backup og meta

ဦးခေါင်းထိခိုက်ခြင်း အရေးပေါ် ဘာတွေလုပ်သင့်လဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Kaung Thar မှ ရေးသားသည်။ · 26/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဦးခေါင်းထိခိုက်ခြင်း အရေးပေါ် ဘာတွေလုပ်သင့်လဲ

    ဦးခေါင်းထိခိုက်မှုတော်တော်များများဟာ အထူးစောင့်ကြည်ဖို့ သို့မဟုတ် အရေးပေါ်ဆေးရုံတင်ဖို့လိုအပ်လောက်တဲ့ အထိ မပြင်းထန်တတ်ကြပါဘူး။ သို့ပေမယ့် သိပ်မပြင်းထန်တဲ့ဦးခေါင်းထိခိုက်မှုတွေကနေတောင် နာတာရှည်ခေါင်းကိုက်ခြင်းတွေ သို့မဟုတ် အာရုံစူးစိုက်မှုခဲယဉ်းတာတွေအထိ ဖြစ်လာနိုင်ပြီး လုံးဝပုံမှန်အနေအထားအကောင်းပကတိပြန်ဖြစ်နိုင်ဖို့ အချိန်အတော်အတန်ကြာ အနားယူဖို့လိုအပ်နိုင်သေးပါတယ်။

    ဦးခေါင်းထိခိုက်ထားပြီး အောက်ပါ ရောဂါလက္ခဏာတွေပြလာပြီဆိုရင် အန္တရာယ်ရှိနိုင်တဲ့အတွက်ကြောင့် အရေးပေါ်ဌာနသို့ဖုန်းဆက်ခြင်း သို့မဟုတ် ဆေးရုံကားခေါ်ခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။

    လူကြီး

    • ခေါင်း သို့ မျက်နာတွင် အလွန်အမင်းသွေးထွက်နေခြင်း
    • နှာခေါင်းပေါက် သို့ နားပေါက်များမှ သွေးများ သို့ အရည်များ ယိုစီးကျနေခြင်း
    • ဆိုးရွားစွာ ခေါင်းကိုက်ခြင်း
    • စက္ကန့်အနည်းငယ်ထက်မနည်း သတိလွတ်ခြင်း
    • မျက်စိအောက် သို့ နားအနောက်ဘက်ခြမ်းမှာ မည်းလိုက်၊ပြာလိုက်နဲ့ အရောင်ပြောင်းခြင်း
    • အသက်ရှူရပ်တန့်သွားခြင်း
    • စိတ်ရှုပ်ထွေးခြင်း
    • ဟန်ချက်မထိန်းနိုင်ခြင်း
    • လက်တစ်ဖက် သို့ ခြေတစ်ဖက် အားနည်းခြင်း သို့ လှုပ်မရခြင်း
    • မျက်စိသူငယ်အိမ်အရွယ်အစားမညီခြင်း
    • ပလုံးပထွေးပြောဆိုနေခြင်း
    • တက်ခြင်း

    ကလေး

  • လူကြီးမှာပြသော အထက်ပါလက္ခဏာများအပြင်
  • အငိုမရပ်ခြင်း
  • အစာစားဖို့ ငြင်းဆန်ခြင်း
  • ငယ်ထိပ်ဖောင်းလာခြင်း
  • ခဏခဏအန်နေခြင်း
  • အကယ်၍ ခေါင်းထိခိုက်မှု ကြီးကြီးမားမားဖြစ်လာပြီဆိုလျှင်

    • လူနာကိုငြိမ်အောင်ထိန်းထားပါ။ ။ အရေးပေါ်ကားမလာခင် သို့ ဆေးကုသမှုမခံယူသေးမီအချိန်မှာ ခေါင်းဒဏ်ရာရထားသူအား လဲလျောင်းပေးပြီး ဦးခေါင်းနှင့် ပုခုံးအားအနည်းငယ်မြှင့်ထားပေးခြင်းဖြင့် အတတ်နိုင်ဆုံး ငြိမ်သက်အောင်ထားပါ။ လူနာကို မလိုအပ်ဘဲ မရွှေ့ပါနဲ့။ အထူးသဖြင့် လူနာရဲ့ လည်ပင်းကို မရွှေ့ပါနဲ့။ လူနာက ဦးခေါင်းအကာအကွယ် (ဆိုင်ကယ်ဦးထုပ် ) ဆောင်းထားတယ်ဆိုရင် မချွတ်ပါနဲ့။
    • ထွက်နေတဲ့ သွေးမှန်သမျှ တိတ်အောင်လုပ်ပေးပါ။ ။ ပိုးသတ်ထားတဲ့ ဂွမ်း၊ သို့ အဝတ်သန့်တစ်ခုနဲ့ ဒဏ်ရာနေရာကို တင်းတင်းကြပ်ကြပ်ဖိထားပေးပါ။ သို့သော် ဦးခေါင်ခွံကွဲသွားတယ်လို့ သံသရာရှိရင်တော့ ဒဏ်ရာတည့်တည့်ကို တိုက်ရိုက်မဖိထားပါနဲ့။
    • အသက်ရှူတဲ့ ပုံစံနဲ့ သတိရှိမှုကို စောင့်ကြည့်နေပါ။ ။ အကယ်၍ လူနာက အသက်မရှူတော့ဘူး၊ နှလုံးမခုန်တော့ဘူးဆိုရင်တော့ အရေးပေါ်အသက်ကယ်ခြင်း (CPR) စလုပ်လိုက်ပါတော့။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Kaung Thar မှ ရေးသားသည်။ · 26/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement