backup og meta

အဖြစ်များသောအရေးပေါ်အခြေအနေများ(၂)

အဖြစ်များသောအရေးပေါ်အခြေအနေများ(၂)

တက်ခြင်း

တက်ခြင်းသည် ထိန်းချုပ်စေခိုင်းခြင်းမရှိဘဲ တစ်ကိုယ်လုံးရှိ ကြွက်သားများ ဆွဲငင်တုန်လှုပ်ခြင်းဖြစ်ပြီး ဦးနှောက်၏လုပ်ငန်းများ ချို့ယွင်းမှုဖြစ်ခြင်းဖြစ်သည်။                 

ဖြစ်စေတတ်သောအကြောင်းရင်းများ

  • ဦးနှောက်ဒဏ်ရာရခြင်း၊
  • ဦးနှောက်အမြှေးရောင်ခြင်း (သို့) အကျိတ်ဖြစ်ခြင်း၊
  • လေဖြတ်ခြင်း၊ အပူရှပ်ခြင်း၊
  • ကလေးများ အဖျားကြီးခြင်း၊
  • လျှပ်စစ်ဓာတ်လိုက်ခြင်း၊
  • မူးယစ်ဆေးအလွန်အကျွံသုံးစွဲခြင်း၊
  • အရက်မူးလွန်ခြင်း၊ အဆိပ်သင့်ခြင်း၊
  • အရည်ခန်းခြောက်ခြင်း၊
  • ဝက်ရူးပြန်ခြင်း၊ စိတ်ဝေဒနာရှင်များ၊

ပြုစုခြင်း

  • အဖျားကြီးပြီး တက်နေသောကလေးအား အပူချိန်ကျစေရန် ရေပတ်တိုက်ပေးပါ။
  • တက်နေစဉ် ပါးစပ်အတွင်းမှ အစာများ၊ ချွဲများကို ဖယ်ရှားပေးပါ။
  • အသက်ရှူလမ်းကြောင်းဖွင့်ပေးပါ။
  • တင်းကျပ်သောအဝတ်အစားများ လျော့ပေးပါ။
  • ထပ်မံ၍ဒဏ်ရာများ မရရှိစေရန်နှင့် လျှာမကိုက်မိစေရန် စောင့်ကြည့်ပြီးပြုစုပါ။
  • ခန္ဓာကိုယ်အစိတ်အပိုင်းများ ဒဏ်ရာရရှိမှု အခြေအနေအား စစ်ဆေးပါ။
  • တက်တတ်သောသူ တစ်ဦးတည်းအချိန်အကြာကြီးမထားရန်၊ မိသားစုအား အကြံပြုပါ။
  • မိဘ၊ ဆွေမျိုးများ၏ စိတ်ပူပန်မှုလျော့နည်းစေရန် အားပေးစကားပြောပါ။

ကလေးတက်ခြင်းအား ပြုစုခြင်း

  • ကိုယ်အပူချိန်ကြီး၍ တက်သောကလေးအား ရေပတ်တိုက်ပေးပါ။
  • ထူထဲသောစောင်များဖြင့် ဖုံးအုပ်မထားရ။
  • လေကောင်းလေသန့်ရသော နေရာတွင်ထားရမည်။
  • တက်နေသောကလေးတွင် အသက်ရှူစဉ် အသက်ရှူခက်ခဲသော အသံများကြားရပါက အသက်ရှူ လမ်းကြောင်းမပိတ်ဆို့ရန် စောင်း၍ထားရမည်။
  • ဒဏ်ရာထပ်မံရရှိစေရန် ကလေးအား သတိထား၍ ကိုင်တွယ်ပြုစုပါ။
  • ဆေးရုံသို့ အမြန်ပို့ပါ။

အော့အန်ခြင်း

ဖြစ်စေသောအကြောင်းအရင်းများ

ဝမ်းသွားခြင်း၊ အဆိပ်ဖြစ်ခြင်း၊ အစာ၊ ဆေး၊ အနံ့များနှင့်မတည့်ခြင်း၊ ရေမသန့်ခြင်း၊ စားနေကျ မဟုတ်သော အစားအစာများစားမိခြင်း၊ ရောဂါများကြောင့်ဖြစ် နိုင်သည်။

ပြုစုခြင်း

  • အားပေးစကားပြောပါ။
  • ဘယ်ဘက်သို့စောင်း၍ စိတ်ချရသောဘေးစောင်းအနေအထားဖြင့် ထားပါ။
  • နွေးထွေးစွာထားပါ။
  • လတ်ဆတ်သောဖျော်ရည်ကို ဖြေးဖြေးချင်း စုပ်ယူသောက်ခိုင်းပါ။
  • အန်ပြီး ၂၄ နာရီအတွင်း အစာစားလိုစိတ် ဖြစ်လာလျှင် ပျော့သော၊ ကစီဓာတ်ပါသော၊ ချိုသော အစားအစာများ ကျွေးပါ။ (ဆန်၊ ပြောင်း၊ ဂျုံ၊ ခေါက်ဆွဲ၊ အာလူး)
  • အအန်မရပ်ဘဲ Shock လက္ခဏာများ ဖြစ်ပေါ်ပါက ဆေးရုံပို့ပါ။
  • တိုက်ရန်သင့်သောအရည်များ (ရေ၊ ဂလူးကို့၊ လိမ္မော်ဖျော်ရည်)

အန္တရာယ်ရှိသောလက္ခဏာများ

  • ၂၄ နာရီကြာ အလွန်အမင်းအန်ခြင်း၊ Shock ဖြစ်ခြင်း။
  • အစိမ်းရင့်ရောင်၊ အညိုရောင်၊ မစင်နံ့ပါသော အန်ဖတ်များအန်ခြင်း၊ သွေးပါခြင်း

ဝမ်းဗိုက်နာခြင်း

ဝမ်းဗိုက်အောင့်ခြင်း၊ နာခြင်းတွင် ဆန်းစစ်ရမည့်အချက်များ

  • ဝမ်းဗိုက်နာကျင်သည့်နေရာ – (ရင်ညွန့်အောက်၊ နံရိုးအောက်၊ ချက်အနီး)
  • လူနာအခြေအနေ – အဆက်မပြတ်နာခြင်း၊ပြတ်တောင်းပြတ်တောင်းနာခြင်း

အထူးသတိပြုရှောင်ကြဉ်ရမည့်အချက်များ

  • ဝမ်းဗိုက်ပြင်အား နှိပ်ခြင်း၊ နယ်ခြင်း လုံးဝမပြုလုပ်ရ။
  • လူနာ၏ရောဂါအခြေအနေကို အတိအကျမသိဘဲ ဆေးတိုက်ခြင်းမပြုလုပ်ရ။
  • ဆေးရုံပို့ရမည့်လူနာကို ရေ၊ အစားအစာ တိုက်ကျွေးခြင်း မပြုလုပ်ရ။
  • ရေနွေးအိတ်တင်ခြင်း၊ ဝမ်းနှုတ်ဆေးကျွေးခြင်း မပြုလုပ်ရ။

ပြုစုနည်း

  • လူနာကိုလဲလျောင်းပြီး မည်သည့်အစားအစာ၊ ရေမှ မတိုက်ကျွေးရ။
  • ပက်လက်အနေအထားဖြင့် ဒူးကိုကွေး၍ ထောင်ထားစေပြီး သက်သာသောအနေအထားတွင်ထားပါ လူနာ၏ သွေးခုန်နှုန်း၊ အသက်ရှူနှုန်းများ မှတ်ထားပါသည်။
  • ဆေးရုံ၊ ဆေးခန်းသို့ပို့လျှင် အန်ဖတ်များကို ဆရာဝန်/ဆရာမများထံပြသပါ။

