နားဖာချေး ကို အမြဲသန့်ရှင်းပေးဖို့ လိုလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

နားကြပ်တံလေးတွေ တချို့တွေအိတ်ထဲဆောင်ထားကြတာတွေ့ဖူးပါတယ်။ နားသန့်ရှင်းရေးအဖြစ်နဲ့ မကြာခဏသုံးတတ်ကြတယ်ပေါ့။ နားဖာကလော်လေးတွေ သော့ချိတ်မှာချိတ်ထားတာက ရှိသေးတယ်။ ဒီပစ္စည်းတွေနဲ့ မကြာမကြာ နားဖာချေး သန့်ရှင်းရေးမလုပ်ပေးရင်ပဲ တစ်ကိုယ်ရည်သန့်ရှင်းမှုမရှိသူလိုလို ဆက်ဆံခံရတတ်တာသေချာတာပေါ့။ ဒီလိုအယူအဆမျိုးကိုဆေးပညာကတော့ နိုးပါ တဲ့။

နားအတွင်းပိုင်းဆိုတာ သူ့အလိုအလျောက် သန့်စင်နိုင်စွမ်းရှိသလို ထူးထူးခြားခြားသန့်ရှင်းပေးဖို့ မလိုပါဘူး။ အတော်များများလုပ်လေ့ရှိတဲ့ နားသန့်ရှင်းရေးကတော့ နားဖာချေးတွေကို ရှင်းထုတ်တာပါပဲ။ ဒါတွေမရှိမှ သန့်နေမယ်၊ အကြားအာရုံပိုကောင်းတယ် လို့ ထင်ကြတယ်လေ။

နားဖာချေး ဘာလို့ ဖြစ်လာတာလဲ

နားဖာချေးဆိုတာ cerumen လို့ခေါ်တဲ့ ဓာတ်ပစ္စည်းတစ်မျိုးဖြစ်ပြီး နားကို ကာကွယ်ပေးဖို့နဲ့ နားအတွင်းပိုင်းစိုစွတ်မှုထိန်းပေးဖို့ ခန္ဓာကိုယ်က အလိုအလျောက် ပုံမှန်ထုတ်ပေးနေတာပါ။ နားဖာချေးသာမရှိရင် နားထဲမှာ ခြောက်သွေ့ယားယံနေနိုင်ပါတယ်။

သူ့မှာ ဘက်တီးရီးယားသေစေနိုင်စွမ်းလည်းရှိလို့ နားကို အလိုအလျောက်သန့်စင်ပေးနိုင်ပါတယ်။ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေလို အန္တရာယ်ပေးနိုင်တဲ့အရာတွေ နားအတွင်းထဲမရောက်နိုင်အောင် တားဆီးပေးထားတာမို့ နားဖာချေးက နားအတွက် အကာအကွယ်တစ်ခုလိုတောင် ဖြစ်နေပါသေးတယ်။ ဒါပေမယ့် နားဖာချေးက အပြင်ပိုင်းမှာပဲ ရှိပြီး အတွင်းပိုင်းမှာမရှိတတ်ပါဘူး။

နားဖာချေးပိတ်တာကရော

နားဖာချေးပိတ်ရတဲ့ အကြောင်းရင်းကတော့ နားထဲကို နားကြပ်ဂွမ်းလို တစ်ခုခုနဲ့ သန့်ရှင်းဖို့ ကြိုးစားတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုး နားထဲထိုးလိုက်တဲ့အခါ နားဖာချေးတွေကို အတွင်းထဲ နက်နက်ပိုရောက်သွားအောင် တွန်းပို့သလိုဖြစ်စေတာမို့ပါ။ ပြင်ပအရာဝတ္ထုတစ်ခုခု ဒါမှမဟုတ် ချွန်ထက်တဲ့အရာဝတ္ထုတစ်ခုခုနဲ့ နားထဲကို ကလော်တာ၊ ထိုးတာတွေကြောင့် ပိုးဝင်တာ၊ နားစည်ပေါက်ပြဲတာ၊ အကြားအာရုံဆုံးရှုံးတာတွေလို နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာစေနိုင်ပါတယ်။

ဘယ်လိုသန့်ရှင်းပေးသင့်တာလဲ

ပုံမှန်အားဖြင့်တော့ မလိုပါဘူး။ ဒါပေမယ့် နားဖာချေးတွေများနေတယ်၊ လက္ခဏာတစ်ခုခု ဖြစ်လာတယ်ဆိုရင် cerumen impaction လို့ခေါ်တဲ့ နားဖာချေးပိတ်ဆို့ခြင်းဖြစ်နေနိုင်ပါတယ်။

သူ့ရဲ့လက္ခဏာတွေက –

  • နားထဲမှာ နာတာ ဒါမှမဟုတ် ပိတ်နေသလို ခံစားရတာ၊
  • တစ်ချက်တစ်ချက် သိပ်မကြားရတာ (ကြာရင်ပိုဆိုးလာနိုင်တယ်)
  • နားထဲ အသံမြည်နေတာ၊
  • နားထဲက ယားတာ၊ အရည်ထွက်တာ၊ အနံ့ထွက်တာ၊
  • ချောင်းဆိုးတာ တို့ ပါဝင်ပါတယ်။

ဆရာဝန်ပြတဲ့အခါ နားကိုစစ်ဆေးကုသပြီး နားဖာချေးတွေကို ကိရိယာအသေးစားလေးတွေသုံးပြီး ဖယ်ရှားတာ၊ စုပ်ထုတ်တာ စတဲ့နည်းတွေ လုပ်ပေးမှာပါ။ ဒါ့ကြောင့် နားထဲ ယားလာတာ၊ စပ်လာတာ တစ်ခုခုဖြစ်လာရင် ဆရာဝန်ပြပါ။

နားပိတ်ဆို့တာ သိပ်ဆိုးဆိုးရွားရွားမဖြစ်ဘူးဆိုရင်တော့ အဝတ်စ နုနုလေးတစ်ခုကိုသုံးပြီး နားအပြင်ပိုင်းလေးကို အသာအယာသန့်ရှင်းပေးနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အရိုးအဆစ်ရောင်ခြင်း၏ နောက်ဆက်တွဲပြဿနာများ

အရိုးအဆစ်ရောင်ခြင်းဆိုတာဟာ ခန္ဓာကိုယ်ရဲ့အရိုးတွေအဆုံး တခုနဲ့တခု အဆစ်အနေနဲ့စုဆုံရာမှာရှိတဲ့ အရိုးနုတွေ ပျက်စီးလာတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

ဆီးချိုနှင့်ဆက်နွယ်သော ကျောက်ကပ်ရောဂါ

ကျောက်ကပ်ရောဂါဟာ ဆီးချိုရောဂါကို ခံစားနေရသူတွေအတွက် အဆိုးဆုံးကြုံနိုင်တဲ့ နောက်ဆက်တွဲပြဿနာ ဖြစ်ပါတယ်။ ဆီးချိုနောက်ဆက်တွဲ ကျောက်ကပ်ထိခိုက်တတ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

အရိုးအဆစ် ဒီလိုဖြစ်ရင် အမြန်ဆုံးကုသသင့်ပါတယ်

အရိုးအဆစ် ဒီလိုဖြစ်ရင် အမြန်ဆုံး ကုသမှု ခံယူသင့်ပါတယ်။ မကုသရင် နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာနိုင်ပြီး အခန့်မသင့်ရင် အရေးပေါ် ခွဲစိတ်ကုသရနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Yun Sandi Nan Mon

နားကိုက် တာ သက်သာစေဖို့ အိမ်တွင်းနည်းလမ်းများ

နားကိုက် အကိုက်အခဲပျောက်ဆေး ရေနွေးကပ် ရေခဲကပ် နားတွင်းအစက်ချအရည် နားဖာချေး နှိပ်နယ် ကြက်သွန်ဖြူ ကြက်သွန်နီ ပိုးသတ်ဆေး မိခင်နို့ရည်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ဆီးလမ်းကြောင်း ပိုးဝင်ခြင်းရဲ့ ရောဂါလက္ခဏာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 2, 2021 . 2 mins read
အဖြစ်များတဲ့ နားပြဿနာ များ

အဖြစ်များတဲ့ နားပြဿနာ များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 15, 2021 . 2 mins read
Cyclothymia ခေါ် အပျော့စားစိတ်နှစ်ခွရောဂါ

Cyclothymia ခေါ် အပျော့စားစိတ်နှစ်ခွရောဂါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 27, 2020 . 2 mins read
ဆီးချိုဝေဒနာရှင်တွေကို အထူးအန္တရာယ်ပေးနေတဲ့ကိုဗစ်

ဆီးချိုဝေဒနာရှင်တွေကို အထူးအန္တရာယ်ပေးနေတဲ့ကိုဗစ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 25, 2020 . 2 mins read