တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

ကောင်းမွန်တဲ့ တစ်ကိုယ်ရေသန့်ရှင်း အလေ့အထက အရေပြားမှာ ဖြစ်တတ်တဲ့ ကူးစက်ရောဂါတွေ၊ ခန္ဓာကိုယ် အနံ့ဆိုးလိုမျိုး အခြေအနေတွေကို ကာကွယ်ရာမှာ အထောက်အကူပြုပေးနိုင်ပါတယ်။ ဒါတင်မကပါဘူး။ အဖျားရောဂါတွေကို ကာကွယ်ပေးပြီး ကျန်းမာစေဖို့ အထိရောက်ဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထတွေကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

Thrift အဝတ်အစား တွေကနေ ကူးစက်နိုင်တဲ့ ရောဂါများ

ဒီနှစ်ပိုင်းတွေမှာ Thrift အဝတ်အစားတွေက တော်တော်ကြီး တွင်ကျယ်လာပါတယ်။ ကွန်တိန်နာကျတွေဆိုပြီး စျေးကွက်ထဲမှာ အများကြီး ရှိပါတယ်။ Thrift အဝတ်အစားတွေက ပတ်ဝန်းကျင် ညစ်ညမ်းမှုကို လျှော့ချပေးနိုင်တာ၊ စျေးသက်သာတာတွေကြောင့် ဝတ်တဲ့သူလည်း များပါတယ်။ ဒါပေမဲ့ Thrift အဝတ်အစား တွေကနေ ကူးစက်နိုင်တဲ့ ရောဂါများနဲ့ ဘယ်လိုမကူးစက်အောင် ကာကွယ်ကြမလဲဆိုတာကိုတော့ သိထားရပါမယ်။ Thrift အဝတ်အစား တွေကနေ ဘယ်လိုမျိုး ကူးစက်တာလဲ Thrift အဝတ်အစား တော်တော်များများကို ရောင်းတဲ့သူတွေက အနည်းဆုံးတစ်ခေါက်လောက် လျှော်ပြီး မီးဖိုထိုးပြီးသားတွေပါ။ တချို့ကျတော့လည်း မလျှော်ဘဲ အထုပ်ဖောက်ပြီး တန်းရောင်းကြတာတွေလည်း ရှိပါတယ်။ Thrift ကိုယ်တိုင်က ဝတ်ပြီးသား အဝတ်အစားဖြစ်သလို ဆိုင်ပေါ်ရောက်တော့လည်း လူတိုင်းက ကိုင်လိုက်၊ စွပ်လိုက်နဲ့ စမ်းဝတ်ကြည့်ကြပါတယ်။ ပြောရမယ်ဆိုရင် အင်္ကျီတစ်ထည်တည်းကို လူတွေ မျှပြီး ဝတ်နေကြတဲ့ ပုံစံနဲ့ […]

တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ ကို ရှာဖွေမည်။

တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

ချွေးနံ့ ဘာလို့ ပြင်းရသလဲ

လူတစ်ယောက်ဆီကနေ ထွက်ရှိလာတဲ့ ချွေးနံ့ ဟာ ရောဂါတချို့အတွက် အဓိကသဲလွန်စတွေ ဖြစ်နေနိုင်တယ် ဆိုတာ သင်သိပါသလား။ လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်း များစွာက ဆေးပညာလောက မှာ ရောဂါရှာဖွေရေးအဖြစ် အနံ့ခံအာရုံကို အသုံးပြုခဲ့ဖူးပါတယ်။ ဘီစီ၂၀၀၀လောက်က ရှေးခေတ်ဂရိလူမျိုး နဲ့ တရုတ်လူမျိုး တွေက တီဘီရောဂါ လိုမျိုး ကူးစက်နိုင်တဲ့ ရောဂါတွေကို စစ်ဆေးသိရှိ နိုင်ဖို့ အနံ့ခံအာရုံ ကို အသုံးပြခဲ့ကြပါတယ်။ လူတစ်ယောက်ရဲ့ ကိုယ်နံ့ ဟာ (အရေပြားက ထွက်တဲ့ ချွေးတင်မကဘဲ ခံတွင်းနံ့ ၊သွေး၊ ဆီး နဲ့ တခြားခန္ဓာကိုယ်အရည်တွေဆီက အနံ့အပါအဝင်) အဲဒီလူရဲ့ ကျန်းမာရေးအခြေအနေကို ဖော်ပြနိုင်တာကြောင့် ရောဂါအကြောင်းအရာကို အတိုင်းအတာတစ်ခု အထိ ရှာဖွေပေးနိုင်ပါတယ်။ ချွေးနံ့ က ရောဂါအခြေအနေတွေနဲ့ ဘယ်လိုဆက်နွှယ်နေသလဲ ရောဂါတစ်ခုဖြစ်ပြီဆိုရင် ခန္ဓာကိုယ်ထဲမှာ ဓာတုပြောင်းလဲမှုတွေ၊ ဇီဝဖြစ်စဉ်အတွင်း […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