ကြွက်တက်ခြင်း

ဖြစ်စေသောအကြောင်းအရင်းများ                                                                                          

  • ကြွက်သားများပြင်းထန်စွာ အလုပ်လုပ်ရခြင်း၊ တာဝေးလမ်းလျှောက်ခြင်း၊ ရေကူးခြင်း။
  • ကိုယ်ဝန်ဆောင်မိခင်နှင့် အိမ်ရှင်မများ အာဟာရဓာတ် လျော့နည်းသည့်အခါတွင် ဖြစ်တတ်ခြင်း။
  • ဝမ်းဖောဝမ်းလျောသည့်အခါတွင် ခန္ဓာကိုယ်တွင်းရှိ ရေနှင့် ဓာတ်ဆားလျော့နည်း ခန်းခြောက်သည့် အခါတွင် ဖြစ်ပေါ်တတ်ခြင်း။
  • နေပူထဲတွင် ပင်ပန်းကြီးစွာ အလုပ်လုပ်ရသည့်အတွက် ချွေးထွက်လွန်ခြင်းတို့ကြောင့် ဖြစ်စေတတ် ပါသည်။

ပြုစုခြင်း

  • လူနာကို လဲလျောင်းထားပါ။
  • ကြွက်တက်သော အစိတ်အပိုင်းကို လက်ဖြင့်ဆုပ်နယ်ပေးပါ။
  • အပြေးသမားများ ကြွက်တက်ခြင်းဖြစ်ပါက လင်နမင်နှင့်ပရုပ်ဆီ မလိမ်းသင့်ပါ။
  • ရေ (သို့) ရေခဲကို အိတ်/ပလတ်စတစ်အိတ်အတွင်းထည့်၍ ကြွက်တက်သည့် အစိတ်အပိုင်းကို ကပ်ပေးပါ။
  • လူနာကို အနားပေးပါ။ လိုအပ်ပါက ဆေးရုံပို့ပါ။

နှလုံးသွေးကြောပိတ်ရောဂါ

နှလုံးကြွက်သားများ သွေးရရှိမှုနည်းပါးခြင်းနှင့် သွေးလှည့်ပတ်မှုရပ်ဆိုင်း၍ နှလုံးကြွက်သားများ ပျက်စီး ခြင်းကြောင့် နှလုံးသွေးကြောများပိတ်ဆို့ပြီး နှလုံးခုန်ရပ်သွားသည်အထိ ဖြစ်နိုင်သည်။

လက္ခဏာများ

  • ရင်ခေါင်းအလယ်တည့်တည့်တွင် မိနစ်အနည်းငယ်ကြာဖိညှစ်သော နာကျင်ခံစားမှုဖြစ်မည်။ယင်းနာကျင်မှုသည် ပေါ်လာလိုက် ပျောက်သွားလိုက်ဖြစ်မည်။
  • နာကျင်မှုသည် ပခုံး၊ လည်ပင်း၊ လက်သို့ ပြန့်သွားမည်။
  • မူးဝေအော့အန်ချင်မည်။ ချွေးစေးပြန်မည်။
  • အသက်ရှူတိုတောင်းမည်။

ပြုစုနည်း

  • ဆေးရုံနှလုံးရောဂါဌာနသို့ ပို့ဆောင်ပါ။
  • လူနာသက်သာသော အနေအထားတွင်ထားပါ။ အဝတ်အစားများလျှော့ပေးပါ။
  • လူနာသုံးစွဲနေကျ နှလုံးဆေးသောက်နိုင်ရန် ကူညီပေးပါ။

ရေးသားသူ-ဒေါက်တာမှူးခင်

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

20/09/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အပူလောင်ခြင်း အမျိုးအစားအချို့နှင့် ပြုစုနည်းများ

အဖြစ်များသောအရေးပေါ်အခြေအနေများ(၁)


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement