယ် တစ်ခုခုနဲ့ ကြုံခဲ့ရင်

ရာသီဥတုတွေက ဖောက်ပြန်မှုတွေ များနေတာကြောင့် လူသားတွေမှာ ခံစားရနိုင်တဲ့ ဘေးအန္တရာယ်တွေကလည်း ဒုနဲ့ဒေးပါ။ ဘေးအန္တရာယ် ဆိုတဲ့နေရာမှာ သဘာဝ ဘေးအန္တရာယ်တွေ ရှိသလို လူလုပ်တာကြောင့် ဖြစ်လာရတဲ့ ဘေးအန္တရာယ်တွေလည်း ရှိနိုင်ပါတယ်။ ဘေးအန္တရာယ်ဆိုတဲ့နေရာမှာတောင် ကြိုသိနိုင်တဲ့ ဘေးအန္တရာယ် ရှိသလို ကြိုမသိနိုင်တဲ့ ဘေးအန္တရာယ်ဆိုတာမျိုးလည်း ရှိပါတယ်။ ဥပမာ - မုန်တိုင်းသတင်းဆိုရင် ကြိုတင် သိရှိနိုင်တယ်လေ။ ငလျင်လိုမျိုး ဘေးအန္တရာယ်မျိုးကတော့ ကြိုတင် သိရှိဖို့ ခက်ခဲပါတယ်။ ဒီလို အခြေအနေမျိုးအတွက်ဆိုရင် ကြိုတင်ပြင်ဆင်ထားနိုင်မှ အဆင်ပြေမှာပါ။ အခုတစ်ခေါက်တော့ ဘေးအန္တရာယ် တစ်ခုခုနဲ့ ကြုံခဲ့ရင် အကောင်းဆုံး အနေအထား တစ်ရပ်ဖြစ်စေဖို့ အရေး​ပေါ်အခြေအနေမှာ မပါမဖြစ် လိုအပ်မယ့် ပစ္စည်းလေးတွေက ဘာတွေဖြစ်မလဲ။ ဘယ်လို ပြင်ဆင်ထားရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။ ဘေးအန္တရာယ် တစ်ခုခုနဲ့ ကြုံခဲ့ရင် မျှော်လင့်မထားတဲ့ သဘာဝ ဘေးအန္တရာယ်တစ်ခုခုနဲ့ ကြုံတဲ့အခါ […]


ရှေးဦးသူနာပြုစုခြင်း

အရေးပေါ်ဆေးအိတ် ဘယ်လို ပြင်ကြမလဲ။

သဘာဝဘေးအန္တရာယ်၊ မီးဘေး၊ စစ်ဘေး စတာတွေ ကြုံရလို့ အိုးပစ်အိမ်ပစ်ပြေးရပြီဆိုရင် ဘာတွေ သယ်သွားမလဲဆိုတာ ကြိုစဉ်းစားထားဖို့ လိုပါတယ်။ ဖြစ်လာမှ ထူပူပြီး တွေ့ရာ ပြေးဆွဲတဲ့အခါ မလိုတာတွေဘဲ ပါလာတတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် ခုတည်းက စပြီး အရေးပေါ်ဆေးအိတ် လေး ပြင်ထားကြပါစို့။ အရေးပေါ်ဆေးအိတ် ပြင်တဲ့အခါ ထည့်စဉ်းစားရမယ့် အချက်တွေ အရေးပေါ်အိတ်မှာ ဆေးအပါအဝင် ရေ၊ စားစရာ၊ တစ်ကိုယ်ရည်သုံးပစ္စည်းတွေ၊ စာရွက်စာတမ်းတွေ စတာတွေ ပါမှာပါ။ ဒါတွေကို တတ်နိုင်သမျှ ကျစ်လျစ်ပြီး သယ်ရလွယ်အောင် ထည့်ထားဖို့ လိုပါတယ်။ အိမ်ရှိလူကုန် လုံလောက်အောင်လည်း ထည့်ရမှာပါ။ ဒီမှာတော့ ဆေးပစ္စည်းနဲ့ ပတ်သက်တာကို အဓိကထားပြီး ပြောပြပါမယ်။ အရေးပေါ် ဆေးအိတ် မှာ ဘာတွေ ပါမလဲ။ အရေးပေါ် ဆေးအိတ်မှာ နှစ်ပိုင်း ရှိပါတယ်။ စွဲသောက်နေကျဆေးတွေရယ်၊ အရေးပေါ် ဆောင်ထားသင့်တဲ့ […]


