နားဖာချေးဆိုတာ cerumen လို့ခေါ်တဲ့ ဓာတ်ပစ္စည်း တစ်မျိုးဖြစ်ပြီး နားကို ကာကွယ်ပေးဖို့နဲ့ နားအတွင်းပိုင်း စိုစွတ်မှု ထိန်းပေးဖို့ ခန္ဓာကိုယ်က အလိုအလျောက် ပုံမှန် ထုတ်ပေးနေတာပါ။ နားဖာချေးသာ မရှိရင် နားထဲမှာ ခြောက်သွေ့ယားယံ နေနိုင် ပါတယ်။
သူ့မှာ ဘက်တီးရီးယား သေစေနိုင်စွမ်းလည်း ရှိလို့ နားကို အလိုအလျောက် သန့်စင်ပေးနိုင် ပါတယ်။ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေလို အန္တရာယ် ပေးနိုင်တဲ့ အရာတွေ နားအတွင်းထဲ မရောက်နိုင်အောင် တားဆီးပေးထားတာမို့ နားဖာချေးက နားအတွက် အကာအကွယ် တစ်ခုလိုတောင် ဖြစ်နေပါသေးတယ်။ ဒါပေမယ့် နားဖာချေးက အပြင်ပိုင်းမှာပဲ ရှိပြီး အတွင်းပိုင်းမှာ မရှိတတ်ပါဘူး။
နားဖာချေး ပိတ်တာကရော
နားဖာချေး ပိတ်ရတဲ့ အကြောင်းရင်းကတော့ နားထဲကို နားကြပ်ဂွမ်းလို တစ်ခုခုနဲ့ သန့်ရှင်းဖို့ ကြိုးစားတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုး နားထဲ ထိုးလိုက်တဲ့အခါ နားဖာချေးတွေကို အတွင်းထဲ နက်နက် ပိုရောက်သွားအောင် တွန်းပို့သလို ဖြစ်စေတာမို့ပါ။ ပြင်ပ အရာဝတ္ထုတစ်ခုခု ဒါမှမဟုတ် ချွန်ထက်တဲ့ အရာဝတ္ထု တစ်ခုခုနဲ့ နားထဲကို ကလော်တာ၊ ထိုးတာတွေကြောင့် ပိုးဝင်တာ၊ နားစည်ပေါက်ပြဲတာ၊ အကြားအာရုံ ဆုံးရှုံးတာတွေလို နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာစေနိုင်ပါတယ်။
ဘယ်လိုသန့်ရှင်းပေးသင့်တာလဲ
ပုံမှန် အားဖြင့်တော့ မလိုပါဘူး။ ဒါပေမယ့် နားဖာချေးတွေ များနေတယ်၊ လက္ခဏာ တစ်ခုခု ဖြစ်လာတယ်ဆိုရင် cerumen impaction လို့ခေါ်တဲ့ နားဖာချေးပိတ်ဆို့ခြင်း ဖြစ်နေနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။