အဓိပ္ပါယ်ဖွင့်ဆိုချက်
Frostbite (နှင်းကိုက်ခြင်း) ကဘာလဲ။
နှင်းကိုက်တယ်ဆိုတာ အရည်ပြားနဲ့ အောက်မှာရှိတဲ့ တစ်ရှုးတွေအေးခဲသွားတာပဲဖြစ်တယ်။ ပထမဆုံးသင့်အရေပြားဟာ အေးခဲပြီး နီလာမယ်၊ ပြီးရင်ထုံလာမယ်။ ပြီးရင် ဖြူဖျော့လာမယ်။ လက်ချောင်း၊ ခြေချောင်း၊ နှာခေါင်း၊ မေးစေ့နဲ့ ပါးပြင်တွေဟာ အများအားဖြင့် နှင်းကိုက်ခံရတဲ့ နေရာတွေပဲဖြစ်ပါတယ်။ အရေပြားကို အေးခဲပြီး လေတိုက်တဲ့ ရာသီဥတုနှင့် ထိတွေ့ခြင်းဟာ နှင်းကိုက်ခံရခြင်းကို ဖြစ်စေတတ်ပါတယ်။
ဒါပေမဲ့လည်း နှင်းကိုက်ခြင်းဟာ အဝတ်အစားဝတ်ထားခြေအိတ်လက်အိတ်စွပ်ထားတဲ့ အရေပြားမှာလည်းဖြစ်တတ်ပါတယ်။ Frostnip လို့ခေါ်တဲ့ နှင်းကိုက်ခြင်းကြောင့် အေးခဲထုံကျင်ခြင်း (ကျွန်တော်ကတော့ မြန်မာလို နှင်းအေးခဲခြင်းလို့နာမည်ပေးလိုက်တယ်) ဟာ အရေပြားကို အပြီးပျက်စီးသွားခြင်းကို မဖြစ်စေပါဘူး။ အနည်းငယ် ပဲနှင်းကိုက်ခဲ့မယ်ဆိုရင်တော့ ရှေးဦးသူနာပြုနည်းအပါအဝင် အရေပြားကို ပြန်လည်နွေးထွေးလာအောင် ပြုလုပ်ပေးခြင်းနဲ့တင်ကုသနိုင်ပါတယ်။ တခြားသော နှင်းကိုက်မှုအဆင့်တွေကတော့ အရေပြား၊တစ်ရှုး၊ကြွက်သားနဲ့ အရိုးတွေကိုထိခိုက်စေတာကြောင့် တိကျသောကုသမှုတွေလိုအပ်ပါတယ်။ ပိုးဝင်ခြင်းနဲ့ အာရုံကြောများထိခိုက်ခြင်းတို့ကို နှင်းကိုက်ခြင်းရဲ့ နောက်ဆက်တွဲပြသနာအနေနဲ့ တွေ့ရတတ်ပါတယ်။
Frostbite (နှင်းကိုက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ
အေးခဲတဲ့ ရာသီဥတုရှိတဲ့ နိုင်ငံတွေမှာ အသက်အရွယ်မရွေး နှင်းကိုက်ခံရတတ်ပါတယ်။
အန္တရာယ်ဖြစ်စေနိုင်သော အချက်များကို ရှောင်ကြဉ်ခြင်းဖြင့် နှင်းကိုက်ခြင်း ကာကွယ်နိုင်ပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။
လက္ခဏာများ
Frostbite (နှင်းကိုက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ
နှင်းကိုက်ခြင်းရဲ့လက္ခဏာတွေအမြောက်အများရှိတဲ့ထဲက အဖြစ်များတဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။
- အစပိုင်းတွင် အရေပြား အေးခဲပြီး စူးရှမှုခံစားရခြင်း
- ထုံကျဉ်ခြင်း
- အနီ၊အဖြူ၊ ဖြူပြရောင်နှင့် မီးခိုးဝါရောင် စသဖြင့် အရေပြားအရောင်ပြောင်းလဲခြင်း
- မာတင်းတင်းနှင့် ဖယောင်းကဲ့သို့ ပြောင်းလဲလာခြင်း
- အရိုးဆစ်များနှင့် ကြွက်သားများတောင့်တင်းလာခြင်း
- အချို့ပြင်းထန်သောအခြေအနေများတွင် ပြန်လည်နွေးအောင်ပြုလုပ်သောအခါအရည်ကြည်ဖုများထလာခြင်း။
လက်ချောင်း၊ခြေချောင်း၊နှာခေါင်း၊ပါးနှင့် မေးစေ့တို့ အများအားဖြင့် နှင်းကိုက်လေ့ရှိပါတယ်။ အရေပြားထုံကျဉ်နေတာကြောင့် သင့်ကို နှင်းကိုက်နေပြီဆိုတာကို တခြားတစ်ယောက်က မပြောမချင်းသတိပြုမိနိုင်ချေနည်းပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။