ရှေးဦးသူနာပြုစုခြင်း

Pepper Spray နဲ့ ဖြန်းခံထိတဲ့အခါ

Pepper Spray (ငရုတ်ကောင်း စပရေး) ဆိုတာကို လူတိုင်း ကြားဖူးမှာပါ။ ဒီစပရေးကို ကာကွယ်ရေးအတွက် သုံးကြပေမယ့် မတော်တဆ ကိုယ့်ကိုကိုယ် ပြန်ပက်မိတဲ့အခါ  ဒါမှမဟုတ် သူများပက်တာ ခံလိုက်ရတဲ့အခါမှာ ဘယ်လို သက်သာအောင် လုပ်မလဲ ဆိုတာကို ဆောင်းပါးလေး ထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ Pepper Spray ဆိုတာ ငရုတ်ကောင်း စပရေး ဆိုတာ မျက်လုံးကို မျက်ရည်ကျအောင် လှုံ့ဆော်ပေးတဲ့အရာပါ။ ဒီစပရေးက စပရေးပုလင်းတွေထဲကနေ ထွက်လာတာပါ။ ငရုတ်ကောင်း စပရေးမှာ အဓိက ပါဝင်နေတာက oleoresin capsicum လို့ သိကြတဲ့ အဆီ တစ်မျိုးပါ။ ဒီအဆီကို ငရုတ်သီးကနေ ထုတ်ထားတဲ့အဆီနဲ့ အပင်ကနေရတဲ့ အဆီတွေကနေ ထုတ်ထားတာပါ။ ပူစပ်တဲ့ ငရုတ်သီးတွေရဲ့ အဆီကနေ အဓိက ထုတ်ထားတာပါ။ Pepper spray  (ငရုတ်ကောင်း […]


ရှေးဦးသူနာပြုစုခြင်း

သေနတ်ထိ ပေမယ့် အသက်ရှင်အောင် လူတွေကို ဘယ်လိုကူညီနိုင်မလဲ

သေနတ်ထိ ပေမယ့် အသက်ရှင်တာမျိုး ဖြစ်နိုင်လား...... လူတိုင်းနဲ့ ရင်းနှီးပြီးသား ဖြစ်မယ့် လူတိုင်းသိတဲ့ ကမ္ဘာကျော်ရုပ်ရှင်မင်းသားကြီး ဂျိမ်းစ်ဘွန်းရဲ့ ဇာတ်ကားတွေထဲကလိုမျိုး ကျည်ဆန်ထိပေမယ့် မသေတာမျိုး တကယ်ဖြစ်နိုင်လားဆိုတော့.... ရုပ်ရှင်ဆိုတာက ကြည့်လို့ကောင်းအောင် စိတ်ကူး ပုံဖော်ထားပေမယ့် ပြင်ပက ဘဝတွေကို ထင်ဟပ်နေစေတာတွေ အများကြီးပါ။ အပြင်မှာ ကျည်ဆန်ထိမှန်ခဲ့ပေမယ့် အသက်ရှင်တာ တကယ်ကိုရှိတယ်နော်။ ဒါကတော့ မာလာလာလို့ အများက သိထားကြတဲ့ ကမ္ဘာ့ အသက်အငယ်ဆုံး နိုဗယ်လ်ဆုရှင် Malala Yousafzai ပါပဲ။ သူမဟာ ဦးခေါင်းမှာ ကျည်ဆန် ထိမှန်ခဲ့ပေမယ့် အခုထိတိုင် သက်ရှိထင်ရှား ရှိနေဆဲပါပဲ။ တကယ်ကလည်း ကျည်ဆန်ထိတိုင်း လူသေတယ်တော့ မဟုတ်ပါဘူး။ ကျည်ဆန်က ဖောက်ထွက်သွားတဲ့ ဒဏ်ရာ အမျိုးအစား တစ်မျိုးပါ။ ဒီဒဏ်ရာက တတ်ကျွမ်းနားလည်သူတွေနဲ့ ကုသဖို့ လိုတယ်ဆိုပေမယ့် ကုသမှု မခံယူနိုင်ခင် စပ်ကြား အချိန်ကာလမှာ […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)