နာမကျန်းဖြစ်နေချိန်မျိုးတွေမှာ ရေဘယ်လိုချိုးမလဲ

နာမကျန်းဖြစ်နေချိန် ဖျားနာနေချိန်တွေမှာ ရေချိုးဖို့ဆိုတဲ့ကိစ္စဟာ လူအတော်များများအတွက်တော့ နောက်ဆုံးမှ စဉ်းစားတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ သာမန်အချိန်တွေမှာတောင် ရေချိုးဖို့ ပျင်းတဲ့လူတွေအတွက်ဆိုရင်တော့ ပိုဆိုးပါလိမ့်မယ်။ ဒါက အပြစ်တင်စရာကိစ္စတော့ မဟုတ်ပါဘူး။ တုပ်ကွေးလိုရောဂါမျိုးတွေကြောင့် ဖျားနာကိုက်ခဲနေချိန်တွေမှာ ရေချိုးချင်စိတ်မရှိတာဟာ သဘာဝပါပဲ။ နေမကောင်းဖြစ်နေတဲ့သူတစ်ယောက်အတွက် စောင်လေးခြုံပြီး အိပ်ရာထဲမှာ နွေးနွေးထွေးထွေး ကွေးနေချင်စိတ်က ပိုများမှာသေချာပါတယ်။ ဒါပေမဲ့ ရေချိုးတာက လန်းဆန်းစေတယ်၊ သန့်ရှင်းစေတာကြောင့် နာမကျန်းဖြစ်နေချိန်မျိုးတွေမှာ ရေဘယ်လိုချိုးမလဲ ဆိုတာကိုလည်း သိထားသင့်ပါတယ်။ နာမကျန်းဖြစ်နေချိန်မျိုးတွေမှာ ရေဘယ်လိုချိုးမလဲ ဖျားတာ နာတာကြာလာချိန်တွေမှာတော့ ရေချိုးဖို့ လိုအပ်လာပါလိမ့်မယ်။ တချို့ကတော့ ရေမချိုးပဲ ရေပတ်တိုက်တာမျိုးလုပ်တတ်ကြပါတယ်။ ဒါပေမယ့် ရေချိုးချင်တယ်ဆိုရင်ရော။ ချိုးသင့်သလား။ နာမကျန်းဖြစ်နေချိန်မျိုးတွေမှာ ရေဘယ်လိုချိုးမလဲ ဆိုတာကို ကြည့်လိုက်ရအောင်နော်။ ရေချိုးတာဟာ အဖျားရောဂါကို သက်သာစေသလား? ဖျားနာချိန်မှာ ရေချိုးသင့် မချိုးသင့်ဆိုတာနဲ့ ပတ်သက်ပြီး သိပ္ပံနည်းကျ သက်သေပြနိုင်စွမ်းတွေကတော့ အကန့်အသတ်နဲ့သာ ရှိနေပါသေးတယ်။ […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

လက်သန့်ဆေးရည် (Hand Sanitizer) သုံးမယ်ဆိုရင် သတိထား

ရနံ့ခပ်သင်းသင်းနဲ့ ဘူးလှလှလေးတွေနဲ့ အလွယ်တကူသယ်ဆောင်လို့ရတဲ့ လက်သန့်ဆေးရည် (Hand Sanitizer) တွေဟာ ဒီကနေ့ခေတ်မှာ လူသုံးများကြပါတယ်။ အလျင်အမြန် ခြောက်သွေ့လွယ်တယ်၊ လက်ကို သန့်စင်စေတယ်၊ ရောဂါပိုးတွေကို သေစေနိုင်တယ်စတဲ့ အကျိုးကျေးဇူးတွေကြောင့်လည်း လူကြိုက်များကြတာဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ လက်သန့်ဆေးရည် (Hand Sanitizer) သုံးမယ်ဆိုရင် သတိထား ရမယ့် အချက်လေးတွေကို အတူတူ ကြည့်လိုက်ရအောင်နော်။ လက်သန့်ဆေးရည် ဆိုတာ ဘာလဲ လက်သန့်ဆေးရည် (Hand Sanitizer) တွေကို ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ နယ်ပယ်တွေမှာ အသုံးပြုဖို့ တီထွင်ခဲ့တာဖြစ်ပါတယ်။ ဆေးရုံလိုနေရာမျိုးတွေမှာ တာဝန်ထမ်းဆောင်နေသူတွေ ဒါမှမဟုတ် လူနာတွေနဲ့ လူနာစောင့်တွေအနေနဲ့ လက်မှာကပ်ညိလာနိုင်တဲ့ ဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေကို ကင်းစင်အောင် ဖယ်ရှားဖို့ ရည်ရွယ်ချက်နဲ့ပါ။ ဆရာဝန်တွေနဲ့ သူနာပြုဝန်ထမ်းတွေဟာ နေ့စဉ်လူနာတွေကို ကိုင်တွယ်ထိတွေ့နေရတာမို့ အသုံးတည့်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ သူတို့တွေအနေနဲ့ လက်ကို […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

လက်ဆေးနည်းနာ အဖြာဖြာ

လက်ဆေးနည်း ဆိုတာကို အရင်က ကြားဖူးပါသလား။ လက်ဆေးတာပဲ ဘာခက်လို့လဲ။ ဒီလိုပဲဆေးလိုက်ပေါ့လို့ ပြောစရာရှိပါတယ်။ ဟုတ်ပါတယ်။ ဒီလိုပဲ ဆေးလိုက်ရင် ရေနဲ့ ဆပ်ပြာ အပိုကုန်တာပဲရှိပါမယ်။ ရောဂါပိုးတွေ ထင်သလောက် မနည်းသွားပါဘူး။ အဲ့တော့ ဒီနေ့ကစပြီး စမတ်ကျကျ လက်ဆေးကြည့်ရအောင်။ မကြာခဏလက်ဆေးတာက ရောဂါပိုးတော်တော်များများကို ကာကွယ်ပြီးသားဖြစ်တယ်ဆိုတာ အားလုံးသိပြီးထားပါ။ မေးစရာရှိတာက မကြာခဏဆိုတာ တနေ့ဘယ်နှခါကို ပြောတာလဲ။ စမတ်ကျကျဆေးမယ်ဆိုတာ ဘာကိုပြောတာလဲ။ အောက်မှာဆက်ကြည့်ရအောင်။ ဘယ်အချိန်မှာ လက်ဆေးကြမလဲ။ တစ်နေ့ တစ်နေ့ တွေ့လိုက်တဲ့ လူတွေ၊ ကိုင်လိုက်တဲ့ ပစ္စည်းတွေဆိုတာ မနည်းပါဘူး။ အဲ့ဒီထိသမျှက ရောဂါပိုးတွေ ကိုယ့်လက်ကို ရောက်လာတယ်ဆိုတာ တွေးကြည့်ပါလား။ ရောဂါပိုးတွေကိုသာ သာမန်မျက်စိနဲ့ မြင်နိုင်မယ်ဆိုရင် အမလေးလေး မတွေးရဲစရာပဲ။ လက်တစ်ခုလုံး အပြည့်ဖြစ်နေမှာနော်။ ပြီးတော့ အဲ့လက်နဲ့ မုန့်စားမယ်၊ မျက်လုံးပွတ်မယ်၊ […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

Gym ကစားနေသူတိုင်း တစ်ကိုယ်ရေသန့်ရှင်းမှုကို သေချာဂရုစိုက်ပါ

ဒီဘက်ခေတ်မှာ Gym မကစားတဲ့သူတွေ မရှိသလောက်ကို နည်းနေပါပြီ။ အသက် ၁၈ လူငယ်အရွယ်ကစလို့ အသက် ၆၀ ၇၀ ဝန်းကျင် ဘိုးဘွားတွေပါ ကိုယ်ခန္ဓာအလှအပအတွက်ကြောင့်ရော၊ ကျန်းမာရေးလိုက်စားဖို့၊ အသက်ရှည်ရှည်နေနိုင်ဖို့ Gym ကစားခြင်းက များစွာ အထောက်အကူပေးနိုင်မှာပါ။ ဒါပေမယ့် Gym ကစားနေသူတိုင်း တစ်ကိုယ်ရေသန့်ရှင်းမှုကို သေချာဂရုစိုက်ဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်တစ်ယောက်တည်း မဟုတ်ဘဲ လူအများ စုဝေးပြီး ကစားရာနေရာ ဖြစ်တာကြောင့်ပါပဲ။ ကိုယ်က သန့်သန့်ရှင်းရှင်းနေရတာ ကြိုက်ရင်တောင် တခြားသူတွေက ကိုယ့်လိုပဲ ပြုမူနေထိုင်ဖို့ဆိုတာ အမြဲတမ်း ဖြစ်နိုင်တာ မဟုတ်ဘူးလေ။ လူပေါင်းစုံ စရိုက်ပေါင်းစုံ အလွှာပေါင်းစုံ နေရာဒေသပေါင်းစုံကနေ လာဆော့ကြတဲ့သူတွေထဲက တချို့တွေဆိုရင် • ပါးစပ်မအုပ်ဘဲ ချောင်းဆိုးတာ၊ နှာချေတာ • ကိုယ်ကစားခဲ့တဲ့နေရာမှာ ချွေးတွေ အကွက်လိုက် ကျန်နေခဲ့တာ • ခြေထောက်၊ […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

အမြဲတမ်း လက်ဆေးဖို့ မမေ့ပါနဲ့၊ မပျင်းပါနဲ့

ကဲ ဘာလိုလိုနဲ့ ၂၀၂၀ ကိုရောက်လာပြီနော်။ နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ကိုယ်သိပ်ချစ်ရတဲ့ မိသားစု ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည်နေထိုင်နိုင်ဖို့ ဆုတောင်းပေးလိုက်ပါတယ်။ ဒီတော့ နှစ်သစ်မင်္ဂလာမှာ ကျန်းမာရေးအတွက် ဘယ်တော့မှ မမေ့လျော့သင့်တဲ့ လက်ဆေးခြင်းအလေ့အကျင့်ကို မွေးမြူဖို့ ထပ်ပြီးတော့ အကြံပေးလိုက်ချင်ပါတယ်။ ကျွန်တော်တို့ နေအိမ်မှာပဲဖြစ်ဖြစ်၊ ရုံး၊ ကျောင်း၊ ပြင်ပနေရာတွေ၊ အရာဝတ္ထုတွေမှာ ဖုန်မှုန့်တွေ၊ မျက်စိနဲ့ မမြင်နိုင်တဲ့ ရောဂါပိုးမွှားတွေက အမြဲကပ်ငြိနေတတ်ပါတယ်။ တချို့သောရောဂါပိုးတွေက လူတစ်ယောက်ကနေ နောက်တစ်ယောက်ဆီကို ဆင့်ပွားကူးစက်ဖို့လည်း အရမ်းမြန်ပါတယ်။ ဥပမာ - အသားချင်းထိတာ၊ ပွေ့ဖက်နမ်းရှုံ့တာ၊ ပါးစပ်မအုပ်ဘဲ ချောင်းဆိုးတာ၊ နှာချေတာ၊ မေမေတွေ လက်မဆေးဘဲ ကိုယ့်သားသမီးကို ထမင်းဟင်း ခွံ့ကျွေးတာတွေပေါ့။ အလွယ်တကူ ကူးစက်နိုင်တဲ့ ရောဂါတွေထဲမှာ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ အဓိကပါဝင်ပါတယ်။ […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

