backup og meta

ချွေးနံ့ ဘာလို့ ပြင်းရသလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 05/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ချွေးနံ့ ဘာလို့ ပြင်းရသလဲ

    လူတစ်ယောက်ဆီကနေ ထွက်ရှိလာတဲ့ ချွေးနံ့ ဟာ ရောဂါတချို့အတွက် အဓိကသဲလွန်စတွေ ဖြစ်နေနိုင်တယ် ဆိုတာ သင်သိပါသလား။ လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်း များစွာက ဆေးပညာလောက မှာ ရောဂါရှာဖွေရေးအဖြစ် အနံ့ခံအာရုံကို အသုံးပြုခဲ့ဖူးပါတယ်။ ဘီစီ၂၀၀၀လောက်က ရှေးခေတ်ဂရိလူမျိုး နဲ့ တရုတ်လူမျိုး တွေက တီဘီရောဂါ လိုမျိုး ကူးစက်နိုင်တဲ့ ရောဂါတွေကို စစ်ဆေးသိရှိ နိုင်ဖို့ အနံ့ခံအာရုံ ကို အသုံးပြခဲ့ကြပါတယ်။

    လူတစ်ယောက်ရဲ့ ကိုယ်နံ့ ဟာ (အရေပြားက ထွက်တဲ့ ချွေးတင်မကဘဲ ခံတွင်းနံ့ ၊သွေး၊ ဆီး နဲ့ တခြားခန္ဓာကိုယ်အရည်တွေဆီက အနံ့အပါအဝင်) အဲဒီလူရဲ့ ကျန်းမာရေးအခြေအနေကို ဖော်ပြနိုင်တာကြောင့် ရောဂါအကြောင်းအရာကို အတိုင်းအတာတစ်ခု အထိ ရှာဖွေပေးနိုင်ပါတယ်။

    ချွေးနံ့ က ရောဂါအခြေအနေတွေနဲ့ ဘယ်လိုဆက်နွှယ်နေသလဲ

    ရောဂါတစ်ခုဖြစ်ပြီဆိုရင် ခန္ဓာကိုယ်ထဲမှာ ဓာတုပြောင်းလဲမှုတွေ၊ ဇီဝဖြစ်စဉ်အတွင်း ပြောင်းလဲမှုတွေ ဖြစ်စေတဲ့အပြင် metabolic compounds အမျိုးမျိုး ထွက်ရှိလာစေပါတယ်။ ခန္ဓာကိုယ်ရဲ့ ဓာတ်သဘောတွေ ပြောင်းလဲလာခြင်းက နောက်ဆုံးမှာ ကိုယ်နံ့အမျိုးမျိုး ထွက်ပေါ်လာစေတာ ဖြစ်ပါတယ်။ အနံ့ နဲ့ ကိုယ်ခံအားလှုပ်ရှားမှုကြား ဆက်နွှယ်မှုဟာ cytokine ပမာဏများနေတာ နဲ့ အတိုင်းအတာတစ်ခုလောက် အထိ ဆက်နွှယ်နေတယ် လို့ ဆွီဒင်သုတေသနတစ်ခုက ပြောပါတယ်။ ဒါ့ကြောင့် လူတစ်ယောက်မှာ ကိုယ်ခံအားတုံ့ပြန်မှု က ပိုများလေ ခန္ဓာကိုယ်အနံ့က ပြင်းလေ ဖြစ်ပါတယ်။

    ဘာရောဂါတွေ ရှိနေနိုင်သလဲ

    ချွေးနံ့က ရောဂါအခံတွေရဲ့ လက္ခဏာရပ်တစ်ခု ဖြစ်နေနိုင်သလို တချို့သော ရောဂါတွေမှာဆို သိသာထင်ရှားတဲ့ ကိုယ်နံ့တမျိုးစီတောင် ရှိနေတတ်ပါတယ်။ ဥပမာ -Scrofula ဆိုတဲ့ တီဘီရောဂါ တစ်မျိုးက အောက်သိုးသိုး ဘီယာနံ့လို ချွေးနံ့ ရှိတတ်ပါတယ်။ Yellow fever ရောဂါကြောင့်ဆိုရင် အသားဆိုင်မှာလိုမျိုး အသားညှီနံ့ဆန်ဆန် ကိုယ်နံ့ထွက်စေပါတယ်။

    ချွေးနံ့ဆိုးထွက်ရတဲ့ နောက်ခံအကြောင်းရင်း တချို့ ကတော့ –

    စိတ်ဖိစီးမှုက ချွေးပိုထွက်စေပြီး ခန္ဓာကိုယ် အနံ့ ပိုထွက်စေနိုင်တာဘာ့ကြောင့်လဲဆိုတာ Mayo Clinic ကရှင်းပြထားပါတယ်။ချွေးဂလင်းကecrrine နဲ့apocrine ဆိုပြီး နှစ်မျိုးရှိပါတယ်။ Eccrine ဂလင်းက ခန္ဓာကိုယ်ကို အေးစေဖို့ ချွေးထွက်စေတဲ့ ဂလင်း ဖြစ်ပြီး Apocrine ကတော့ စိတ်ဖိစီးတဲ့အခါ၊ စိတ်ညစ်ညူးတဲ့အခါ ချွေးထွက်စေတာဖြစ်ပါတယ်။ ဒီလိုချွေးထွက်လာရင် ဘက်တီးရီးယားတွေ ကပ်တွယ်ဖို့ လည်း အရမ်းလွယ်ပါတယ်။ ကိုယ့်မှာချွေးနံ့က ပုံမှန်နဲ့မတူ ထူးဆန်းနေပြီဆိုရင် သင့်ခန္ဓာကိုယ်က စိတ်ဖိစီးမှုဒဏ်ကို တုံ့ပြန်နေရပြီလို့ သိထားပါ။

    • ကျောက်ကပ်နဲ့ အသည်းလုပ်ဆောင်ချက် ပျက်ယွင်းခြင်း

    သင့်မှာ ကျောက်ကပ်နဲ့အသည်း လုပ်ဆောင်ချက် မကောင်းတော့ရင်လည်း ချွေးနံ့ပြင်းစေနိုင်ပါတယ်။ ကျောက်ကပ်နဲ့ အသည်းဟာ ခန္ဓာကိုယ်စနစ်ထဲကနေ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့တာဝန်ကို ယူထားတာဖြစ်ပါတယ်။ သူတို့ကသာ ဒီတာဝန်ကို မလုပ်ဆောင်တော့ရင် အစာချေလမ်းကြောင်း နဲ့ သွေးထဲမှာ အဆိပ်ဓာတ်တွေ များလာပြီး အနံ့ဆိုးတွေ ထွက်စေနိုင်ပါတယ်။ ချွေးနံ့ဆိုးက အသည်း သို့မဟုတ် ကျောက်ကပ်ရောဂါကို ဖော်ပြနေတာ ဖြစ်နိုင်ပါတယ်။

  • သိုင်းရွိုက်ရောဂါ
  • သိုင်းရွိုက်ဂလင်းလုပ်ဆောင်ချက် လွန်ကဲခြင်း ကလည်း ကိုယ်နံ့ဆိုးခြင်းရဲ့ အကြောင်းရင်းတစ်ခု ဖြစ်နေနိုင်ပါတယ်။ သိုင်းရွိုက်ဂလင်းက ချွေးထွက်စေပါတယ်။ ဒီလုပ်ဆောင်ချက်က လွန်ကဲလာရင် ခန္ဓာကိုယ်က ချွေးပိုထုတ်ပေးရပါတယ်။ သိုင်းရွိုက်အခြေအနေကို တစ်နှစ်တစ်ကြိမ် သို့မဟုတ် နှစ်နှစ်တစ်ကြိမ် လုပ်ဆောင်ချက် ပုံမှန်ဟုတ်မဟုတ် စစ်ဆေးသင့်ပါတယ်။ Hyperthyroidism ကို ကုသလို့ရပါတယ်။ ကိုယ့်မှာ ပုံမှန်မဟုတ်ဘဲ ချွေးထွက်များနေပြီး ချွေးနံ့ ပြင်းလာတာ သတိထားမိရင် ဆရာဝန်ပြသင့်ပါတယ်။

