backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Ricin poisoning (ရီစင်ပရိုတိန်း အဆိပ်သင့်ခြင်း)


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 13/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Ricin poisoning (ရီစင်ပရိုတိန်း အဆိပ်သင့်ခြင်း) ကဘာလဲ။

ရီစင်ဆိုသည်မှာ ကြက်ဆူပင်ရှိ ကြက်ဆူစေ့များအတွင်းတွင်သဘာဝအတိုင်းရှိသော ပရိုတိန်းတစ်မျိုးဖြစ်သည်။ ရီစင်ပရိုတိန်း၏ ပမာဏအနည်းငယ်မျှပင် လူကို သေဆုံးအောင်ပြုလုပ်နိုင်သည်။ စားပွဲတင်ဆားမှုန့်လေးလောက်ပင်သေးငယ်သည့် ကြက်ဆူစေ့အား စားမိပါက(သို့) ရှူမိပါက(သို့) သွေးကြောထဲသို့ထိုးသွင်းမိပါက သေဆုံးရန် လုံလောက်စေသည်။ ကြက်ဆူစေ့အား ဝါး၍ မျိုချမိပါက ရီစင်ပရိုတိန်းသည်ကိုယ်အတွင်းသို့ပြန့်နှံ့သွားနိုင်သည်။ သို့သော် သာမာန်ကြက်ဆူစေ့များကို ဝါးနေခြင်းဖြင့် အသက်သေဆုံးသည်အထိ မဖြစ်နိုင်ကြောင်းသိရသည်။ ရီစင်ပရိုတိန်း အဆိပ်သင့်ခြင်း သည် အဏုဇီဝပိုးမွှားများကြောင့်ဖြစ်ပွားသော ရောဂါတစ်မျိုးမဟုတ်ပါ။ ကူးစက်တတ်သောရောဂါမျိုးလည်းမဟုတ်ပါ။

Ricin poisoning (ရီစင်ပရိုတိန်း အဆိပ်သင့်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Ricin poisoning (ရီစင်ပရိုတိန်း အဆိပ်သင့်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ရီစင်ပရိုတိန်း အဆိပ်သင့်ခြင်း ရဲ့ အဓိကရောဂါလက္ခဏာများသည် အဆိပ်သင့်သောနည်းလမ်းနှင့် ကိုယ်တွင်းသို့ရောက်ရှိသွားသည့်ရီစင်ပရိုတိန်းပမာဏအပေါ်တွင်မူတည်သည်။ ပြင်းထန်ပါက ခန္ဓါကိုယ်အစိတ်အပိုင်းအများအပြားကို ထိခိုက်စေနိုင်သည်။ အဆိပ်သင့်အပြီး ကနဦးလက္ခဏာများမှာ အစောဆုံး 4-8 နာရီ မှ နောက်အကျဆုံး 24 နာရီအတွင်းပေါ်လာတတ်ကြသည်။ အများအားဖြင့် ရီစင်ပရိုတိန်းအား စားသုံးမိအပြီး10နာရီမတိုင်ခင်အတွင်း ကနဦးလက္ခဏာများပေါ်လာတတ်ကြသည်။

ရှူသွင်းမိခြင်း – ရီစင်ပရိုတိန်းအား အဆိပ်သင့်စေနိုင်သည်အထိ လုံလုံလောက်လောက် ရှူသွင်းမိအပြီး နာရီပိုင်းအတွင်းတွင် အသက်ရှူရခက်ခြင်း၊အဖျားတက်ခြင်း၊ချောင်းဆိုးခြင်း၊ပျို့ခြင်း၊နှင့် ရင်ကျပ်ခြင်းတို့ဖြစ်ပွားနိုင်သည်။ ချွေးထွက်လွန်ခြင်းနှင့်အတူ အဆုတ်များတွင် ရေများစုပုံလာတတ်ကာ အသက်ရှူခြင်းကို ပိုမိုခက်ခဲစေပြီး အသားအရေများပြာနှမ်းလာသည်အထိဖြစ်လာတတ်သည်။ ထိုသို့စုပုံပိုလျှံနေသည့် အဆုတ်ရှိရေများကို ဆရာဝန်နားကြပ်နှင့် စမ်းသပ်နားထောင်ခြင်းဖြင့်သော်လည်းကောင်း၊

