backup og meta

ရေနစ်သူကို အရေးပေါ်ရှေးဦးသူနာပြုစုခြင်း


Yun Sandi Nan Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရေနစ်သူကို အရေးပေါ်ရှေးဦးသူနာပြုစုခြင်း

    မိသားစုလိုက်ဖြစ်ဖြစ် လူငယ်တွေချည်းဖြစ်ဖြစ် ရေလမ်းခရီးသွားတဲ့အခါ၊ ရေကူးကြတဲ့အခါရေနစ်မယ့်အန္တရာယ်သတိထားဖို့အရေးကြီးပါတယ်။ရေမကူးတတ်တဲ့သူမှရေနစ်နိုင်တာမဟုတ်ပါဘူး။ ဘယ်သူပဲဖြစ်ဖြစ်ရေနစ်နိုင်တဲ့အန္တရာယ်ရှိနိုင်သလို ရေနစ်နိုင်တဲ့အကြောင်းရင်းတွေက အများကြီးရှိနိုင်ပါတယ်။ ဥပမာ –

  • မတော်တဆရေထဲပြုတ်ကျတာ၊
  • ကမ်းစပ်မှာရေဆော့ရင်း နစ်တာ၊
  • လှေ သို့မဟုတ် သင်္ဘောမှောက်တာ၊
  • ရေကူးနေရင်းခြေထောက်ကြွက်တက်တာ၊
  • အရက်မူးနေချိန်ရေကူးတာ စသည်ဖြင့်ဖြစ်ပါတယ်။
  • ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်မျက်စိရှေ့မှာရေနစ်နေတာ၊ အသက်အန္တရာယ်ကြုံနေတာတွေ့ရရင် မကယ်ဘဲမနေနိုင်လောက်ပါဘူး။ ဒါပေမယ့် ဘယ်လိုကယ်မလဲ။ရေထဲဆင်းပြီး ကြိုးစားပမ်းစားကယ်ဆယ်လာခဲ့ရုံနဲ့ မလုံလောက်ပါဘူး။ ဒါ့ကြောင့် ရေနစ်သူကို အရေးပေါ်ဘယ်လိုကယ်မလဲဆိုတာ သိထားသင့်ပါတယ်။

    အသက်ရှူနေသေးလား အရင်စစ်ဆေးပါ

    အသက်မရှူတော့ဘူးဆိုရင် သွေးခုန်နှုန်းကို စမ်းကြည့်ပါ

    • လူနာရဲ့သွေးခုန်နှုန်းကို လက်ကောက်ဝတ်ကနေ ၁၀ စက္ကန့်လောက် စမ်းသပ်စစ်ဆေးပါ။

    သွေးခုန်နှုန်း စမ်းမရရင် CPR နဲ့ကယ်ပါ

  • လူနာကို အရင်ဆုံး ညီညာတဲ့ကြမ်းပြင်ပေါ် ပက်လက်ထားပါ။
  • လူနာရဲ့ရင်ဘတ်အလယ်တည့်တည့် လက်ဖနောင့်တစ်ဖက်ကိုထားပြီး ကျန်လက်တစ်ဖက်က အပေါ်ကအုပ်ကိုင်ပြီး ဖိပါ။
  • လက်နှစ်ဘက်ကို ဆန့်ဆန့်ထား၊ လက်ဖနောင့်အားသုံးပြီး လက်နှစ်ဘက်ပေါ်မှာ ဝိတ်နဲ့အားသုံးပြီး သက်ရောက်စေရပါမယ်။
  • တစ်ခါဖိရင် လူနာရဲ့ရင်ဘတ် နှစ်လက်မခန့် နိမ့်ဝင်အောင် ဖိသင့်ပြီး တစ်မိနစ်ကို အကြိမ် ၁၀၀နှုန်းနဲ့လုပ်ရမည်။
  • အသက်ရှူလာပြီလား တစ်ချက်စစ်ဆေးပါ။
  • အကြိမ် ၃၀မြောက်ဖိပြီးချိန်မှာ လူနာရဲ့ခေါင်းကိုနည်းနည်းမော့စေပြီးမေးစေ့ကိုနည်းနည်းပင့်ပေးတဲ့နည်းနဲ့လေလမ်းကြောင်းကို ဖွင့်ပေးပါ။
  • အသက်ရှူမလာသေးရင် ပါးစပ်တေ့ပြီးလေမှုတ်သွင်းတဲ့နည်းနဲ့ အသက်ကယ်နိုင်ပါတယ်။
  • လူနာရဲ့နှာခေါင်းကိုပိတ်ပါ၊ ပုံမှန်အတိုင်းအသက်ရှူသွင်းပြီး လူနာရဲ့ပါးစပ်မှာ သင့်ပါးစပ်နဲ့လုံအောင်တေ့ပြီးလေမှုတ်သွင်းပါ။ တစ်စက္ကန့်လောက်သာကြာမည့်လေမှုတ်သွင်းချိန်အတွင်း လူနာရဲ့ရင်ဘတ်မြင့်တက်လာမလာကို ကြည့်ပါ။မြင့်တက်လာရင် ဒုတိယတစ်ကြိမ် ထပ်မှုတ်သွင်းပါ။မြင့်တက်မလာရင်လေလမ်းကြောင်းကောင်းမွန်စွာပွင့်မပွင့်ပြန်စစ်ဆေးပါ။ မပွင့်ရင်ခေါင်းစောင်းခြင်း၊ မေးစေ့တွန်းတင်ခြင်းပြန်လုပ်ပြီး နောက်တစ်ကြိမ် လေမှုတ်သွင်းပါ။ အသက်ရှုတဲ့ စက်ဝန်းတစ်ပတ်မှာ ရင်ဘတ်ဖိခြင်းအကြိမ် ၃၀ နှင့် လေမှုတ်သွင်းခြင်း ၂ ကြိမ်ပါဝင်ပါတယ်။ ပြီးမှ သွေးလည်ပတ်မှုအတွက်ရင်ဘတ်ဖိခြင်း ပြန်လုပ်သင့်ပါတယ်။
  • CPRတစ်ခါလုပ်ရင် နှစ်မိနစ်ခန့် လုပ်သင့်ပြီး လူနာ၏အခြေအနေကို

    ပြန်လည်ဆန်းစစ်ပေးရပါမယ်။

  • လူနာပြန်သတိမရမချင်း (သို့)လူနာတင်ယာဉ်မလာမချင်းဆက်လုပ်ပေးရပါမယ်။
  • Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement