လူ့ခန္ဓါကိုယ်မှာ အစိတ်အပိုင်းအားလုံးကမရှိမဖြစ် အရေးပါ ပါတယ်။ ဒါ့ကြောင့် ခန္ဓါကိုယ်အစိတ်အပိုင်းတစ်ခုခုမှာ ထိမိခိုက်မိ ဒဏ်ရာအသေးစားလေးဖြစ်နေရုံနဲ့ အဆင်မပြေဖြစ်တတ်ပါတယ်။ ဥပမာ အလုပ်မှာ ကွန်ပျူတာအမြဲသုံးနေရသူတွေ လက်ချောင်းမှာ ဓါးရှထားရင်၊ ထိခိုက်ထားရင် စာရိုက်ရခက်တာမျိုး၊ သွားလာရတာများတဲ့ အလုပ်လုပ်သူတွေခြေထောက်မှာကွဲရှအနာဖြစ်ထားရင် အလုပ်မတွင်တာမျိုးပါ။