    သိုင်းရွိုက်ကြောင့် ချွေးထွက်ခြင်းက ညဘက်မှာ ဖြစ်လေ့ရှိတာကြောင့် နှလုံးအဆို့ ဒါမှမဟုတ် အရိုးမှာ ဖြစ်တတ်တဲ့ ပြင်းထန်တဲ့ရောဂါတွေ ဝင်ရောက်လာနိုင်ပါတယ်။

    ဆီးချိုရောဂါဟာ ချွေးနံ့ပြင်းခြင်းရဲ့ အဖြစ်များတဲ့အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ ဆီးချိုရောဂါရှိသူ တစ်ယောက်က သွေးတွင်းသကြားဓာတ်ကို ဂရုတစိုက် မထိန်းသိမ်းဘူး ဆိုရင် ketoacidosis လို့ခေါ်တဲ့ အခြေအနေဖြစ်လာစေနိုင်ပါတယ်။ ketoacidosis ဖြစ်လာသူဟာ ချဉ်စူးစူးအနံ့မျိုး ကိုယ်နံ့ရှိလာနိုင်ပါတယ်။ ketoacidosis ဟာ ဆိုးရွားတဲ့ ဆီးချိုအဆိပ်တက်ရောဂါတစ်မျိုး ဖြစ်ပြီး ချက်ချင်း ဆရာဝန် နဲ့ပြသင့်ပါတယ်။

    ချွေးနံ့ မထွက်အောင် ဘယ်လိုလုပ်ရမလဲ

    ခန္ဓာကိုယ်မှာဟော်မုန်းပြောင်းလဲတတ်တဲ့အချိန်ဖြစ်တဲ့ ဆယ်ကျော်သက်မြီးကောင်ပေါက်အရွယ်မှာ ချွေးနံ့က အဆိုးဆုံးဖြစ်တတ်ပါတယ်။ ဒါပေမယ့် လူကြီးတွေမှာလည်း အကြောင်းအမျိုးမျိုးကြောင့် ချွေးနံ့ဆိုးလာတဲ့အခါ အနံ့အုပ်အောင်ချွေးနံ့ပျောက်ဆေး၊ ဘော်ဒီစပရေးနဲ့ ရေမွှေးတွေ သုံးကြပါတယ်။

    • သန့်ရှင်းအောင်နေပါ

    ချွေးထွက်များပြီး ဘက်တီးရီးယားတွေ ရှိနေနိုင်တဲ့သူတွေမှာ တစ်နေ့နှစ်ကြိမ် ရေချိုးသင့်ပါတယ်။ သန့်ရှင်းတဲ့ ချည်သားအဝတ်အစားနဲ့ အတွင်းခံတွေကိုဝတ်ရင်ပိုကောင်းပါတယ်။

  • မုန့်ဖုတ်ဆိုဒါ
  • အလွန်အကျွံချွေးထွက်များခြင်းကို လျော့စေဖို့ မုန့်ဖုတ်ဆိုဒါကို အသုံးပြုနိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါကို သံပရာရည်နဲ့ ရောပြီး တစ်နေ့နှစ်ကြိမ် ချိုင်းမှာ သုတ်လိမ်းပေးပါ။ အနံ့ပျောက်စေတဲ့ အာနိသင်ရှိတဲ့ မုန့်ဖုတ်ဆိုဒါကို ချွေးနံ့ပျောက်ဆေးလို အသုံးပြုနိုင်ပါတယ်။ ဘက်တီးရီးယားကို သေစေပါတယ်။