ဓါတ်မှန်ရိုက်ခြင်းဖြင့်သော်လည်းကောင်း စမ်းသပ်တွေ့ရှိနိုင်သည်။ နောက်ဆုံးတွင် သွေးပေါင်ထိုးကျကာ အသက်ရှူရပ်ခြင်းဖြင့် အသက်သေဆုံးသည်အထိဖြစ်နိုင်သည်။ ကြက်ဆူစေ့ကြောင့်အဆိပ်သင့်မှန်းသိနေပါက အသက်ရှူရန်ခက်ခဲနေသူများသည် ချက်ချင်း ဆေးအကူအညီရရှိရန်ကြိုးပမ်းသင့်ပါသည်။

စားသုံးမျိုချမိခြင်း – အဆိပ်သင့်ရန် လုံလောက်သည့်ပမာဏအားစားသောက်မိပါက သွေးပါသော အန်ခြင်းနှင့် ဝမ်းပျက်ခြင်းတို့ကို ဖြစ်စေနိုင်သည်။ ရေးဓါတ်လည်းလွန်စွာခန်းခြောက်၍ သွေးပေါင်ထိုးကျသွားနိုင်ပါသည်။ အခြားသောလက္ခဏာရပ်များမှာ တက်ခြင်းနှင့် ဆီးထဲသွေးပါခြင်းတို့ဖြစ်သည်။ ရက်အနည်းငယ်ကြာသောအခါ အဆိပ်သင့်သူ၏ အသည်း၊ဘေလုံး၊နှင့် ကျောက်ကပ်များသည် အလုပ်မလုပ်နိုင်တော့ပဲ သေဆုံးတတ်ပါသည်။

အရေပြားနှင့် မျက်လုံးသည် ရီစင်ပရိုတိန်းနှင့် ထိတွေ့မှုရှိခြင်း

ရီစင်ပရိုတိန်းအား သာမာန်အရေပြားမှ စုပ်ယူရန်မဖြစ်နိုင်သလောက်ရှိသည်။ ရီစင်အမှုန့်များ(သို့) အခြားသော ရီစင်ဖြင့်ပြုလုပ်သည့်ပစ္စည်းများဖြင့် ထိတွေ့မိပါက အရေပြားနှင့် မျက်လုံးတို့တွင် နာကျင်ခြင်း၊နီရဲလာခြင်းတို့ဖြစ်ပွားတတ်သည်။ သို့သော်လည်း ရီစင်အား လက်ဖြင့်ထိတွေ့၍ ထိုလက်ဖြင့် အစားအသောက်များကို စားသောက်မိသောအခါ အချို့သောရီစင်များအား စားသုံးမိတတ်သည်။ ရီစင်ပရိုတိန်းသည် အဆိပ်သင့်သောနည်းလမ်းများ(ရှူရှိုက်မိခြင်း၊စားသုံးမိခြင်း(သို့)ထိုးသွင်းမိခြင်း) နှင့် အဆိပ်ပမာဏအပေါ်မူတည်ပြီး ထိတွေ့အဆိပ်သင့်အပြီး 36 နာရီမှ 72နာရီအတွင်း လူတစ်ဦးတယောက်အား သေအောင်ပြုလုပ်နိုင်သည်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Ricin poisoning (ရီစင်ပရိုတိန်း အဆိပ်သင့်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ရီစင်ပရိုတိန်းသည် ကြက်ဆူပင်များ၏ကြက်ဆူစေ့မှ ရရှိသည်။ အဖြူရောင် ကြိတ်ဖက် ဟုခေါ်သည့် ကြက်ဆူစေ့အားကြိတ်၍ ကြက်ဆူဆီထုတ်ယူရာမှ ဘေးထွက်ကျန်ရှိလာသည့် စွန့်ပစ်ပစ္စည်း၏ ပါဝင်မှုတစ်ခုလည်းဖြစ်သည်။ ထိုရီစင်အား ထိတွေ့မှုပြုပါက ရီစင်အဆိပ်သင့်ခြင်းဖြစ်ပွားနိုင်ပါသည်။

ရှူသွင်းမိခြင်း၊စားသုံးမိခြင်း (သို့) ထိုးသွင်းမိခြင်း တို့ပြုလုပ်မိခြင်းသည် ထိတွေ့မှုအား ပိုမိုမြင့်တက်စေခြင်းဖြစ်သည်။ ထိုရီစင်အဆိပ်သည် ဆဲလ်များ၏ ပုံမှန်တာဝန်ဖြစ်သည့် ပရိုတိန်းထုတ်လုပ်ခြင်းကို ဖိနှိပ်တားမြစ်စေသည်။ ဆဲလ်များသည် ပရိုတိန်းများမထုတ်လုပ်နိုင်သောအခါ ပျက်စီးသေဆုံးသွားကြသည်။ လူတစ်ဦး၏ ခန္ဓါကိုယ်ရှိ အရေးကြီးသည့် အစိတ်အပိုင်းများတွင် ပါဝင်သည့်ဆဲလ်များသည် ထိုကဲ့သို့သော ပုံမှန်တာဝန်များအား ဆောင်ရွက်ခြင်းတို့ ရပ်တန့်သွားပါက ထိုလူသည် သေဆုံးသွားနိုင်ပါသည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Ricin poisoning (ရီစင်ပရိုတိန်း အဆိပ်သင့်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ဘယ်အရာတွေက ရီစင်ပရိုတိန်းအဆိပ်သင့်ခြင်း၏ ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Ricin poisoning (ရီစင်ပရိုတိန်း အဆိပ်သင့်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ရီစင်ပရိုတိန်းအဆိပ်သင့်ခြင်း ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။ ရှူသွင်းမိသော

လေထဲနှင့် ရေ၊အစားအသောက်များတွင် ရီစင်ပရိုတိန်း ပါဝင်ညစ်ညမ်းနေမှုအား စမ်းသပ်ရန်မှာ ဖြစ်ပွားသော လက္ခဏာရပ်များနှင့် ဖြစ်ပွားလာပုံတို့အပေါ်တွင်သာ မူတည်သည်။ ရီစင်တစ်မျိုးတည်းအား ကိုယ်အတွင်းသို့ထိုးသွင်းမိပါက စမ်းသပ်တွေ့ရှိရန်အလွန်ခဲယဉ်းသည်။ ပို၍ပြောရလျှင် မည်သည့်တိကျသောစစ်ဆေးမှုများမှ ရီစင်ပရိုတိန်းအဆိပ်သင့်ခြင်းအား ကောင်းစွာအတည်ပြုနိုင်ပေးခြင်းမရှိသေးသောကြောင့် ရီစင်အား စမ်းသပ်တွေ့ရှိနိုင်ခြင်းမှာ အတိုင်းအတာတခုမျှသာဖြစ်သည်။ သို့သော်လည်း ရီစင်အဆိပ်သင့်ခြင်းဖြစ်နိုင်ချေများရှိနေပါက ဆရာဝန်မှ ခန္ဓါကိုယ်အားကြည့်ရှူထိတွေ့စစ်ဆေးခြင်းများ ပြည့်စုံစွာ ဆောင်ရွက်တတ်သည်။ ခက်ခဲရှူပ်ထွေးလှသော စမ်းသပ်မှုများဖြင့် အဆိပ်သင့်အပြီး 24နာရီအတွင်း ရီစင်အား ခန္ဓါကိုယ်အတွင်းတွင် ရှာဖွေစမ်းသပ်တွေ့ရှိနိုင်ပါသည်။ ဖြစ်ပွားနိုင်သော ကနဦးလက္ခဏာများကို အထက်တွင် ကြည့်ရှူပါ။

Ricin poisoning (ရီစင်ပရိုတိန်း အဆိပ်သင့်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ရီစင်အဆိပ်သင့်ခြင်းအတွင်း ကာကွယ်ဆေး (သို့) ဖြေဆေးများမရှိသေးပါ။ မည်သည့်နည်းလမ်းဖြင့် အဆိပ်သင့်သည်ဖြစ်စေ ကုသမှုမှာ အများအားဖြင့် ဖြစ်သည့် လက္ခဏာများ သက်သာအောင်ကုသခြင်းသာဖြစ်သည်။

  • ရီစင် ရှူမိ၍အဆိပ်သင့်လာပါက အသက်ရှူနိုင်ရန် အကူအညီလိုအပ်ပါသည်။ အကယ်၍ပြင်းထန်ပါက အသက်ရှူလမ်းကြောင်းအားအပေါက်ဖောက်၍

အကူအသက်ရှူကိရိယာ အသုံးပြုရန်လိုအပ်တတ်သည်။

  • အကယ်၍စားသုံးမိပါက အစာအိမ်အားဆေးကြောရန်လိုအပ်သည်။ ဓါတ်ကြွအောင်ပြုလုပ်ထားသော မီးသွေးအားအသုံးပြု၍ အဆိပ်အားပြန်လည်စုပ်ထုတ်နိုင်သည်။ ရေဓါတ်ဆုံးရှံူးခြင်းကိုကုသရန် သွေးကြောထဲသို့အရည်များပြန်လည်သွင်း၍ဖြည့်တင်းခြင်းပြုလုပ်ရမည်။ ပိုးမွှားရောဂါမဟုတ်သောကြောင့် ပိုးသတ်ဆေးများသည် ရီစင်အဆိပ်သင့်ခြင်းကိုကုသရာတွင် အရေးမပါပေ။
  • အဆိပ်သင့်ခြင်းကြောင့် ဖြစ်ပေါ်လာသော သွေးပေါင်ကျခြင်းနှင့် တက်ခြင်းတို့ကို ကုသရန် ဆေးများထပ်မံပေးရသည်။
  • ရီစင်ကို ထိုးသွင်းမိရာမှ အဆိပ်သင့်လာပါက ပိုးများ မဝင်ရောက်ရန် ပိုးသတ်ဆေးများကို ကာကွယ်သည့်အနေဖြင့် ဆရာဝန်မှ ညွှန်ကြားတတ်သည်။ မေးခိုင်ပိုးကာကွယ်ဆေးကိုလည်း ထိုးရနိုင်ပါသည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ရီစင်ပရိုတိန်းအဆိပ်သင့်ခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ရီစင်ပရိုတိန်းအဆိပ်သင့်ခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

တခုတည်းသော ထိရောက်သည့် ကာကွယ်မှုမှာ ရီစင်အား ထိတွေ့မှုမရှိစေရန် ရှောင်ကြဉ်ခြင်းဖြစ်သည်။ ကံမကောင်းစွာပဲ ရီစင်အတွက် ဖြေဆေး (သို့) ကာကွယ်ဆေးများမရှိပါ။ ရီစင်ကာကွယ်ဆေးနှင့် ဖြေဆေးများကို ရရှိရန် စမ်းသပ်ဖန်တီးဆောင်ရွက်နေဆဲသာဖြစ်သည်။ ရီစင်အငွေ့များပျံ့နှံ့နေပါက

ကာကွယ်ပေးနိုင်သည့် အလုံအုပ် ကျန်းမာရေး မျက်နှာဖုံးများ(သို့) နှာခေါင်းစည်းများကို အသုံးပြုခြင်းဖြင့် ထိရောက်စွာ ကာကွယ်နိုင်ကြောင်းသိရသည်။ ရီစင်သည် သာမာန်မျှသာ သက်ရှိများအား ထိခိုက်စေနိုင်သည့်အရာတခုမဟုတ်ပဲ အဓိကအားဖြင့် အစားအသောက်နှင့် ရေများအား ညစ်ညမ်းစေနိုင်သည့် ခြိမ်းခြောက်မှုအန္တာရယ်တစ်ရပ်အဖြစ်ပါ တည်ရှိနေသည်။ ထိုအဆိပ်သည် နေရာတိုင်းတွင် ကျယ်ပြန့်စွာတွေ့ရှိနိုင်ပြီး အလွယ်တကူဖြစ်ပေါ်ထုတ်လုပ်နိုင်သည်။ များပြားလာသော ခြိမ်းခြောက်မှုများနှင့် ကောလဟာလများ၊အင်တာနက်မှ ဆောင်းပါးတိုများအရ ယခုကဲ့သို့ရီစင်၏ ခြိမ်းခြောက်မှုအန္တာရယ်မှာ အမှန်ဖြစ်ပေါ်နိုင်သည့်အလားအလာရှိနေသည်။ ထို့ကြောင့် ရောဂါလက္ခဏာရပ်များကို သိရှိထားရန်အလွန်အရေးကြီးပါသည်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 13/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement