ဒီအရွယ်ကတော်တော်လေးလှုပ်ရှားမှုများတဲ့အရွယ်ပါ။ တစ်နေ့ကို နှစ်ကြိမ်လောက်ရေချိုးတာက အဆင်အပြေဆုံးဖြစ်မှာပါ။ ဒါကြောင့် ကိုယ်လက်လှုပ်ရှားမှုလုပ်ပြီးချိန်တွေ၊ ကျောင်းသွားရမယ့်အချိန်မျိုးတွေမှာ ရေချိုးခိုင်းပါ။
သက်လတ်ပိုင်းအရွယ်
လုပ်ငန်းဆောင်တာတွေကို မပြတ်တမ်းလုပ်နေရတဲ့ဒီအချိန်မှာ စမတ်ကျကျလှပဖို့ဆိုရင် ပုံမှန်ရေချိုးဖို့လိုသလို တစ်ကိုယ်ရေသန့်ရှင်းရေးအတွက်လိုအပ်တဲ့ အခြားသောအချက်တွေကိုလည်း ဂရုစိုက်ဖို့လိုမှာပါ။ ဒါကြောင့် ဒီလိုအသက်အရွယ်အပိုင်းအခြားရှိသူတွေအနေနဲ့ကတော့ ရာသီဥတုအရမ်းအေးမနေဘူးဆိုရင် တစ်နေ့ကို နှစ်ကြိမ်လောက်တော့ရေချိုးပေးတာကောင်းပါမယ်။
သက်ကြီးပိုင်းအရွယ်
ဒီအရွယ်မှာ ငယ်ငယ်ကလောက် ကျန်းမာဖျတ်လတ်မှုမရှိတော့တာအမှန်ပါ။ ဒါကြောင့် ရာသီဥတုအခြေအနေကိုကြည့်ပြီးမှရေချိုးဖို့ဆုံးဖြတ်တာက ပိုအဆင်ပြေပါလိမ့်မယ်။ ဒါကြောင့် တစ်နေ့ကို တစ်ကြိမ်လောက်ပဲရေချိုးပေးပါ။ အရမ်းအေးနေမယ်ဆိုရင်တော့ ရေမချိုးပါနဲ့။ ရေစိုဝတ်နဲ့ပဲ ခန္ဓာကိုယ်ကိုသန့်ရှင်းရေးလုပ်ပါ။
အလုပ်အကိုင်နဲ့ရေချိုးခြင်း
လုပ်ကိုင်ရတဲ့အလုပ်အိုင်ကလည်း ရေချိုးရမယ့်အကြိမ်ရေအပေါ်မှာ သက်ရောက်မှုရှိနေပါတယ်။ ကိုယ်လုပ်ကိုင်နေတဲ့အလုပ်က ညစ်ပေတဲ့အရာတွေနဲ့ထိတွေ့ရတာမျိုးဖြစ်မယ် ဒါမှမဟုတ် ရောဂါပိုးကူးစက်ခံရနိုင်ခြေများတဲ့ အလုပ်အကိုင်မျိုးကိုလုပ်ကိုင်နေရမယ်ဆိရင်တော့ နေ့စဉ်ပုံမှန်ရေချိုးဖို့ မပျင်းသင့်ပါဘူး။ ဆပ်ပြာကိုသုံးပြီးရေသေချာချိုးလို့ ကိုယ့်ကျန်းမာရေးကို ကိုယ်တိုင်စောင့်ရှောက်လိုက်ပါ။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။