    ဗီနီဂါက အရေပြားရဲ့ PH အဆင့်ကိုလျော့စေပြီး ကိုယ်နံ့ဆိုးတွေကို ဖယ်ရှားပေးပါတယ်။ ဗီနီဂါအနည်းငယ်ကို ရေရောပြီး ချိုင်းမှာ သုတ်လိမ်းပါ။

    ကျောက်ချဉ်ကိုသွေးပြီး ချိုင်းမှာ လိမ်းပေးပါ။ ချွေးနံ့ ပျောက်စေပါတယ်။

    • ပန်းသီးရှာလကာရည်

    Apple cider vinegar က အရေပြား PH အဆင့်ကိုလျော့စေတာကြောင့် ချွေးနံ့ပျောက်ဆေးလိုပဲ သုံးလို့ရတဲ့ ဆေးဖက်ဝင်ပစ္စည်း ဖြစ်ပါတယ်။

    • ကလေးပေါင်ဒါ

    ချွေးထွက်များတဲ့ နေရာတဝိုက်ကို ကလေးပေါင်ဒါ လိမ်းထားတာလည်း သက်သာစေနိုင်ပါတယ်။

    ရေ များများသောက်ပါ။ သံပရာက ခန္ဓာကိုယ်မှာ အဆိပ်အတောက်ဓာတ်တွေ ဖယ်ရှားပေးတာကြောင့် သံပရာရည်သောက်ပေးပါ။

    • အသီးအနှံနဲ့ အရွက်

    ပန်းဂေါ်ဖီစိမ်း၊ ကိုက်လန်တို့လို အစိမ်းရင့်ရောင် အသီးအရွက်တွေကိုစားပေးပါ။ သစ်သီးတွေနဲ့ အသီးအရွက်တွေကို ဖျော်ရည်လုပ်သောက်တာလည်းကောင်းပါတယ်။

    ရှောင်ရှားသင့်တဲ့ အရာများ

    အသား၊ အဆီ၊ နို့ထွက်ပစ္စည်း ၊ချောကလက်၊သကြားတို့အပြင် အရက်၊ကော်ဖီနဲ့ လက်ဖက်ရည်ခါးခါး တို့ကိုရှောင်သင့်ပါတယ်။

    ချိုင်းကြားဆိုတာက ချွေးထွက်တဲ့နေရာ ဖြစ်ပေမယ့်လည်း လူတွေက အဆိပ်ဓာတုတွေ ပါဝင်နေတဲ့ ချွေးနံ့ပျောက်ဆေးတွေကို သုံးပြီး အနံ့ဆိုး ကာကွယ်နေကြပါတယ်။ ချိုင်းကြားဟာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ထုတ်ပေးတာကြောင့် ချွေးပေါက်တွေ ပိတ်ဆို့မနေသင့်ပါဘူး။ ထိုက်သင့်သလောက် ချွေးထွက်တာကပဲ ကျန်းမာရေးအတွက် ကောင်းပါတယ်။

    အနံ့ဆိုး ပျောက်ဖို့ အကောင်းဆုံး နည်းလမ်းက ကျန်းမာရေးအတွက် မကောင်းတဲ့ ချွေးနံ့ပျောက်ဆေးတွေနဲ့ ဖုံးကွယ်ထားဖို့ မဟုတ်ပါဘူး။ အထက်ပါနည်းလမ်းတွေကို စဉ်းစားပြီး ခန္ဓာကိုယ်ရဲ့အတွင်းရော အပြင်မှာပါ သန့်စင်အောင် လုပ်ပါ။ ဆိုရရင် သင့် ချွေးနံ့ က ဆိုးရွားလှတဲ့ အခြေအနေ ဖြစ်နေပြီဆို ကိုယ်စားတဲ့ အစားအသောက်၊ အနေအထိုင်ကို ပြန်ထိန်းညှိဖို့လိုနေပြီ ဆိုတာ ပြနေတဲ့သဘော ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 05/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement