ခွေးရူးပြန်ရောဂါ ရှိနေပြီဆိုတာ သိနိုင်တဲ့ လက္ခဏာတွေကတော့
- အပြင်းဖျားနာခြင်း
- ခေါင်းမူးခေါင်းကိုက်ခြင်း
- ကိုယ်လက်မအီမသာဖြစ်ခြင်း
- မူးဝေအော့အန်ခြင်း
- စိုးရိမ်ပူပန်ခြင်း
- စိတ်ရှုပ်ထွေးခြင်း
- အာရုံစူးစိုက်မရခြင်း
- အသိစိတ် လွတ်ခြင်း
- တက်ကြွလွန်းခြင်း
- အစာမြိုချရ ခက်ခဲခြင်း
- ပါးစပ်မှ သွားရည်များ အမြဲစီးကျနေခြင်း
- ရေသောက်ဖို့ ခက်ခဲခြင်း၊ ရေမြင်ရင် ကြောက်လန့်စိတ် ဖြစ်ခြင်း
- စိတ်ကယောင်ခြောက်ခြား ဖြစ်ခြင်း
- အိပ်မပျော်ဖြစ်ခြင်း
- ကိုယ်လက်အင်္ဂါ အကြောသေခြင်း၊ လေဖြတ်ခြင်း ပဲ ဖြစ်ပါတယ်။
ဘယ်လိုအချိန်မှာ ဆရာဝန်နဲ့ ပြသသင့်လဲ။
ကိုယ်နဲ့ မသိတဲ့ တိရစ္ဆာန်တစ်ကောင်ကောင်ရဲ့ အကိုက်ခံရတာနဲ့ ၂၄ နာရီအတွင်း စောနိုင်သလောက် စောစောသွားပြနိုင်ရင် အကောင်းဆုံးပါပဲ။ အထူးသဖြင့် ကာကွယ်ဆေးထိုးထားတဲ့ အိမ်မွေးတိရစ္ဆာန်မဟုတ်ဘဲ တခြား အလေအလွင့်တိရစ္ဆာန်တွေ ကိုက်တာ၊ ကုတ်တာခံရရင်လည်း အမြန်ဆုံး ပြသပြီး ကုသမှု ခံယူသင့်ပါတယ်။
ကိုယ့်ဒဏ်ရာရဲ့ အခြေအနေကို လေ့လာပြီး ဆရာဝန်က ညွှန်ကြားထားတဲ့ ဆေးအညွှန်းအတိုင်း သေချာလိုက်နာဖို့၊ ကာကွယ်ဆေးကို ရက်ချိန်းအတိုင်း မပျက်မကွက် မှန်မှန်ထိုးပေးဖို့ အလွန်အရေးကြီးပါတယ်။
ခွေးရူးပြန်ရောဂါ မကူးစက်ခံရစေဖို့ ဘယ်လိုကာကွယ်မလဲ။
ခွေးရူးပြန်ရောဂါဆိုတာ ကုရာနတ္ထိ ဆေးမရှိပေမဲ့ အချိန်မီ ကာကွယ်လို့ ရတဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။
၁။ ကိုယ့်အိမ်မှာ မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေကို ခွေးရူးပြန်ကာကွယ်ဆေး ပုံမှန်ထိုးပေးရပါမယ်။ ကာကွယ်ဆေးထိုးထားတဲ့အခါမှာ တိရစ္ဆာန်လေးတွေမှာလည်း ဗိုင်းရပ်စ်ပိုး မကူးစက်ခံရနိုင်သလို လူတွေအတွက်လည်း အန္တရာယ်ကင်းရှင်းပါတယ်။
၂။ အိမ်မွေးတိရစ္ဆာန်တွေကို အပြင်မထုတ်ထားပါနဲ့။ အထူးသဖြင့် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အလေအလွင့် တိရစ္ဆာန်တွေ အလွန်များတဲ့အပြင် စနစ်တကျ ကာကွယ်ဆေးထိုးထားတာမျိုးလည်း မရှိတဲ့အတွက် ကိုယ့်ရဲ့ အိမ်မွေးတိရစ္ဆာန်တွေ အကိုက်ခံရကနေ ကူးစက်နိုင်ပါတယ်။
၃။ ကိုယ့်အိမ်ပတ်ဝန်းကျင်မှာ အလေအလွင့်ခွေးတွေ အရမ်းများနေရင် သက်ဆိုင်ရာကို အကြောင်းကြားပြီး ကာကွယ်ဆေး ထိုးပေးဖို့နဲ့ စောင့်ရှောက်ရေး ဂေဟာတစ်ခုခုရှာဖို့ ဝိုင်းဝန်းကူညီပေးပါ။
၄။ မဖြစ်ခင် ကြိုတင်ကာကွယ် ဆိုသလို ကိုယ်တိုင်လည်း ခွေးရူးပြန်ကာကွယ်ဆေး ပုံမှန်ထိုးပေးဖို့ လိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကြိုတင်ကာကွယ်ထားတဲ့အခါ ကိုယ့်အတွက်လည်း အသက်အန္တရာယ်ကနေ ကင်းရှင်းနိုင်တာပေါ့။
၅။ အလေအလွင့် တိရစ္ဆာန်တွေကို စနောက်တာမျိုး မလုပ်ပါနဲ့။ ပုံမှန်အားဖြင့် တိရစ္ဆာန်တွေဟာ လူတွေကို လန့်ကောင်းလန့်နေနိုင်ပေမယ့် ရောဂါပိုးရှိနေတဲ့ တိရစ္ဆာန်တွေဆိုရင် ပြန်ပြီး ရန်လိုကာ ကိုက်တတ်ပါတယ်။
၆။ ကလေးငယ်တွေကို အပြင်ခေါ်သွားတဲ့အခါ လူကြီးတစ်ယောက်က အမြဲဘေးနားမှာ ရှိပေးပါ။
၇။ ခရီးသွားတော့မယ်ဆိုရင် ခွေးရူးပြန်ကာကွယ်ဆေး ကြိုတင်ထိုးသွားပါ။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။