လက်ကိုဆပ်ပြာနဲ့ဆေးတာနဲ့ ရေမလိုလက်သန့်ဆေးရည်သုံးတာ ဘယ်ဟာပိုကောင်းလဲ ။ ။

တစ်ကိုယ်ရည်သန့်ရှင်းရေးတစ်ခုမှာ အရေးအကြီးဆုံးက ဘယ်ဟာလို့ထင်ပါသလဲ။  တစ်နေ့မစားရင် မနေနိုင်ကြတဲ့အတွက် အစားစားတဲ့နေရာမှာ အဓိက အရေးပါတဲ့ လက်သန့်ရှင်းရေးက အရေးအကြီးဆုံးပါ။ သန်ကောင်တွေရန်ကလည်း ကြောက်ရတယ်မလား။ လက်ကိုသန့်စင်တဲ့နေရာမှာ ရေနဲ့ဆပ်ပြာသုံးပြီး သန့်စင်နိုင်သလို ခုနောက်ပိုင်း ရေမရနိုင်တဲ့နေရာတွေမှာပါ သုံးလို့ရတဲ့ ရေမလို လက်သန့်ဆေးရည်တွေ ထွက်လာပါပြီ။ ရေမလိုလက်သန့်ဆေးရည်တွေက နေရာတိုင်းမှာ အလွယ်တကူ ဝယ်လို့ရနိုင်တဲ့အပြင် သုံးရတာလည်း လွယ်ကူတယ်မလား။ တစ်ချို့ဆို ရေနဲ့ဆပ်ပြာနဲ့တောင် မသုံးတော့ဘဲ ရေမလိုလက်သန့်ဆေးရည်တွေကိုပဲ လွယ်လွယ်သုံးလိုက်ကြတာတွေရှိပါတယ်။ ဒီတော့ ဒီနေရာမှာပြောစရာရှိတာက ရေနဲ့ဆပ်ပြာသုံးတာနဲ့ ရေမလိုလက်သန့်ဆေးရည်သုံးတာမှာ ဘယ်လိုကွာခြားချက် တွေရှိလဲ။ ဘယ်ဟာက ပိုကောင်းလဲ ။ ကွာခြားချက်တွေ အရင်မပြောခင် လက်သန့်ဆေးရည်နဲ့ ရေနဲ့ဆပ်ပြာသုံးပြီးလက်သန့်စင်တာ အကြောင်းလေးကို အရင်ပြောပြချင်ပါတယ်။ ရေနဲ့ဆပ်ပြာသုံးမယ်ဆိုရင် လက်ပေါ်မှာ ရှိတဲ့ ပိုးမွှားနဲ့ အညစ်အကြေးတွေ သန့်စင်ဖို့အတွက် • တစ်ခါဆေးရင် စက္ကန့် ၂၀ လောက်ဆေးရမှာ ဖြစ်ပါတယ်။ ဒါမှ ပိုးမွှားတွေနဲ့ […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

ရေချိုးတဲ့ခါ လုပ်မိနေနိုင်တဲ့ နည်းလမ်းမှားတွေ

ရေချိုးတာဟာ တစ်နေ့တာ ကိုယ့်တစ်ကိုယ်ရည် သန့်ရှင်းရေးအတွက် လူတိုင်း လုပ်ကြတဲ့ အလုပ်ပါ။ မနက် အလုပ်မသွားခင်မှာ ရေချိုးတဲ့သူတွေရှိသလို ညနေအိမ်ပြန်ရောက် အိပ်ခါနီးချိန်မှာ ချိုးတဲ့သူတွေလည်းရှိတယ်။ ရေတော့ နေ့တိုင်းချိုးနေပါရဲ့၊ ရေချိုးနေတာ နည်းစနစ်မှန်ရဲ့လား၊ ရေချိုးတာကိုပဲ နည်းစနစ်တွေဘာတွေလိုလို့လား၊ ဘာခက်လို့လဲ၊ ရေလောင်း၊ ချေးတွန်း၊ ဆပ်ပြာတိုက်၊ ရေပြန်လောင်းတာပဲကို ဘာမှားစရာရှိလဲ ဆိုပြီး မေးစရာရှိပါတယ်။ ရေချိုးတာမှာလည်း ရေချိုးဖို့ အသင့်တော်ဆုံးချိန်၊ နည်းစနစ်၊ သုံးသင့်တဲ့ ဆပ်ပြာအမျိုးအစား စသဖြင့်ရှိပါတယ်တဲ့။ ဒါကြောင့် ရေချိုးတဲ့ချိန်မှာ မှားယွင်းနေနိုင်တဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ၁။ ရေရဲ့ အပူချိန် ရေချိုးတဲ့ရေဟာ အရမ်းပူရင် အသားအရေကို ခြောက်သွေ့စေနိုင်တယ်။ အရမ်းအေးနေပြန်ရင်လည်း ဆပ်ပြာ အမြှုပ်မထွက်ဘူး။ ဒါဆိုရင် ရေချိုးဖို့ အသင့်တော်ဆုံး ရေအပူချိန်ကဘာလဲပေါ့နော်။ လေ့လာချက်တွေအရတော့ ၁၀၂ ဒီဂရီ ဖာရင်ဟိုက် ဝန်းကျင်ပါတဲ့။ […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

အပေါ့အလေး အရေးအခင်းဆိုတာ အပြင်သွားတဲ့အချိန်မှာ မကြုံတွေ့နိုင်ဘူးလို့ ဘယ်သူမှ အတိအကျပြောလို့မရပါဘူး။ ဒီလိုအချိန်မျိုးဆိုရင် စူပါမားကတ် တစ်ခုခုထဲ အမြန်ဝင်ပြီး အများသုံးသန့်စင်ခန်းတွေ ရှာရတော့တာပဲမလား။ ဒါကတော့ သိပ်ပြဿနာမရှိပါဘူး။ ပြဿနာက လက်ဆေးပြီးနောက်ပိုင်းမှ စတာပါ။ တချို့အိမ်သာတွေမှာ တစ်သျှူးထားပေးထားတယ်၊ တချို့မှာက လက်အခြောက်ခံဖို့ အပူပေးစက်တွေ ထားပေးထားတယ်၊ ဒါမှမဟုတ်လည်း ၂မျိုးလုံးပေါ့။ လေ့လာချက်တွေအရ ဒီလက်အခြောက်ခံစက်တွေဟာ ဘက်တီးရီးယားပိုးပေါင်း မြောက်များစွာကို စိုနေတဲ့လက်ပေါ် ပြန်ကပ်သွားစေပြီး လူကိုဒုက္ခဖြစ်စေနိုင်တယ်ဆိုတာ တွေ့ရပါတယ်။ ကဲ .... သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ အကြောင်း လေ့လာလိုက်ရအောင်နော်။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။ လက်အခြောက်ခံစက်သည် အပူ၊ အအေး ၂မျိုးလုံးဖြင့် လေမှုတ်ထုတ်ကာ လက်ကိုအခြောက်ခံဖို့ပဲ ဖြစ်ပါတယ်။ အဓိကပြဿနာက စက်ထဲမှာ ရှိနေတဲ့ ဖုန်မှုန့်တွေအပြင် အသုံးပြုသမျှ လူတိုင်းရဲ့ ရောဂါပိုးပေါင်းများစွာ၊ […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

မီးဖိုချောင်သုံး လက်နှီးစုတ် တွေနဲ့ ကိုယ့်မိသားစုကျန်းမာရေး

မီးဖိုချောင်သုံး ပစ္စည်းတွေနဲ့ ပတ်သက်တာဆိုတော့ အိမ်မှုကိစ္စလုပ်နေတဲ့ လေဒီလေးတွေအနေနဲ့ စိတ်ဝင်စားမိမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ အိမ်တိုင်းလိုလိုမှာ မီးဖိုချောင်းသုံးဆိုပြီး လက်နှီးစုတ် လေးတွေ ထားထားတာ တွေ့ဖူးကြမှာပါ။ အိုးခွက်ပန်းကန်တွေ ဆေးပြီးရင် ရေခြောက်အောင် သုတ်ဖို့၊ အဝတ်လျှော်စက်တွေကို တိုက်ချွတ်ဖို့၊ စဉ်းတီတုံး၊ ငရုတ်ဆုံတွေကို အသုံးပြုပြီးသွားတဲ့အခါမျိုးမှာဖြစ်ဖြစ်၊ ပန်းကန်စင်၊ ကြောင်အိမ်တွေကို တိုက်ချွတ်ဆေးကြောတဲ့အခါမျိုးတွေမှာ လက်နှီးစုတ်တွေ သုံးတတ်ကြပါတယ်။ ဒီနေရာမှာ တော်တော်များများ လုပ်မိတတ်ကြတဲ့အမှားက လက်နှီးစုတ်တွေကို သုံးပြီးတာနဲ့ မလျှော်ပဲ ဒီအတိုင်းပစ်ထားလိုက်ပြီး ထပ်ခါတလဲလဲ အသုံးပြုတတ်ကြတဲ့ ပြဿနာပါပဲ။ မီးဖိုချောင်ဆိုတာ တကယ်တမ်း သမားရိုးကျကျ ပြန်တွေးကြည့်ရင် တော်တော်လေးကို ညစ်ပတ်တဲ့ နေရာတစ်ခု၊ သန့်ရှင်းရေးအမြဲလိုအပ်တဲ့ နေရာလို့ ဆိုနိုင်ပါတယ်။ အသား၊ ငါးတွေကနေ ဘက်တီးရီးယားပိုးမွှားတွေ၊ အမှိုက်ပုံးကနေ ထွက်နေတဲ့ အမှိုက်နံ့၊ သိုးနေတဲ့ အစားအစာတွေ၊ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်