backup og meta

ချိုင်းချွေးနံ့ပျောက်စေဖို့ အသုံးဝင်မယ့် သဘာဝနည်းလမ်း (၅) ခု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 14/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ချိုင်းချွေးနံ့ပျောက်စေဖို့ အသုံးဝင်မယ့် သဘာဝနည်းလမ်း (၅) ခု

    ချွေးနံ့ပြင်းတတ်တဲ့၊ ချွေးထွက်များတတ်တဲ့သူတွေရဲ့ ပြဿနာကို ရေမွှေးဘယ်လောက်ကောင်းကောင်း မကယ်တင်နိုင်ပါဘူး။ ကိုယ့်ရဲ့ချွေးနံ့ကို လျော့အောင်လုပ်ရင်လုပ်၊ ချွေးနံ့ပျောက်ဆေးသုံးရင်သုံး ဒီလိုမှမဟုတ်ရင် ချွေးနံ့နဲ့ ရေမွှေးနံ့က သပ်သပ်စီ ဖြစ်နေတာပိုဆိုးပါတယ်။ ချွေးနံ့ပျောက်ဆေးတွေ၊ ချွေးတိတ်ဆေးတွေက ဒီပြဿနာကို ဖြေရှင်းနိုင်ပေမဲ့ အမြဲတမ်း မသုံးချင်ဘူးဆိုရင်တော့ ချိုင်းချွေးနံ့ပျောက်စေဖို့ အသုံးဝင်မယ့် သဘာဝနည်းလမ်း တွေကို အသုံးပြုနိုင်ပါတယ်။

    ချိုင်းချွေးနံ့ပျောက်စေဖို့ အသုံးဝင်မယ့် သဘာဝနည်းလမ်း (၅) ခု

    ချိုင်းချွေးနံ့ပျောက်စေဖို့ အသုံးဝင်မယ့် သဘာဝနည်းလမ်း တွေကတော့

    (၁) ပန်းသီးရှာလကာရည်

    • ပန်းကန်လုံးတစ်လုံးထဲမှာ ပန်းသီးရှာလကာရည်ကို ရေနဲ့ ဆတူရောပါ။
    • ဂွမ်းလုံးလေးတစ်လုံးကို နှစ်ပြီး ချိုင်းမှာ သုတ်လိမ်းပါ။
    • ရေချိုးပြီးချိန်နဲ့ အိပ်ရာဝင်ခါနီးအချိန် တစ်နေ့နှစ်ကြိမ်သုံးနိုင်ပါတယ်။

    ပန်းသီးရှာလကာရည်ရဲ့ ဘက်တီးရီးယားသေစေနိုင်တဲ့အာနိသင်ကြောင့် ချိုင်းကြားတဝိုက်အရေပြားပေါ်က ချွေးနံ့ထွက်စေတဲ့ ဘက်တီးရီးယားတွေကို နှိမ်နင်းပေးနိုင်ပါတယ်။

    (၂) မုန့်ဖုတ်ဆိုဒါ

    • မုန့်ဖုတ်ဆိုဒါ တစ်ဇွန်း၊ သံပရာရည်တစ်ဇွန်း ရောပါ။
    • ချိုင်းမှာ သုတ်လိမ်းပြီး ၂ မိနစ် သို့မဟုတ် ၃ မိနစ်လောက်ထားပါ။
    • ရေချိုးချပါ။
    • တစ်နေ့တစ်ကြိမ် နှစ်ပတ်လောက်လုပ်လို့ရပါတယ်။

    မုန့်ဖုတ်ဆိုဒါက ချိုင်းကို ခြောက်သွေ့စေပြီး ချွေးထွက်တာကို ထိန်းပေးပါတယ်။ သူ့ရဲ့ အာနိသင်ကြောင့် အနံ့ဆိုးထွက်စေတဲ့ ဘက်တီးရီးယားတွေကိုနှိမ်နင်းနိုင်ပါတယ်။

    (၃) သံပရိုသီး

    • သံပရိုသီးကို ထက်ခြမ်းခြမ်းပြီး အရည်ညှစ်ပါ။
    • ရေနဲ့ ဆတူရော၊ ဂွမ်းလုံးလေးနဲ့တို့ပြီးမှ လိမ်းပါ။
    • ခဏလောက်ထားပြီး ရေဆေးချပါ။ ပြီးရင် အစိုဓာတ်ထိန်းကရင်မ် လိမ်းပေးပါ။
    • ချွေးနံ့ပျောက်တာ သိသာလာတဲ့အထိ တစ်နေ့တစ်ကြိမ်သုံးလို့ရပါတယ်။

    သံပရိုသီးက အက်စစ်ဓာတ်ပါဝင်မှုများပြီး ဘက်တီးရီးယားကို သေစေနိုင်စွမ်းရှိပါတယ်။ သံပရိုသီးက အသားအရေရဲ့ pH အဆင့်ကို လျှော့ချပေးပြီး အနံ့ဆိုးဖြစ်စေတဲ့ ဘက်တီးရီးယားကို ရှင်းလင်းပေးနိုင်ပါတယ်။ ချိုင်းမှာ ပေါက်ပြဲရာ‌တွေ ရှိရင်တော့ မသုံးသင့်ပါဘူး။ ကိုယ့်အသားအရေကို စပ်ဖျင်းဖျင်း ဖြစ်စေတယ်ဆိုရင် ရေရောပြီး သုံးနိုင်ပါတယ်။

    (၄) ရှားစောင်းလက်ပပ်

    • ရှားစောင်းလက်ပပ်အလယ်သား(သို့မဟုတ်) ရှားစောင်းဂျယ်လ်ဘူးထဲက အနည်းငယ်ယူပြီး ချိုင်းမှာ လိမ်းပါ။
    • ညအိပ်ခါနီးလိမ်းထားပြီး နောက်နေ့မနက်မှ ရေဆေးချပါ။
    • တစ်နေ့တစ်ကြိမ်လုပ်လို့ရပါတယ်။

    ရှားစောင်းမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝပြီး ဘက်တီးရီးယား သေစေတဲ့ အာနိသင်ရှိပါတယ်။ ဒါ့ကြောင့်ပဲ ချွေးနံ့ ပျောက်ဖို့ အတွက် အထောက်အကူပေးတဲ့ ဆေးတစ်လက် ဖြစ်လာတာပါ။

    (၅) အာလူး

    • အာလူးကို အလွှာလေးတွေ လွှာလိုက်ပါ။
    • ချိုင်းမှာ အာလူးလွှာလေးတွေနဲ့ ပွတ်ပါ။
    • ခြောက်သွေ့အောင်ထားပြီး ရေဆေးချပါ။
    • တစ်နေ့ တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် လုပ်နိုင်ပါတယ်။

    အာလူးက ချွေးထွက်ခြင်းကို ထိန်းပေးပြီး ဘက်တီးရီးယားတွေကိုသေစေနိုင်ပါတယ်။

    ဒါပေမယ့် ရေရှည်အတွက်ဆိုရင်တော့ –

    ဒီနည်းတွေက အသုံးဝင်ပေမယ့် ကိုယ့်အသားအရေက ဓာတ်မတည့် ဖြစ်လွယ်၊ ထိခိုက်လွယ်တယ် ဆိုရင်တော့ အချိန်လေးခြားပြီး မကြာမကြာပဲလုပ်ပေးပါ။ အမြဲမလုပ်ပါနဲ့။ ရေရှည်အတွက် လိုက်နာသင့်တဲ့ အမူအကျင့်တွေ အနေနဲ့ –

    • အနည်းဆုံး တစ်နေ့တစ်ကြိမ် ရေပုံမှန်ချိုးပါ။
    • အရည်အသွေးကောင်းတဲ့ ဆပ်ပြာကိုသုံးပါ။
    • ရေချိုးပြီးရင် သန့်ရှင်းတဲ့ တဘက်ကိုပဲ သုံးပါ။
    • ချွေးနံ့ပျောက်ဆေးဆို အရည်အသွေးကောင်းတာပဲသုံးပါ။
    • ပူတဲ့၊ လှောင်ပိတ်တဲ့ အဝတ်အထည်မျိုး မဝတ်ပါနဲ့။
    • ချိုင်းက အမွေးအမှင်တွေကို ပုံမှန်သန့်စင်ဖယ်ရှားပါ။
    • အနံ့ပြင်းတဲ့ အစားအသောက်တွေ ရှောင်ပါ။
    • အသီးအနှံ၊ အသီးအရွက်၊ ကြက်သားနဲ့ ငါး တွေစားပါ။
    • ရေများများသောက်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 14/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement