လူတိုင်း တစ်သက်မှာ အနည်းဆုံးတစ်ခါတော့ ပါးစပ်ထဲအနာပေါက် နိုင်ပါတယ်။ သူ့ကို mouth ulcer လို့လည်းခေါ်တယ်ဗျ။ ပါးစပ်ထဲမှာ ပေါက်တတ်တဲ့ အဖြူရောင် အနာကွက်လေးတွေပေါ့။ ထမင်းစားတာ၊ ရေသောက်တဲ့အချိန်ဆို အရမ်းကို နာပါတယ်။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
လူတိုင်း တစ်သက်မှာ အနည်းဆုံးတစ်ခါတော့ ပါးစပ်ထဲအနာပေါက် နိုင်ပါတယ်။ သူ့ကို mouth ulcer လို့လည်းခေါ်တယ်ဗျ။ ပါးစပ်ထဲမှာ ပေါက်တတ်တဲ့ အဖြူရောင် အနာကွက်လေးတွေပေါ့။ ထမင်းစားတာ၊ ရေသောက်တဲ့အချိန်ဆို အရမ်းကို နာပါတယ်။
တစ်ခါတစ်လေ ဘာမှမစားဘဲနေရင်တောင် မခံမရပ်နိုင်အောင် နာတတ်တယ်နော်။ ရာသီမရွေး၊ ကျား၊ မ မရွေး ဖြစ်တတ်ပြီး အဓိကဖြစ်ရတဲ့အကြောင်းရင်းကတော့ သွားတိုက်တဲ့အချိန်မှာ သွားဖုံးနဲ့ သွားတိုက်တံ ခြစ်မိတာ၊ သွားဖုံးကို သွားနဲ့ကိုက်မိတာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အရမ်းကြီးတော့ စိတ်ပူဖို့မလိုပါဘူး။ ဒီအနာက ဘာဆေးမှမသောက်ရင်တောင် တစ်ပတ်ကနေ နှစ်ပတ်အတွင်းမှာ သူ့အလိုလို ပျောက်သွားနိုင်ပါတယ်။
တစ်ခါတစ်လေကျလည်း အကြောင်းမရှိဘဲ စိတ်ဖိစီးမှုများတာ၊ ဗီတာမင် ဘီ ချို့တဲ့တာတွေကြောင့် ပါးစပ်မှာ အဖြူရောင်အနာကွက် ပေါက်တတ်ပါတယ်။ သွားဖုံးမှာသာမက လျှာဘေး၊ အာသီး၊ လည်ချောင်းတွေမှာ ပေါက်နိုင်တဲ့အတွက် ကိုယ့်အတွက် အစာစားရခက်တာကြောင့် ဆေးထည့်ဖို့ လက်လှမ်းမမီဘူးဆိုရင်တော့ သွားဆရာဝန်နဲ့ ပြကြည့်တာ အကောင်းဆုံးပါပဲ။ မကြာခဏ ulcer ပေါက်တတ်တယ်ဆိုရင်လည်း ဗီတာမင်ချို့တဲ့ခြင်း၊ တခြားကျန်းမာရေးပြဿနာတွေ ရှိ၊ မရှိကို သေချာစစ်ဆေးကြည့်သင့်ပါတယ်။
ဘယ်လိုအကြောင်းကြောင့်ပဲ ပါးစပ်ထဲအနာပေါက် ပေါက် အလွယ်တကူပျောက်အောင် ကုသလို့ရတဲ့ နည်းလမ်းတွေ ရှိပါတယ်။
၁။ သွားတိုက်ပြီးတဲ့အခါ ဆားငန်ရည်နဲ့ လည်ချောင်းထိရောက်အောင် ပလုတ်ကျင်းပါ။
၂။ ulcer မပျောက်မချင်း အပူ၊ အစပ်၊ အကြော်အလှော် လုံးဝရှောင်ပါ။
၃။ သွားကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ် မှန်မှန်တိုက်ပါ။
၄။ ရေများများသောက်ပါ။
၅။ ဟင်းသီးဟင်းရွက်၊ အသီးအနှံများများစားပေးပါ။
၆။ နာကျင်ကိုက်ခဲမှုကို သက်သာစေပြီး အရောင်ကျစေမယ့် လိမ်းဆေးတစ်ခုခု လိမ်းပါ။ ဆေးဆိုင်တွေမှာ အလွယ်တကူမေးဝယ်လို့ရပါတယ်။
၇။ ကိုယ့်အတွက် လက်လှမ်းမမီတဲ့ နေရာ ဥပမာ – အာသီး၊ လည်ချောင်းဘေးမှာ အနာပေါက်နေတာ၊ အနာကွက် အရမ်းကြီးလွန်းနေရင်တော့ ဆရာဝန်နဲ့ သေချာပြပါ။
Ulcer လို့ခေါ်တဲ့ အနာကွက်တွေဟာ ပုံမှန်ကျန်းမာရေးပြဿနာမရှိရင်တောင် ဖြစ်တတ်တဲ့အတွက် သိပ်ပြီးစိုးရိမ်ဖို့တော့ မလိုပါဘူး။ အမြဲလိုလို ဒီလိုအနာပေါက်နေတယ်ဆိုရင်တော့ ကိုယ့်ကျန်းမာရေးအခြေအနေ ချို့ယွင်းနေလားဆိုတာ စစ်ဆေးကြည့်သင့်ပါတယ်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ဆက်စပ် အကြောင်းအရာများ
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။